အကယ်လို့ သင့်ဆိုင် (သို့) ဟိုတယ်က ကြီးမားလှတယ်။ ဒါကြောင့် ပရင်တာက နက်ဝေါ့ခ်(LAN) တစ်ခု ရောက်နေတယ်၊ ဝိတ်တာတက်ပလက်က တခြားနက်ဝေါ့ခ်(LAN) တစ်ခုမှ မီးဖိုဆောင်အော်ဒါလက်မှတ်ကို အဆိုပါ ပရင့်တာမှ ပရင့်လှမ်းထုတ်တယ်ဆိုရင် (ယေဘုယျအားဖြင့်) မတူညီတဲ့ နက်ဝေါ့ခ်နှစ်ခုအကြား အချိတ်အဆက် မရှိနေ၍ ပရင့်လှမ်းထုတ်ဖို့ မဖြစ်နိုင်သလောက်ပါ။
ဒီအတွက် ငွေကိုင်စက်၏ USB ပရင်တာတွင် ပရင့်လှမ်းထုတ်နိုင်ရန် ဆက်တင် ပြုလုပ်နိုင်ပါတယ်။ သင်လုပ်ဆောင်ရမယ့် ဆက်တင်က အောက်ပါအတိုင်း ဖြစ်ပါတယ်။
အဆင့် (၁) အရင်ဦးဆုံး သင့်ငွေကိုင်စက်တွင် ငွေကိုင်စက် Icon လေး အောက်ပါ ပုံအတိုင်း ရှိနှင့်ပြီလား စစ်ဆေးပါ။
အကယ်လို့ မရှိသေးရင် အောက်ပါလမ်းညွှန်အတိုင်း အဆိုပါ ICON လေးကို အရင်ပြုလုပ်ပေးပါ။
ကွန်ပျူတာငွေကိုင်စက် ICON ပြုလုပ်ခြင်း
− − − − − − − − − −
အဆင့် (၂) Icon ရလာပြီဆိုရင် အောက်ပါ ဓာတ်ပုံအတိုင်း ပြုလုပ်နေရာကို သွားပါ။
Icon ပေါ်တွင် Mouse Pointer တင်ပြီး Right Click နှိပ်ပါ။ Properties ကို ရွေးချယ်၍ Left Click ကို နှိပ်ပေးပါ။
− − − − − − − − − −
အဆင့် (၃) Target နေရာတွင် စာသားထည့်ပေးပါ။
အထက်တွင် ပြထားသည် Target နေရာကို ကြည့်ပါ။ ပြီးရင် ပုံပါစာသား၏ နောက်တွင် Mouse Pointer (cursor) ချပြီး အောက်ပါစာသားကို (copy & paste) ကူးထည်ပါ။ ပြီးရင် apply ကို နှိပ်ပေးပါ။
–kiosk –kiosk-printing
− − − − − − − − − −
ဒါဆိုရင် ဝိတ်တာတက်ပလက်သည် ငွေကိုင်အကူအညီ မပါပဲ ငွေကိုင်စက်တွင် တပ်ဆင်ထားသော USB ပရင်တာမှ သူ၏ မီးဖိုဆောင်အော်ဒါများ ပရင့်လှမ်းထုတ်နိုင်မှာ ဖြစ်ပါသည်။
သတိပြုရန် (ဗားရှင်းမြှင့်ပါ)
အကယ်လို့ သင့် ဝိတ်တာတက်ပလက် ဗားရှင်းနိမ့်နေရင် အသစ်ပြန်တင် ပေးရပါမည်။ ဒီအတွက် ယခင်အဟောင်းကို Uninstall အရင် ပြုလုပ်ပါ။ ပြီးရင် ဗားရှင်းအသစ်ကို ပြန်လည် Install ပြုလုပ်ပေးပါ။
Download ရယူနည်းလမ်း ၁) myanmenu.com ကို ဖွင့်ပါ။ ၂) မြန်မီနူးတက်ပလက် QR ကုဒ်ကို အသုံးပြုမည့် တက်ပလက်ဖြင့် Scan ဖတ်ပါ။ လင့်ခ်ကျလာရင် apk ဒေါင်းလုတ်ဆွဲချပါ။ ဒါဆိုရင် အဆိုပါ apk ကို တက်ပလက်/ဖုန်းတွင် Install ပြုလုပ်လို့ ရပါပြီ။
အကြံပြု (စက် No Sleep ပါ)
အကယ်လို့ သင့်ငွေကိုင်စက် ပိတ်နေတယ် (သို့) sleep ဖြစ်နေတယ်ဆိုရင် ပရင်တာ ဖွင့်ထားသော်လည်း ပရင့်ထွက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သင့်ကွန်ပျူတာ (သို့) တက်ပလက်ကို No Sleep စသဖြင့် ဆက်တင် ချိန်ထားသင့်ပါသည်။