စစ်မှန်သော စားသောက်ဆိုင်လုပ်ငန်း အောင်မြင်မှုသည် ဆိုင်ခွဲများစွာ ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ ဘာကြောင့်လဲဆိုရင် စားသောက်ဆိုင်မျိုးများအနေဖြင့် ဧည့်သည်ဈေးကွက်များများ ရချင်တယ်ဆိုရင် တစ်နေရာတည်းမှာ ထိုင်နေလို့ မရပါဘူး။ ဧည့်သည် ရှိတဲ့နေရာကို သွားရောက်နိုင်ပြီး ဆိုင်သေးသေး ဆိုင်ကြီးကြီး ဖွင်နိုင်ရမှာ ဖြစ်ပါသည်။
✅ဒါကြောင့် ဒီနေ့အောင်မြင်နေတဲ့ ဆိုင်ရှင်ကြီးတွေက သူတို့ဆိုင်ခွဲတွေကို နိုင်ငံအနှံ့ ဖွင့်ကြတာပါ။ ဒါတင်မကဘူး.. တတ်နိုင်သူများဆိုရင် စင်ကာပူ၊ ထိုင်း၊ မေဒိကန် များအထိပင် သွားရောက် ဆိုင်ဖွင့်ကြတာပါ။
✅ထူးခြားတာ ရှိပါတယ်။ အဲ့ဒါကတော့ သူတို့ ဆိုင်ခွဲအောင်မြင်တယ်ဆိုရင် နောက်ထပ်နောက်ထပ် ဆိုင်ခွဲတွေ မရပ်နိုင်ကြတော့ပါဘူး။
✅အဲ့ဒါ ဘာကြောင့်လဲဆိုရင် ဆိုင်ခွဲဖွင့်ခြင်းက တစ်ဆိုင်ထဲဆိုင်ထက် အားသာချက်များစွာ ရှိနေလို့ပါ။
ဆိုင်အမည် မှတ်မိစေခြင်း၊
သင့်ကို ကျောက်တံတားမှာ တွေ့တယ်၊ လသာမှာ တွေ့တယ်၊ ဧည့်သည် မျက်စိရှေ့မှာ၊ ဧည့်သည် ပါးစပ်ဖျားမှာ၊ ဒါတွေက Brand Recognition Auto လုပ်ပေးနေတာပါ။
အစစအရာရာသက်သာခြင်း၊
ကုန်ကြမ်းများ စုပေါင်း ဝယ်ယူမယ်.. ဒါဆိုရင် လက်ကားဈေးနဲ့ ရရှိမှာ ဖြစ်ပါတယ်။ အဆိုပါ ကုန်ကြမ်းတွေကို စုပေါင်းပြင်ဆင် (pre-cook) မယ်။ ဒါဆိုရင် လူအင်အား၊ အချိန်၊ လျှပ်စစ်မီး အစစအရာရာ ချွေတာနိုင်မှာပါ။ နောက်ဆုံး ဝန်ထမ်းအင်တာဗျူးတောင် တခါတည်း စုစုစည်းစည်းလုပ်နိုင်မှာ ဖြစ်လို့ Economies of Scale အစစအရာရာ သက်သာစေမှာ ဖြစ်ပါတယ်။
အော်ပရေးရှင်းထိရောက်မှုရှိခြင်း၊
ကုန်ကြမ်းဝယ်ယူရာတွင်လည်း စုပေါင်းဝယ်ယူမယ်.. အချိန်၊ ငွေ၊ လူအင်အား၊ စီမံခန့်ခွဲမှု အားလုံး သက်သာမယ်။ စုပေါင်း pre-cook မယ်။ ထို့အတူပါပဲ။ ဒါကြောင့် လုပ်ငန်းဆောင်တာ အော်ပရေးရှင်းပိုင်းမှာ နည်းနည်းလုပ် များများအကျိုးရှိ Operational Efficiency မြင့်မားနေမှာ ဖြစ်ပါတယ်။
အန္တရာယ်ပြေလျှော့စေခြင်း၊
တစ်ဆိုင်ထဲ ရွှေကွပ်ပြီး ဆိုင်ဖွင့်နေခြင်းက ကြက်ဥအားလုံးကို အိတ်ထဲ စုထည့်ထားသလို ဖြစ်ပါတယ်။ ဆိုင်ခွဲများစွာ နေရာများစွာမှာ ဖွင့်ထားတယ်ဆိုရင် အကယ်လို့ တစ်ဆိုင်ဆိုင် under performance၊ အရှုံးပြတယ်ဆိုရင် တခြားမြို့နယ်က ဆိုင်များက Carry On သွားမှာ ဖြစ်ပါတယ်။
တခြားလုပ်ငန်းများပါပရိုမုတ်နိုင်ခြင်း၊
စားသောက်ဆိုင်မှ မဟုတ်ပါဘူး၊ နှောင်အခါ သင့်ဆိုင်က တခြားကုန်ပစ္စည်များ ထုတ်လုပ်မယ်ဆိုရင်လည်း သင့်ဆိုင်ဘရမ်းက သိနှင့်နေပြီဖြစ်လို့ တခြားလုပ်ငန်းများကိုပါ ပရိုမုတ် ဖြစ်စေနိုင်ပါသည်။ သင့်အဆိုပါ ထုတ်ကုန်/ဝန်ဆောင်မှုအတွက် အမာခံ ကာစန်မာများပင် ရရှိနေမှာပါ။
