✅ စင်ကာပူကို ချွေးတစ်စက်မထွက်ပဲ အမှီလိုက်ခြင်း

မနေ့က ရုပ်ရှင်မင်းသားတစ်ဦး၏ ဗီဒီယိုကို တွေ့မိလို့ပါ။ အဲ့ဒီမှာ မြန်မာအဖွားအိုက သူ့မြေးနဲ့ သူထမင်းထုပ်ကို "ရေမပါ၊ ဟင်းမပါတဲ့ မသေထမင်း"စာတန်းထိုး" သုံးဆောင်နေတာပါ။ ဒါကြောင့် အက်မင်တို့လည်း အခုပို့စ်ကို ဂရုနာဒေါသောနဲ့ ရေးတင်လိုက်ရခြင်း ဖြစ်ပါတယ်။

စင်ကာပူ နှင့် မြန်မာနှိုင်းယှဉ်ခြင်း

ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ နှိုင်းယှဉ်တော့မယ်ဆိုရင် GDP ဆိုတဲ့ တစ်နှစ်အတွင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး ဆိုတာနှင့် နှိုင်းယှဉ်ကြပါတယ်။

အက်မင်တို့ GDP ကို Research လုပ်ကြည့်သလောက် 2023 မှာ စင်ကာပူက နိုင်ငံသေးငယ် ပေမယ် 500 ဘီလီယံကျော် ရှိနေပါတယ်။ ထို့အတူ မြန်မာကို ကြည့်မယ်ဆိုရင်တော့ 65 ဘီလီယံသာ တွေ့ရပါတယ်။

ဒါကြောင့် မိမိတို့ နိုင်ငံထက် အဆ 900 ကျော်သေးငယ်တဲ့ စင်ကာပူက နိုင်ငံကြီးဖြစ်တဲ့ မိမိတို့ တစ်နိုင်ငံလုံး၏ ပြည်တွင်း ထုတ်လုပ်မှု တန်ဖိုးထက် အဆ 7.5 ကျော်၍ပင် ကုန်ထုတ်လုပ်မှု စွမ်းအား ရှိနေတာကို တွေ့မြင်ရပါတယ်။

အကယ်လို့ စင်ကာပူ နှင့် မြန်မာနိုင်ငံသာ တူညီတဲ့ အကျယ်အဝန်းရှိမယ်ဆိုရင် အဲ့ဒီ အဆ ဘယ်လောက်တောင် ကွာခြားလိမ့်မလဲက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒါကြောင့် အက်မင်တို့ 7.5 အဆကို နိုင်ငံအရွယ်အစား အဆ 900 ကျော်နဲ့ မြှောက်လိုက်ပါတယ်။ အဲ့ဒီရလဒ်ကတော့ မတွေးရဲစရာ အဆ 6,750 တောင်ကွာဟနေတာပါ။ 

အဲ့ဒါက ဘာကို ပြောနေတာလဲဆိုရင် မိမိတို့ မြန်မာလုပ်အား 6,750 ဆက၊ စင်ကာပူလုပ်အား 1 ဆ နှင့် တူညီနေတာပါ။ ဒါကြောင့် စင်ကာပူ နှင့် မြန်မာ ဘာများကွာဟနေလို့လဲ၊ ပြီးတော့ နိင်ငံ ပထဝီအနေအထားနှင့် ယှဉ်ပြိုင်မယ်ဆိုရင် မိမိတို့ နိုင်ငံက ဘာများ နိမ့်ကျလို့လဲ၊ ဒါမှမဟုတ် မိမိတိုု့ မြန်မာတွေ အိပ်များပျော်နေကြသလား၊ ဒါမှမဟုတ် လမ်းများ နောက်ပြန်လျှောက်နေကြသလား၊ ဆိုတာက သိချင်စရာ မေးခွန်းထုတ်စရာ မဟုတ်ပါလား။

