၁။ စက်စတင်ဖွင့်လှစ်ခြင်း (Shift Open)
-
စနစ်အတွင်းဝင်ရောက်ခြင်း – သတ်မှတ်ထားသော ကွန်ပျူတာ၏ Desktop ပေါ်ရှိ Icon ကိုနှိပ်၍သာ ဝင်ရောက်ပါ။ (ငွေကိုင်စက်ကို အခြားကွန်ပျူတာ၊ မိုဘိုင်းဖုန်း သို့မဟုတ် Browser Link များမှ ဝင်ရောက်ခြင်း လုံးဝမပြုရ)
-
အဖွင့်ငွေသားထည့်ခြင်း – အရောင်းကောင်တာစတင်ချိန်တွင် အဖွင့်ငွေသား (Open Register) ကို မဖြစ်မနေ ထည့်သွင်းပါ။
-
အထူးအကြံပြုချက် (စောစီးစွာ စက်ဖွင့်ရန်)
-
အကယ်၍ ငွေကိုင်စက် (POS) မဖွင့်မီ Waiter Tablet များမှ အော်ဒါများတင်ထားပါက၊ ငွေကိုင်စက်ဖွင့်သည်နှင့် အဆိုပါအော်ဒါများသည် စနစ်ထဲသို့ အလိုအလျောက် ရောက်ရှိလာမည်ဖြစ်သည်။
-
သို့သော် လုပ်ငန်းစဉ်နှင့် စနစ်တည်ငြိမ်မှုအတွက် ငွေကိုင်စက်ကို Waiter Tablet များ အော်ဒါမတင်ခင် (ဆိုင်ဖွင့်ချိန်မှစတင်၍) ကြိုတင်ဖွင့်ထားရန် အထူးအကြံပြုအပ်ပါသည်။
-
၂။ အသုံးပြုစဉ် လိုက်နာရန် တားမြစ်ချက်များနှင့် အကြံပြုချက်များ
-
Chrome Browser Cache ရှင်းခြင်း (လုံးဝမပြုလုပ်ရ) – စနစ်အသုံးပြုနေစဉ် Chrome Browser ၏ Cache နှင့် Cookies များ ရှင်းလင်းခြင်းကို လုံးဝ (လုံးဝ) မပြုလုပ်ရ။ (ပြုလုပ်မိပါက အရောင်းဒေတာများ ပျောက်ဆုံးနိုင်)
-
အကောင့်မျှသုံးခြင်း (လုံးဝမပြုလုပ်ရ) – ငွေကိုင်စက်ရှိ Chrome Browser သည် ငွေကိုင်စက်၏ Background engine ဖြစ်ပါသည်။ ဒါကြောင့် အဆိုပါ Chrome ကိုဖွင့်၍ ကိုယ်ပိုင်အကောင့်များ (Gmail/Facebook စသည်) စသည်များ အသုံးပြုခြင်း၊ နှင့် စနစ်၏ အခြားအသုံးပြုသူရာထူးအကောင့်များဖြင့် Login ဝင်ရောက်ခြင်းကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။
-
စက်ပြင်ပမှ ဝင်ရောက်ခြင်း (လုံးဝမပြုလုပ်ရ) – ငွေကိုင်စက်ကို သတ်မှတ်ထားသော ငွေကိုင်ကွန်ပျူတာတစ်လုံးမှလွဲ၍ အခြားကွန်ပျူတာ၊ Tablet သို့မဟုတ် မိုဘိုင်းဖုန်းတို့မှ Login ဝင်ရောက်ခြင်းကို လုံးဝတားမြစ်သည်။
Sync & Cache နှင့် လုပ်ငန်းစဉ်များ တည်ငြိမ်စေရန် အကြံပြုချက်များ
-
အကြံပြုချက် (၁) – ငွေကိုင်သူ အပေါ့သွား သို့မဟုတ် ခဏထွက်ခွာပါက လုံခြုံရေးအတွက် Dashboard (နောက်သို့) ခလုတ်နှိပ်၍ Logout ပြုလုပ်ပါ။
-
