📚ရှယ်ယာရှင်ဆိုင်လုပ်ငန်း ဘယ်လိုထူထောင်ရမလဲ Step By Step (1 to 17)

ရှယ်ယာရှင်များနှင့် ဆိုင်လုပ်ငန်းထူထောင်ခြင်း

ရှယ်ယာရှင်များဖြင့် ဆိုင်လုပ်ငန်းထူထောင်တယ်ဆိုတာ ထူထောင်တတ်ရင် တစ်ဦးတည်းဆိုင်ရှင်ထက်တောင် အားသာချက်များစွာ ရှိပါတယ်။

ဘာကြောင့်လဲဆိုရောင်...

  • တစ်ဦး၏ မပြည့်စုံမှုကို တစ်ဦးက ဖြည့်ဆည်းပေးနိုင်တယ်။
  • တစ်ဦး မအားသည့်အခါ တစ်ဦးက အကူအညီပေးနိုင်တယ်။
  • တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အားဖြည့်ပေးနိုင်တယ်။

ဒါပေမယ့် အခက်အခဲက ဒီလိုရှယ်ယာရှင်တွေကို ဘယ်လိုရှာမလဲ။ ဘယ်လို သဘောတူညီမှု ရယူမလဲ။

အကယ်၍ သင့်မှာ အထက်ပါမေးခွန်းများ ရှိနေတယ်ဆိုရင် အက်မင်တို့၏ အောက်ပါ ရှယ်ယာရှင်လုပ်ငန်းစတင်ခြင်း အဆင့် ၁၇ ဆင့်ကို ဖတ်ရှုဖို့ အကြံပြုအပ်ပါတယ်။


🔥 ၁) အရင်ဆုံး ဦးဆောင်သူတစ်ဦး ရှိရမယ်
ထိုဦးဆောင်သူမှ အောက်ပါအချက်များကို ဦးဆောင်လုပ်ဆောင်ရမှာပါ။

🔥 ၂) ဆိုင်လုပ်ငန်းအကြောင်း ရေးဆွဲပါ
ဘယ်လိုဆိုင်မျိုးလဲ၊ ဆိုင်ကို ဘယ်လိုပြင်ဆင်မလဲ၊ ဘယ်လိုစားဖွယ်တွေ ရောင်းမလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြပါ။

🔥 ၃) ပစ်မှတ်ဧည့်သည်နှင့် ဆိုင်တည်နေရာကို သတ်မှတ်ပါ
ဘယ်နေရာမှာ ဆိုင်ဖွင့်မလဲ၊ ဘယ်လိုဧည့်သည်တွေကို အဓိက ရည်ရွယ်သလဲဆိုတာ ချမှတ်ပါ။

🔥 ၄) ဘဏ္ဍာရေးကို ခန့်မှန်းပါ
မတည်ငွေ၊ အော်ပရေးရှင်းစရိတ်၊ ခန့်မှန်းရောင်းအားနှင့် အမြတ်ငွေတို့ကို ကြိုတင်ခန့်မှန်းပါ။

🔥 ၅) စာအုပ်၊ ဖိုင်တွဲ၊ သို့မဟုတ် ဆလိုက်ရှိုးတစ်ခုခုဖြင့် ပြင်ဆင်ပါ
အထက်ပါ (၂) (၃) (၄) တို့ကို စနစ်တကျ ပြုစုပါ။ ဒါက သင့် Partner များကို ဆွဲဆောင်နိုင်မယ့် အဓိကလက်နက်ပါ။ ထို့နောက် တွဲဖက်လုပ်ဖော်များ စတင်ရှာဖွေနိုင်ပါပြီ။

🔥 ၆) ငွေကြေးသာမက အခြားအရည်အချင်းများပါ တန်ဖိုးထားပါ
ငွေကြေးသည် အဓိကဖြစ်သော်လည်း အခြားနည်းလမ်းဖြင့် ပံ့ပိုးနိုင်သူများကိုလည်း ရှယ်ယာရှင်အဖြစ် ဖိတ်ခေါ်နိုင်ပါတယ်။ ဥပမာ – စားဖိုမှူးလိုအပ်တယ်ဆိုရင် ထိုစားဖိုမှူးကိုပါ Partner ဖြစ်စေနိုင်ပါတယ်။

🔥 ၇) အရင်းအမြစ်များ ပြည့်စုံသည်အထိ Partner များကို ဆက်လက်ရှာဖွေပါ

🔥 ၈) ရှယ်ယာရှင်များအား လုပ်ငန်းအကြောင်း ရှင်းပြပါ
သင် အထက်တွင် ရေးဆွဲထားတဲ့ လုပ်ငန်းအကြောင်းကို သူတို့အား ရှင်းလင်းတင်ပြပါ။