စင်ကာပူကို ချွေးတစ်စက်မထွက်ပဲ အမှီလိုက်ခြင်း

အက်မင်တို့ စင်ကာပူကို GDP အနေဖြင့် လောလောဆယ် အမှီလိုက်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် တခြားနည်းလမ်းနဲ့တော့ စင်ကာပူကို အလွယ်ကလေး အမှီလိုက်နိုင်ပါတယ်။ ဒါပေမယ့် များမကြာခင် အချိန်တစ်ခုမှာတော့ အဲ့ဒီ စင်ကာပူကို GDP မကလို့ အစစအရာရာ တိုင်းတာချက်တွေမှာပါ လွယ်လွယ်ကလေး အမှီလိုက်ပြီး ကျော်လွှားသွားနိုင်မှာပါ။

ဒီအတွက် အက်မင်တို့ အသုံးပြုရမှာက အလကားရတဲ့ ပြည့်ဖြိုးမြဲ သူတပါး ဒုက္ခပေးစရာမလိုတဲ့ မြန်မာ့စွမ်းအင်တွေကို ထုတ်သုံးပါတယ်။ ဘာတွေလဲ ကြည့်လိုက်ရအောင်။

၁) ကျန်းမာရေးအပိုင်း၊
ဆရာဝန်ကြီး၊ ဆေးခန်း၊ ဆေးဝါးကျွမ်းကျင်၊ ဆေးဝန်ထမ်း စသည်တို့က ငါ့သား နိုင်ငံခြားကျောင်းထားဖို့၊ ငါ့ကွန်ဒို ဆေးသုတ်ဖို့၊ ဂုဏ်တုဂုဏ်ပြိုင်ထက်၊ သူတို့ရဲ့ လူနာ Patient တွေကို သူတို့ မိသားစုဝင်တွေအလား ဂရုတစိုက် ဆက်ဆံပေးမယ်ဆိုရင် ဒါက မိမိတို့နိုင်ငံနေ ပြည်သူတွေအားလုံးအတွက် ကျန်းမာရေး နိဗ္ဗာန် မဟုတ်ပါလား။ ကျန်မားရေး စောင့်ရှောက်မှု ကောင်းမွန်တဲ့ နိုင်ငံချက်ခြင်း ဖြစ်သွားတာကို တွေ့ရပါသလား။

၂) မြို့၊ရွာ၊နိုင်ငံသန့်ရှင်းမှုအပိုင်း၊
အမှိုက်ကို အမှိုက်ပုံးထဲမှာ ပစ်ရပါမယ်။ အိမ်မွေးခွေးကို ပြင်ပနေရာ ချီးမတည်သင့်ပါဘူး။ မြို့လယ်ခေါင်မှာ ခိုတွေနဲ့ စီးပွားရှာလို့ မသင့်ပါဘူး။ ဒါတွေက ယေဘုယျနားလည်ခြင်းများသာ ဖြစ်ပါတယ်။

အတုယူစရာအားဖြင့် ဂျာမနီမှာ အမှိုက်ပုံး ၅မျိုးခွဲထားပါတယ်။ ဥပမာ ပလပ်စတစ်ဆိုရင် ပလပ်စတစ်ပုံးထဲ ပစ် ဒီလိုမျိုး ဖြစ်ပါတယ်။ ရလဒ်က ခြင်၊ ယင်၊ ကြွက် ပြတိုက်မှာ သွားကြည့်ပါ။ ဒါတင်မကပါဘူး။ ခိုကြောင့် ဖြစ်တဲ့ ကျန်းမာရေး၊ တိုက်နံရံများ ညစ်ပစ်မှု၊ ခွေးကြောင့် ပင်ပန်းရတဲ့ စည်ပင်၊ ခွေးချီးနင်းမိလို့ တိုင်ပတ်တဲ့ သူ၊ ဒါတွေက သင့်မြို့ရွာ၊ သင့်နိုင်ငံ၊ သင့်ပတ်ဝန်းကျင်ကို စိတ်ကြည်လင်စေ၊ အတွေးအခေါ် လန်းဆန်းစေ၊ အဆင့်မြင်တင်စေ မဟုတ်ပါလား။

