🎭 McDonald's တည်ထောင်သူများအကြောင်း (Biography)
စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်တယ်ဆိုရင် ကြည့်ကို ကြည့်ဖူးထားသင့်တဲ့ ဗီဒီယို ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခု ဗီဒီယိုမှာ ပျော်ရွှင်စရာ၊ သင်ခန်းစာရစရာ၊ အတုယူစရာတွေ ပြည့်နှက်နေလို့ပါ။ ပြီးတော့ ဖြစ်ရပ်မှန်ဗီဒီယိုဖြစ်တာကြောင့် တစ်ခန်းမလွတ် အကြိမ်ကြိမ်ကြည့်ရှုမယ်ဆိုရင်တောင် လုံးဝကြည့်ရှုဖို့ ထိုက်တန်တဲ့ ဗီဒီယို ဖြစ်ပါတယ်။
မြန်မီနူးမှ ဗီဒီယိုပါ သင်ခန်းစာယူစရာများကို ထုတ်ပြပေးထားပါတယ်။
💥 လူမှန် နေရာမှန်၊
McDonald တည်ထောင်သူ Mr. Ray ထက်မြက်လှသူပါ။ ဒါပေမယ့် ပထမအလုပ်မှာ Juice Mixer ရောင်းတာပါ။ မအောင်မြင်ခဲ့ပါဘူး။ McDonald ရောက်မှ အောင်မြင်မှု စတင်ခဲ့တာပါ။ ဒါကြောင့် လူမှန်နေရာမှန် အရေးကြီးပါတယ်။
💥 ဆိုင်မှန် မီနူးမှန်၊
ပထမတုန်းက McDonald မှာ စားဖွယ်အစုံ မီနူးအစုံ ရောင်းချခဲ့တာပါ။ နောက်ပိုင်း ညီငယ်၏ မီနူးခွဲခြမ်းစိတ်ဖြာမှု တနည်းပြောရရင် မီနူးအင်ဂျင်းနီးယားရင်းလုပ်ပြီး ဆိုင်မှန် မီနူးမှန် ဖြစ်သွားတာကြောင့် အရောင်းတိုး၊ အမြတ်တိုးပြီး ဆိုင်ရဲ့ အမြင့်ဆုံးအောင်မြင်မှုကို ရရှိသွားတာပါ။
💥 ရှယ်ယာရှင် ပါဝင်မှု၊
လုပ်ငန်းကို Mr. Mac နှင့် Mr. Dick ညီအစ်ကို နှစ်ဦး က အရင်စခဲ့တာပါ။ ပြီးမှ Mr. Ray ဆိုသူက ပါဝင်လာခဲ့တာပါ။ ညီအစ်ကို နှစ်ဦးက ငွေကြေး အရင်းအနှီးလိုချင်လို့ Mr. Ray ကို ခေါ်ခဲ့တာ မဟုတ်ပါဘူး။ Mr. Ray ရဲ့ လုပ်ငန်းတိုးချဲ့မှု (ဆိုင်ခွဲများဖွင့်လှစ်အစီအစဉ်) ကို သဘောကျလို့ ပါဝင်စေခဲ့တာပါ။ ဒါကြောင့် ရှယ်ယာရှင်ခေါ်ရင် ငွေကြေးထည့်ဝင်မှ ရှယ်ယာရှင် ခေါ်လို့ ရတာမျိုး မဟုတ်ပါဘူး။ လုပ်အားထည့်ဝင်တယ်ဆိုရင်လည်း ရှယ်ယာရှယ် ဖိတ်ခေါ်လို့ ရပါတယ်။
💥 ဆန်းသစ်တီထွင်မှု (၁မိနစ် ဘာဂါ)၊
ဘာဂါကို အဲ့ဒီ ညီအစ်ကိုနှစ်ဦး စတင် တီထွင်ခဲ့တာ မဟုတ်ပါဘူး။ သူတို့က ရှိပြီးသားကို ဘာဂါကို ဧည့်သည်လိုအပ်ချက်နှင့်အညီ ဆန်းသစ်ခဲ့တာပါ။ ရလဒ်ကတော့ ဧည့်သည်တွေလည်း ပူပူနွေးနွေး၊ အရသာရှိရှိသုံးဆောင်ရတယ်၊ ဝန်ထမ်းတွေလည်း လုပ်ကိုင်ရ အဆင်ပြေတယ်၊ သူတို့လည်း အကျိုးအမြတ်များ ခဲ့ကြပါတယ်။ ဒါကြောင့် ဆန်းသစ်တီထွင်မှုဟာ အင်မတန် အကျိုးများစေနိုင်ပါတယ်။
💥 အပင်ကြီးရင် ပန်းအိုးခွဲ၊
ဆိုင်ကလေး လူစည်ကားလာပြီဆိုရင် စီမံခန့်ခွဲမှု အားနည်းတဲ့ ဆိုင်အတော်များများ လုပ်မိကြတာက အမြတ်ပိုကျန်အောင် ကုန်ကြမ်းအရည်အသွေးလျှော့၊ ဈေးတင်၊ စားဖွယ်သေး လုပ်မိတတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီ ညီအစ်ကိုတွေကတော့ အရည်အသွေး လုံးဝ မလျှော့ခဲ့ပါဘူး။ ဈေးလည်း မတင်ခဲ့ပါဘူး။
ပထမ ခုရေ ပိုရောင်းရအောင် ကြံဆောင်ခဲ့ပါတယ်။ ပြီးတော့ ဆိုင်ခွဲတွေ တန်းစီပြီး ဖွင့်ခဲ့ကြပါတယ်။
အခုဆိုရင် McDonald's ဆိုင်ခွဲများက ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း 100 ကျော်တွင် 41,000 ဆိုင်ခွဲ ဖွင့်လှစ်ပြီးနေပါပြီ။
💥 နိဂုံးချုပ်ပြောရရင်
သူတို့ လောဘကြီးတာ သူတို့အတွက် တင်မကပါဘူး။ စားသုံးသူ ဧည့်သည်တွေအတွက်လည်း အကျိုးများခဲ့ပါတယ်။ ပြီးတော့ ဆိုင်မှာ အလုပ်လုပ်ကိုင်ကြသူ ဝန်ထမ်းများ နှင့် ဝန်ထမ်းမိသားစု၊ တခြား ဆိုင်လုပ်ငန်းနှင့် တိုက်ရိုက်/ ဆက်စပ်သူ ပါဝင်သူများ အားလုံးကို အကျိုးများစေခဲ့တာပါ။
ဒါကတော့ အောင်မြင်တဲ့ စားသောက်ဆိုင် McDonald's ဆိုတာကြီး၏ လူမှုပတ်ဝန်းကျင်အပေါ် အကျိုးဖြစ်စေခဲ့တဲ့ ပျော်ရွှင်စရာ၊ သင်ခန်းစာရစရာ၊ အတုယူစရာ အကြောင်းအရာများပဲ ဖြစ်ပါတော့တယ်။