အကြံပြုချက် (၂) – ကွန်ပျူတာတစ်လုံးတည်းကို အခြားရာထူးများနှင့် မျှဝေသုံးစွဲရပါက (ဥပမာ – အခြားအကောင့်ဝင်ရန်) ငွေကိုင်စက်၏ Chrome ကို လုံးဝမသုံးရပါ။ Firefox သို့မဟုတ် အခြား Browser အသစ်တစ်ခုကို Install ပြုလုပ်၍သာ သုံးစွဲရန်။
-
အကြံပြုချက် (၃) – ထိုသို့ ငွေကိုင်သူမှ အဝေးရောက်နေစဉ်အတွင်း ငွေကိုင်စက်ကို မိမိ၏ မိုဘိုင်းဖုန်း/ တက်ပလက်/ အခြားစက်များဖြင့် ဝင်ရောက်ခြင်းကို လုံးဝရှောင်ကြဉ်ပါ။
-
(မပြုလုပ်မိစေရန် အထူးသတိပြုပါ – အကယ်၍ ပြုလုပ်မိပါက Waiter အော်ဒါများသည် အခြားစက်သို့ရောက်သွားနိုင်ပြီး လုပ်ငန်းစဉ်ရှုပ်ထွေးနိုင်သည်။ ပြုလုပ်မိပါက ထိုစက်ပေါ်ရှိ အော်ဒါများကို ဖျက်၍ စက်ပိတ်ကာ၊ မှန်ကန်သော ငွေကိုင်စက်သို့ အော်ဒါများ ပြန်တင်ရပါမည်။)
-
၃။ စက်ပိတ်ခြင်း (Shift Close & Day-End)
တစ်နေ့တာအရောင်းသိမ်းပြီး စက်ပိတ်ရန် အောက်ပါအဆင့်များအတိုင်း တိကျစွာဆောင်ရွက်ဖို့ အကြံပြုပါသည်။
-
အဆင့် (၁) – Day-End စာရွက် (အရောင်းအစီရင်ခံစာ) ကို ဦးစွာထုတ်ယူပါ။
-
အဆင့် (၂) – ထို့နောက်မှ စနစ်ထဲရှိ "စက်ပိတ်မည် (Close Register)" ကိုနှိပ်ပါ။
အထူးသတိပြုရန် (အရေးကြီးဆုံး)
Close Register နှိပ်လိုက်သည်နှင့် Kitchen Panel နှင့် Waiter Tablet ရှိ "ပြုလုပ်ဆဲအော်ဒါ (Active Orders)" များအားလုံး စနစ်မှ ချက်ချင်းပျောက်သွားမည်။ ထို့ကြောင့် စားသုံးသူအားလုံး၏ (ပြုလုပ်ဆဲအော်ဒါများ) စာရင်းရှင်းလင်းပြီးစီးမှု၊ နှင့် မီးဖိုချောင်ချက်ပြုတ်မှုအားလုံး ၁၀၀% ပြီးစီးမှသာ Close Register ကို နှိပ်ရမည်။
၄။ စက်ပိတ်အောင်မြင်မှု စစ်ဆေးနည်း (၂ နည်း)
စက်ပိတ်ခြင်း အမှားမရှိ အောင်မြင်ကြောင်း အောက်ပါနည်းလမ်း ၂ မျိုးဖြင့် မဖြစ်မနေ ပြန်လည်စစ်ဆေးပါ။
-
နည်းလမ်း (၁) – "စက်ဖွင့် (Open Register)" ကို ပြန်နှိပ်ကြည့်ပါ။ စနစ်မှ အဖွင့်ငွေသား (Open Register) ပြန်တောင်းခံပါက $\rightarrow$ စက်ပိတ်ခြင်း အောင်မြင်ပါသည်။
-
နည်းလမ်း (၂) – အကယ်၍ အသေးစိတ် သိရှိလိုတယ်ဆိုရင် အခြား Admin သို့မဟုတ် မန်နေဂျာအကောင့်မှ ၎င်းငွေကိုင်စက်၏ ငွေကိုင်စက်အစီရင်ခံစာ POS Report ကိုနှိပ်၍ အခြေအနေ Closed ဖြစ်/မဖြစ် စစ်ဆေးပါ။