🔥 ၉) သူတို့၏ အမြင်များကို နားထောင်ပြီး ဦးဆောင်ပါ
သူတို့၏ အကြံပြုချက်များကို နားထောင်ပါ။ ထို့နောက် သင့်အမြင်နှင့် ကွဲလွဲမှုမရှိ၊ ပေါင်းစည်းနိုင်သည်အထိ ဦးဆောင်ညှိနှိုင်းပါ။

🔥 ၁၀) သူတို့၏ Contribution များကို အတိအကျ အတည်ပြုပါ

🔥 ၁၁) Contribution နှင့်အညီ ရှယ်ယာအမျိုးအစားနှင့် ရာခိုင်နှုန်းကို သတ်မှတ်ပါ

🔥 ၁၂) General Partner (GP) ရှယ်ယာသတ်မှတ်ခြင်း
ဆိုင်စီမံခန့်ခွဲမှုတွင် ပါဝင်မည့်သူ၊ ဆိုင်ကိစ္စအဝဝကို ဦးဆောင်မည့်သူများကို GP ရှယ်ယာပေးပါ။

🔥 ၁၃) Limited Partner (LP) ရှယ်ယာသတ်မှတ်ခြင်း
ငွေကြေး သို့မဟုတ် အခြားအရာတစ်ခုခု ထည့်ဝင်မည်၊ သို့သော် ဆိုင်အတွက် စီမံခန့်ခွဲမှုတွင် ဦးဆောင်မပါဝင်နိုင်သူကို LP ရှယ်ယာပေးပါ။

🔥 ၁၄) အမြတ်ခွဲဝေမှုအစဉ်
အမြတ်ခွဲဝေရာတွင် LP ရှယ်ယာများကို ဦးစွာ ခွဲဝေပေးပါ။ ထို့နောက်မှသာ GP ရှယ်ယာများကို ခွဲဝေယူရမှာဖြစ်ပါတယ်။

🔥 ၁၅) ရှယ်ယာရှင်များ၏ အဆိုပြုချက်များဖြင့် ကြိုတင်သဘောတူညီမှုစာချွန်လွှာ ရေးဆွဲပါ
အပြည့်အစုံရေးဆွဲနိုင်ရင် အကောင်းဆုံးပါ။ မရနိုင်ရင်လည်း လက်ရှိအရေးကြီးသည့်အချက်များကို ဦးစွာရေးဆွဲပြီး နောက်မှ အဆင့်ဆင့် ဖြည့်စွက်သွားပါ။
ပါဝင်ရမည့်အချက်များ – မည်သူ ဘာအထောက်အပံ့ ပြုလုပ်မည်၊ ရှယ်ယာရှင်တစ်ဦးထွက်ခွာပါက မည်သို့ဆောင်ရွက်မည်၊ လုပ်ငန်း Exit လုပ်သည်အထိ လုပ်ထုံးလုပ်နည်းများ စသည်တို့ ဖြစ်ပါသည်။

🔥 ၁၆) လုပ်ငန်းစတင်ရန် Project Plan (Schedule) ကို စက္ကူပေါ်တွင် အရင်ရေးဆွဲပါ

🔥 ၁၇) Plan အတိုင်း ရှယ်ယာရှင်များ တာဝန်ကျေပွန်စွာ ဆောင်ရွက်ပါ
စက္ကူပေါ်က အစီအစဉ်အတိုင်း အပေးအယူမျှမျှနှင့် အောင်မြင်ပျော်ရွှင်စရာ ရှယ်ယာရှင်ဆိုင်လုပ်ငန်းကြီးကို ဆက်လက် ထူထောင်လုပ်ကိုင်ပါ။


🏁 အက်မင်၏ အကြံပြုချက်
အထက်ပါ အဆင့် ၁၇ ဆင့်ကို Step by Step လိုက်နာလုပ်ဆောင်ပါ။ ထိုအဆင့်များ၏ အဆုံးတွင် ပြီးပြည့်စုံသော ရှယ်ယာရှင်လုပ်ငန်းတစ်ခုကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။

အထူးသတိပြုရန် –
အထက်ပါအကြောင်းအရာသည် ရှယ်ယာရှင်များဖြင့် ဆိုင်ထူထောင်ခြင်း အဆင့်အထိသာ ဖြစ်ပါသည်။ စတင်လုပ်ကိုင်ခြင်းအတွက် ဆက်လက်လေ့လာလိုပါက အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုပါရန် ဖိတ်ခေါ်ပါတယ်။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?