အက်မင်တို့ မြန်မာတွေ အလှူကောင်းလို့ မိမိတို့ နေအိမ်များကို ပေါင်နှံပြီး လှူတန်းမယ်ဆိုရင်တောင်မှ အကယ်လို့ ၁သိန်းဖိုးကုန်လို့ အကူအညီလိုသူ ၁ကျပ်ဖိုးသာ အကျိုးရနေမယ်ဆိုရင် သေချာတာက ပြန်လည်ထူထောင်မှု မပြီးဆုံးခင်မှာ အားလုံး အကျိုးနည်းစရာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မီနူး အခုအချိန်ကို Right Time အမှတ်ဖြင့် အောက်ပါ Recovery Plan ကို အကြံပြုလိုက်ရပါတယ်။
ပလန်မှာ ယခင်အခြေအနေကို ပြန်လည်ထူထောင်ခြင်းအတွက်သာ မကပါဘူး။ ယခင်ထက် ပိုကောင်းမွန်တဲ့ ပြင်ဆင်တည်ဆောက်ခြင်းများလည်း ပါဝင်တာကြောင့် အရှုံးထဲကပင် အမြတ်ထွက်စေရတော့မှာပါ။
အရေးပေါ်အစီအစဉ် (၁ရက် မှ ၃ရက် အတွင်း)
(ရှာမယ် ကယ်မယ်)
လေ့ကျင့်ထားတဲ့ မီးသတ်၊ တပ်မတော်၊ အဖွဲ့အစည်း (များသာ) လိုအပ်ပါတယ်။ (တစ်ဦးတစ်ယောက်က ဒုက္ခများနိုင်သလို၊ အလုပ်မတွင်ပါဘူး။)
အကယ်လို့ (လိုအပ်ရင်) အရေးပေါ် ကျွမ်းကျင်သူ တစ်ဦးနောက်တွင် မကျွမ်းကျင်သူများ ပေါင်းထည့်ပြီး unit ဖွဲ့စည်းနိုင်ပါသေးသည်။
ကျောင်း၊ ဆေးရုံ၊ ဘာသာရေး လူများရာကို ဦးစားပေးပါ။ (လွယ်တာ ဦးစားပေးပါ၊ မြန်တာ ဦးစားပေးပါ၊ လူများတာ ဦးစားပေးပါ Priority အရေးကြီးပါတယ်။)
ကယ်ဆယ်ရေး စက်ပစ္စည်း၊ ဆက်သွယ်ရေး၊ နည်းပညာ၊ စက်ယန္တရားများ အသုံးပြုပါ။
(ကုသမယ်)
အဓိကနေရာများတွင် ဆေးရုံးများ ပြုလုပ်ဖွင့်လှစ်ပါ။ ဥပမာ ကစားကွင်း၊ ပန်းခြံ၊ လစ်လပ်နေရာ၊
ကျန်းမာရေး လုပ်သားများ အခင်းဖြစ်ရာ နေရာအနှံ့ စေလွှတ်ပေးပါ၊
အရေးပေါ်လူနာကို အမြန်ယာဉ်နှင့် အထူးဆေးရုံးကို ပို့ဆောင်နိုင်စေပါ။
(ဆက်သွယ်မယ်)
ဘေးအန္တရာယ် တုံ့ပြန်ရေး (ယာယီ) ဗဟိုအဖွဲ့ကို ဖွဲ့စည်းပါ။ ဦးဆောင်မှု နှင့် ဆက်သွယ်ရေးအတွက် အရေးကြီးပါသည်။
မိုဘိုင်းဖုန်းလိုင်း၊ အင်တာနက်လိုင်း စသဖြင့် ဆက်သွယ်ရေးများကို (ယာယီအားဖြင့်ဖြစ်စေ) ပြန်လည်ရရှိစေပါ။
ဖေ့ဘုတ်၊ တယ်လီဂရမ်၊ ဗိုက်ဘာ စသည်တို့ဖြင့် အခြေအနေအရပ်ရပ်ကို ထုတ်လွှင့်ပေးပါ။
ကမ္ဘာ့နိုင်ငံများမှ နားလည်စေရန် ဘာသာပြန်ခြင်းများဖြင့် ထုတ်လွှင့်ပါ။
ရေတိုအစီအစဉ် (၃ရက် မှ ၁လအတွင်း)
(အပျက်အစီး စာရင်းပြုစု)
