သင့်ဆိုင် ဧည့်သည် မလာဘူး၊ ဝန်ထမ်း မလောက်ငှားဘူး၊ ဘက်ဂျက် မပိုလျှံဘူး စသဖြင့် သင့်ဆိုင်မှာ အမျိုးမျိုး ခက်ခဲနေနိုင်ပါတယ်။ အခက်အခဲ တစ်ခု မပြီးခင် နောက်တစ်ခု ထပ်ဆင့်နိုင်ပါတယ်။ ရှိရင်းစွဲ အခက်အခဲ ပို၍ပို၍ ကြီးကြီးလာနိုင်ပါတယ်။ ဒီအတွက် စိတ်ဓာတ်ကျ စိတ်မကောင်း ဖြစ်နိုင်ပါတယ်။ ဒါက စိတ်၏ တဒင်္ဂ စေစားရာသာ ဖြစ်ပါတယ်။
ဒါပေမယ့် အက်မင်တို့က ဆိုင်ဖွင့်နေတာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သဘော၊ စီးပွားရေးသဘော၊ စီမံခန့်ခွဲမှုဘဘောဆောင်ရပါမယ်။ အဲ့ဒါကတော့ သင့်စိတ်ဓာတ်ကျမှုကို ဘေးချိတ်ပါ။ ပြီးရင် အဲ့ဒီ အခက်အခဲဆိုသည် Challenge စိန်ခေါ်မှုကို ဖြေရှင်းပါ။
အဲ့ဒီအတွက် အက်မင်တို့ မြန်မီနူး၏ အခက်အခဲ ဖြတ်ကျော်နည်းလမ်းကို အတုယူရအောင် (Inspiration) မျှဝေပေးလိုက်ပါမယ်။
မြန်မီနူးကော အခက်အခဲရှိလား?
ဒီနေ့လို မြန်မီနူး (နံပါတ် ၁ အွန်လိုင်းဆိုင်စီမံစနစ်) ဖြစ်လာဖို့အတွက် အက်မင်တို့လည်း အခက်အခဲများစွာ ဖြတ်ကျော်လာခဲ့ရတာပါ။ ဒါက မြန်မီနူးလုပ်ငန်းမတိုင်ခင် ကျရှုံးခဲ့တဲ့ လုပ်ငန်းများ မပါသေးပါဘူး။ အခု မြန်မီနူးလုပ်ငန်း လုပ်ကိုင်စဉ် ခက်ခဲခဲ့တဲ့ အခက်အခဲများ၊ ပြီးတော့ အဲ့ဒီအခက်အခဲများကို မြန်မီနူးက ဘယ်လိုမှတ်ယူခဲ့လဲ၊ ပြီးတော့ အဲ့ဒီအခက်အခဲတွေကနေ ဘယ်လို အမြတ်ထွက်အောင် ကြံဆောင်ခဲ့လဲ အဲ့ဒါတွေဥို ပြောပြပေးပါမယ်။
အငြင်းခံရတယ် > သင်ခန်းစာရတယ်
သင့်ဝန်ဆောင်မှုကို အငြင်းခံရတယ်၊ စိတ်မဝင်စားဘူး၊ မဝယ်ဘူး အပြောခံရတယ်ဆိုရင်.. အရှုံး မဟုတ်ပါလား။ မှန်ပါတယ်။ မြန်မီနူးအနေနဲ့ သူ့သက်တမ်းတလျှောက် ဟင့်အင်းများစွာ အငြင်းခံရဖူးပြီးသား ဖြစ်ပါတယ်။
အရင်တုန်းက မြန်မီနူး မားကက်တင်းကို out bound လုပ်ကိုင်ပါတယ်။ အလားအလာရှိတဲ့ ဆိုင်တွေကို တဆိုင်ဝင် တဆိုင်ထွက် on-site မားကက်တင်းဆင်းခဲ့တာပါ။ ရလဒ်ကတော့ သိတဲ့အတိုင်း ပါပဲ။ အငြင်းခံရမှုကို အပေါ်ယံကြည့်ရင် လက်မခံချင်စရာ အရှုံး ဖြစ်ပါတယ်။ လက်တွေ့မှာ အဲ့ဒီဟင့်အင်းက အကျိုးရှိတဲ့ မြေသြဇာ ဖြစ်နေတာပါ။
မြန်မီနူး ဘာလုပ်လဲဆိုရင် အဲ့ဒီဟင့်အင်းများစွာကို ဘယ်သူကြောင့်၊ ဘယ်ဝါကြောင့်၊ မီးမလာလို့၊ ရေမလာလို့ ဆင်ခြေတွေ ပေးမနေပါဘူး။ ဝေ့လည်ကြောင်ပတ် မလုပ်ပါဘူး။ အဲ့ဒီအစား အဆိုပါ ဟင့်အင်းများစွာ (တစ်ကြိမ်ချင်းစီတိုင်းကို) ပျော်ရွှင်စွာ သင်ခန်းစာယူပြီး ရှေ့ဆက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဝန်ဆောင်မှုရပ်ဆဲတယ် > ပိုကောင်းစေတယ်