၃) အစားအသောက်အပိုင်း၊
ဒီနေ့ စားသောက်ဆိုင်ဖွင့်သူတွေ၊ စားဖွယ်ထုတ်လုပ်သူတွေ၊ စားသောက်ကုန် ရောင်းချသူတွေ အနေဖြင့်လည်း Customer ဆိုတာ ငွေရဖို့တွက်သာဖြစ်တယ်၊ ဒီကြောင့် Customer သုံးဆောင်ရမယ့် မဖြစ်မနေ Urgent အခြေအနေအပေါ် အခွင့်ကောင်းယူမယ် ဆိုပြီး ထိုင်စောင့် ရောင်းချနေခြင်းထက်၊ Customer ကို သူ့နေအိမ်မှာ ချက်စားသုံးဆောင်ရသည်ထက်ပင် ပိုမိုအဆင်ပြေ၊ သက်သာ၊ ကောင်းမွန်ရအောင် အထူးလုပ်ဆောင်ချက်၊ အထူးနည်းလမ်းများဖြင့် ကြံဆောင် ချဉ်းကပ်သင့်ပါတယ်။

အိုင်ဒီယာအရ ပြောရမယ်ဆိုရင် စားသောက်ဆိုင်များသည် စုပေါင်းလက်ကား ဈေးဝယ်နိုင်တယ်၊ စုပေါင်းချက်ပြုတ် နိုင်တယ်၊ စုပေါင်းဧည့်ခံ နိုင်ပါတယ် စသည့်အားသာချက်များက နေအိမ်များတွင် ကိုယ်တိုင်ချက်ပြုတ်ကြသော အိမ်ရှင်မများထက် အစစအရာရာ ချွေတာနိုင်၊ ထိရောက်နိုင်၊ အကျိုးများအောင် စွမ်းဆောင်နိုင်ကြတယ် မဟုတ်ပါလား။

အကယ်လို့ အထက်ပါအတိုင်းသာ စီမံနိုင်မယ်ဆိုရင် အစားအသောက်တင်မကပါဘူး၊ နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်တဲ့ လျှပ်စစ်မီး၊ မော်တော်ကား ဓာတ်ဆီ၊ ကုန်ကြမ်းအလေအလွင့် အစရှိသည်တို့ကိုလည်း ချွေတာနိုင်စေမှာ ဖြစ်ပါတယ်။ ကဲ.. အဲ့ဒါက မိမိတို့ ပြည်သူတွေရဲ့ အစားအသောက်အပိုင်း၊ နှင့် တခြားအပိုင်းများစွာကို အဆင့်မြင့်သွားစေတယ် မဟုတ်ပါလား။

မိမိတို့ ဘာလုပ်သင့်လဲ

အထက်ပါများသည် စီမံခန့်ခွဲမှုအားဖြင့် ထုတ်ယူထားတဲ့ နမူနာ အယူအဆ အနည်းငယ်မျှသာ ရှိပါသေးသည်။ ဒါပေမယ့် အလွန်ကြီးမားတဲ့ Result များကို တွေ့မြင်ကြရတယ် မဟုတ်ပါလား။ ပြီးတော့ အဲ့ဒီမှာ ထူးခြားချက်များစွာ ပါဝင်နေပါသေးတယ်။

အဲ့ဒါတွေကတော့ အထက်ပါများ ပြုလုပ်ဖို့အတွက် အက်မင်တို့ မည်သူတစ်ဦးကိုမျှ အကျိုးမယုတ်စေခဲ့ပါဘူး။ ပြီးတော့ အရေးကြီးတာ မည်သူတစ်ဦးကိုမှ သွေးမထွက်စေခဲ့ပါဘူး။ ဒါတင်မကပါဘူး မည်သူတစ်ဦးကိုမျှ ချွေးပင် မထွက်စေခဲ့ပါဘူး။

အက်မင်တို့ တစ်မြေထဲနေ တစ်ရေထဲသောက် နေထိုင်ကြသူတွေ (တစ်ဦးမကျန်) ပိုပြီးတော့ သက်သာ၊ ပိုပြီးတော့ အဆင်ပြေ၊ ပိုပြီးတော့ ကောင်းမွန်တဲ့ ဘဝတွေကို အချိန်တိုးအတွင်း မနက်ဖြန်မှာပင် စင်ကာပူကို ချွေးမထွက်ပဲ အမှီလိုက်နိုင်ပါတယ်ဟု အမှီလိုက်နည်းကို မြန်မီနူးက အကြံပြုပေးလိုက်ပါတယ်။

Good Luck ပါ ရွှေအမျိုးတို့...

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?