ဧည့်သည်ပိုမိုရရှိစေခြင်း၊
အကယ်လို့ သင့်ဆိုင်ကို တနေရာထဲမှာ ဖွင့်ထားရင် အဲ့ဒီ အနီးဝန်းကျင်ကပဲ (ယေဘုယျ) အားပေးကြမှာပါ။ အကယ်လို့ သင့်ဆိုင်ကို လူစည်ကားရာ နေရာများစွာတွင် ဖွင့်ထားနိုင်ရင် အဲ့ဒီက သင့်ဆိုင်ကို ဧည့်သည်များစွာ ရရှိစေနိုင်မှာပါ။
ဝင်ငွေတည်ငြိမ်စေခြင်း၊
အကယ်လို့ တစ်ဆိုင်၊ (သို့) လုပ်ငန်းတစ်ခု under performance ဖြစ်တယ်ဆိုရင် ကျန်တဲ့ ဆိုင် (သို့) ကျန်တဲ့ လုပ်ငန်းက Carry On သွားမယ့် သဘော ဖြစ်ပါသည်။
ကူးယူအသုံးပြုနိုင်ခြင်း၊
ဆိုင်တစ်ဆိုင်ဖွင့်ဖို့ မျက်နှာကျက် မှအစ နောက်ဆုံး စားပွဲခင်း အရောင်အထိ စဉ်းစားရပါတယ်။ အကယ်လို့ သင့်အနေနဲ့ multi restaurant ဆိုရင် theme အတူတူ ဖြစ်တာကြောင့် လွယ်လွယ်ကူးယူ အသုံးပြုလိုက်ရုံပါပဲ။
ညှိနှိုင်းမှုအင်အားတိုးစေခြင်း၊
သင့်အနေဖြင့် ဘာပဲဝယ်ဝယ်၊ ဘယ်ပဲ ငှားငှား၊ ဘယ် ဝန်ဆောင်မှုပဲသုံးသုံး သင့်မှာ၊ ကုန်ပို့သူ၊ ပစ္စည်းငှားသူ၊ ဝန်ဆောင်မှုပေးသူတို့နှင့် ညှိနှိုင်းဆွေးနွေးမှုမှာ သင့်ဆိုင်ခွဲများစွာက အင်အားကြီးအဖြစ် ရှိနေမှာပါ။
ဧည့်သည်သစ္စာရှိမှုတိုးစေခြင်း၊
ဥပမာ သင့်ဆိုင်က မြို့နယ် ၅မျိုးနယ်မှာ ရှိမယ်။ သင့်ဆိုင်ဧည့်သည်တွေကို Member card ပေးထားမယ်။ ဒါဆိုရင် သူတို့ ဘယ်မြို့နယ်ပဲရောက်ရောက် သင့်ဆိုင်ကို ဦးစားပေးတော့မှာပါ။
စီမံခန့်ခွဲမှုအားကောင်းခြင်း နှင့် ဆုံးဖြတ်ချက်များမှန်ကန်ခြင်း၊
ဆိုင်တစ်ဆိုင်ထဲက ထက်စာရင် ဆိုင်ခွဲများစွာ ရှိခြင်း သင့်ကို ဆိုင်စီမံခန့်ခွဲဖို့ အကူအညီဖြစ်စေတဲ့ အချက်အလက် Data Insight များစုဆောင်းရာတွင် ပိုမိုအကူအညီဖြစ်စေနိုင်ပါသည်။ တနည်းပြောရရင် သင့်အနေဖြင့် ဆိုင်တွေမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ဆိုင်တစ်ဆိုင်ထဲကို ကြည့်ခြင်းထက် ပိုသိမြင်စေမှာ ဖြစ်ပါသည်။ ဒါက သင့်ကို ခြေတစ်လှမ်းသာစေမှာ ဖြစ်ပါသည်။
မြန်မီနူးအကြံပြုချက်
🏁 ဆိုင်ခွဲဖွင့်နိုင်ခြင်းက သင့်ဆိုင်ကို ပြိုင်ဘက်ဆိုင်များအကြား၊ ဧည့်သည်များအကြား၊ ကုန်ပို့သူများအကြား၊ နောက်ဆုံး သင့်ဆိုင်ဝန်ထမ်းများအကြားပင် အဘက်ဘက်မှ Leverage ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
🏁 ဒါပေမယ့် သတိပြုစရာ တစ်ချက်တော့ ရှိပါတယ်။ အဲ့ဒါကတော့ တရုတ်စကားပုံဖြစ်တဲ့ "ပန်းအိုးကို အချိန်မတန်ပဲ အိုးခွဲမစိုက်ပါနဲ့။ အချိန်တန်ရင်လည်း အိုးမခွဲပဲ မနေပါနဲ့" ဖြစ်ပါတယ်။
🏁 အကယ်လို့ သင့်အနေနဲ့ Multi Restaurant ဖွင့်ချင်တယ်၊ ဒါပေမယ့် ဘယ်လို စီမံလုပ်ဆောင်ရမလဲ အခက်တွေ့နေတယ်ဆိုရင် မြန်မီနူးကို ဆက်သွယ်လိုက်ပါနော်။