အခုဆိုရင် မြန်မီနူး ဆိုင်တွေကို ဝန်ဆောင်မှုပေးနေတာ သက်တမ်း ၆နှစ်ထဲ ရောက်နေပါပြီ။ ဒါကြောင့် ဝန်ဆောင်မှု မသုံးတော့ဘူး (Termination) ဆိုင်တွေလည်း ရှေ့မှာ များစွာ ရှိခဲ့တာပါ။ မြန်မီနူးက ထုံးစံအတိုင်း ဝန်ဆောင်မှု ရပ်ဆဲတယ်ဆိုရင် လုံးဝ မပြုံးမပျက်ခဲ့ပါဘူး။ ဆိုလိုတာ လိုလိုလားလား ကြိုဆိုခဲ့တာပါ။
သက်ဆိုင်ရာဆိုင်ကို ဆက်သွယ်တယ်။ ပြီးတော့ ဘာကြောင့်လဲ မေးမြန်းကြည့်တယ်။ အကယ်လို့ ကောင်းမွန်တဲ့ feedback ရတယ်ဆိုရင် အဲ့ဒါကို အသုံးချပြီး ပိုကောင်းမွန်တဲ့ မြန်မီနူးဝန်ဆောင်မှုကို ဖြစ်စေခဲ့တာပါ။
ရလဒ်ကတော့ subscription ဝန်ဆောင်ခ မရဘူးဆိုတာထက်ပင် ပိုသာလွန်တဲ့ ပိုကောင်းမွန်တဲ့ မြန်မီနူးဝန်ဆောင်မှု ဖြစ်ပေါ်စေခဲ့တာပါ။
လျှပ်စစ်မီးမမှန်ဘူး > အားသာချက်ရတယ်
အိုင်တီလုပ်ဖို့ လျှပ်စစ်မီး လိုပါတယ်။ ရုံးအလုပ်လုပ်ဖို့ လျှပ်စစ်မီး လိုပါတယ်။ ဒါက အကြောင်းမဟုတ်သေးပါဘူး။ မီးစက်၊ အင်ဗာတာ ဒါတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ ခက်တာက မြန်မီနူးစနစ်ကို အသုံးပြုမယ့် ဆိုင်တွေအနေဖြင့် လျှပ်စစ်မီးက အတားအဆီကြီး ဖြစ်လို့လာခဲ့တာပါ။ မြန်မီနူးက ဒါက ငါလည်းအတူတူ၊ ငါ့ပြိုင်ဘက်လည်း အတူတူလို့ မမှတ်ယူခဲ့ပါဘူး။
အဲ့ဒီအစား အခြေအနေကို လက်ခံတယ်။ ဖြေရှင်းနည်းလမ်းများကို စဉ်းစားတယ်။ ကိုယ်နဲ့ အကိုက်ညီဆုံး ဖြေရှင်းနည်းလမ်းကို ရွေးချယ်တယ်။ ဖြေရှင်းတယ်။ ဒီလို ဖြတ်သန်းခဲ့တာပါ။ ရလဒ်ကတော့ ပြိုင်ဘက်ထက် သာလွန်တဲ့ Solution ပေးနိုင်ခြင်း ဖြစ်ပါတယ်။ မီးစက်ဘာညာနဲ့ ကွန်ပျူတာ သုံးချင်ရင် ကွန်ပျူတာသုံး၊ ဒီလိုမှမဟုတ်ရင် တက်ပလက်စနစ်သုံးဆိုပြီး မိမိတို့၏ Customer Restaurant များကို ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ခဲ့တာပါ။
မြန်မီနူးကို အတုယူသင့်လား
ယခင်က မြန်မီနူးဝန်ဆောင်မှုက ပြိုင်ဘက်များအကြား ထူးမခြားနား အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ပြင်ပအခြေအနေများ/ အတားအဆီးများ/ အခက်အခဲများကို ဖြတ်ကျော်လာခဲ့ပြီးနောက်မှာတော့ မြန်မီနူးက အတိုင်းအတာတစ်ခုအထိ ရှေ့သို့ ရောက်လာခဲ့ပြီဆိုရမှာပါ။ မြန်မီနူး ဝန်ဆောင်မှုဟာ..
🔥 ဖေ့ဘုတ်ကဲ့သို့လည်း အသုံးပြုရလွယ်ကူခြင်း၊
🔥 ပြီးတော့ ကွန်ပျူတာ နှင့် တက်ပလက်တို့မှ အသုံးပြုနိုင်ခြင်း၊
🔥 ဈေးနှုန်းသင့်တင့်ခြင်း၊
🔥 အင်တာနက် မရလည်း Offline အသုံးပြုနိုင်ခြင်း၊
🔥 အိုင်တီ အကျိုးကျေးဇူးများ ဆိုင်ကို 💯အပြည့်အဝ ရရှိစေခြင်း၊
စသည့် အထက်ပါ အားသာချက်များကြောင့် မြန်မီနူးဝန်ဆောင်မှုကို ဒီနေ့အခါမှာ ပုံမှန်ဆိုင်များသာမက၊ ဟိုတယ်ဆိုင်ကြီးများ၊ နှင့် ဖျော်ဖြေရေး တွဲဖက်ထားသည့် အဆင့်မြင့်ဆိုင်ကြီ:များအထိပင် Restaurant Industry Range ကျယ်ပြန့်စွာ လိုလိုလားလား အသုံးပြုလာကြပါပြီ။
သင့်ဆိုင်ခက်ခဲနေတယ် > ဘယ်လိုကြံဆောင်မလဲ
အခက်အခဲဆိုတာ ဘယ်ဆိုင်မှာ မကင်းရှင်းနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုရင် အခက်အခဲဆိုတာ သင်တစ်ခုခု ဖြစ်ချင်တိုင်း/ အောင်မြင်ချင်တိုင်း အရင်ဦးဆုံး သင့်ရှေ့ရောက်လာမယ့် အရာ ဖြစ်ပါတယ်။ ဥပမာ သင့်က ဆိုင်ဖွင့်/ထူထောင်ချင်တယ် ဒါဆိုရင် ငွေကြေး၊ ဝန်ထမ်း၊ စီမံခန့်ခွဲမှု အခက်အခဲ တွေ့ပါမယ်။ ဒါမှမဟုတ် သင့်က ဧည့်သည်တွေ သင့်ဆိုင်ကို လာစေချင်တယ် ဒါဆိုရင် ဆိုင်နေရာ၊ ဧည့်ခံမှု၊ မားကက်တင်း အခက်အခဲ တွေ့မှာ ဖြစ်ပါမယ်။ ဆိုကြပါစို့.. သင်က အစစအရာရာ ပြည့်စုံတယ် ဒါကြောင့် ဆိုင်ခွဲတွေ ထူထောင်မယ်ဆိုရင်လည်း အဲ့ဒီ သင့်ဖြစ်ချင်တဲ့ ဆန္ဒအတိုင်းအတာ၊ နှင့် သင့်စွမ်းဆောင်နိုင်မှု အတိုင်းအတာအရ အခက်အခဲဆိုတာ အနည်း နှင့် အများတော့ ရှိနေဦးမှာပါ။
အက်မင်တို့ အားပေးရရင် အခက်အခဲဆိုတာ ငှက်ပျောသီး အခွံနွှာသလောက်လည်း မလွယ်ကူနိုင်ပါဘူး။ ထို့အတူ ကျော်ဖြတ်လို့ မရတဲ့ တံတိုင်းကြီးလည်း မဟုတ်ပါဘူး။ ဒါကြောင့် အထက်မှာ မြန်မီနူး အခက်အခဲ ချဉ်းကပ်ပုံ၊ မှတ်ယူပုံ၊ ဖြေရှင်းနည်းလမ်းများကို တုပပြီး အဖြေရှာ ဖြေရှင်းပါ။ ဒါဆိုရင် သင့်ရည်မှန်းချက် အောင်မြင်မှုများကို အချိန်တစ်ခုမှာတော့ ရောက်ရှိသွားပါလိမ့်မည်ဟု အကြံပြုလိုက်ပါတယ်။
Good Luck ပါ။