မြေအောက်၊ မြေပြင်၊ ဝေဟင် (ဓာတ်တိုင်) ပုဂ္ဂလိက၊ အစိုးရ အဆောက်အအုံများ စသဖြင့် အပျက်အစီးများကို စာရင်းပြုစုပါ။
ပြည်တွင်း အင်ဂျင်နီယာ၊ လုပ်အားပေး စသဖြင့်ကို နေအိမ်၊ တံတား၊ ကျောင်း၊ ဆေးရုံများသို့ စေလွှတ်ပေးပါ။
(စွမ်းအင်လိုင်းများပြင်ဆင်)
ရေလိုင်း၊ မီးလိုင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုက်များကို (ရေတိုပင်ဖြစ်စေ) ပြင်ဆင်ပါ။
၎င်းလိုင်းများကို (အထူးသဖြင့်) ဆေးရုံ၊ ဆေးခန်း၊ ကယ်ဆယ်ရေးနေရာ၊ ကယ်ဆယ်ရေးဇုံများကို ဦးစားပေး ရရှိစေပါ။
မိုဘိုင်း ငွေပေးချေမှု၊ ငွေထုတ်ယူမှုများကို အဆင်ပြေ လွယ်ကူစေရန် ဘဏ်များမှ ကူညီပါ။
(ပတ်ဝန်းကျင်လုံခြုံရေး နှင့် ကာကွယ်ရေး)
ရဲ၊ ရဲစခန်း၊ နှင့် ရပ်ရွာလုံခြုံရေး အဖွဲ့များက ခိုး၊ အနိုင်ကျင့်၊ လုယက်မှုများကို စောင့်ကြည့် အကာအကွယ်ပေးပါ။
စိတ်ကျန်းမာရေး ဆရာဝန်၊ ဝန်ထမ်း၊ လူမှုအဖွဲ့များက တုံလှုပ်ခြောက်ခြားသူများကို သက်သာစေရန် ဆွေးနွေးပေးပါ။
(အလေအလွင့်စီမံခြင်း)
အန္တရာယ်များ၊ သွားလာရေးထိခိုက်၊ သုံးမရသည့် အပျက်အစီးပုံများကို ဦးစားပေး ဖယ်ရှားပါ။
ပြန်လည် အသုံးပြု၍ ရသည်များကို စုစည်းပြီး ပြန်လည် အသုံးပြုရန် စီမံလုပ်ဆောင်ပါ။
၎င်းတို့အတွက် လူနေထိုင်မှုနှင့် ဝေးရာ၊ (သို့) နေရာတစ်ခု သတ်မှတ်၍ ပို့ဆောင် လုပ်ကိုင်စေပါ။
ရေလတ်အစီအစဉ် (၁လ မှ ၆လ အတွင်း)
(အိမ်ယာအပိုင်း)
ကွန်တိုင်နာ အိမ်၊ ကြိုတင်ပြုလုပ် အိမ်၊ စသဖြင့်ကို (အမြဲနေထိုင်မှု မပြုလုပ်နိုင်သေးခင်) ယာယီအိမ်များကို ထူထောင်နိုင်ပါသည်။
အစိုးရမှ ဦးဆောင်၍ ငလျှင်ဒဏ်ခံ အိမ်များ ဆောက်လုပ်နိုင်စေဖို့ ခွင့်ပြုမိန့်ချပေးခြင်း၊ ငွေချေးပေးခြင်းများ ပြုလုပ်ပါ။
(အခြေခံအဆောက်အအုံအပိုင်း)
အဓိက ဆက်သွယ်ရေးလမ်းကြောင်းများ ဥပမာ မြစ်ကူးလမ်း၊ မြို့ကူးလမ်း၊ သွားလာရေး အရေးကြီးသော လမ်းများကို ဦးစားပေးပြန်တည်ဆောက်ပါ၊
ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အအုံးများကို စစ်ဆေး၍ ပြန်ဖွင့်စေပါ၊
(စီးပွားရေးအထောက်အပံ့)
အထူးသဖြင့် လုပ်ငန်းရှင် ကြီး၊ လတ်၊ ငယ် နှင့် လမ်းဘေးဈေးသည်များအတွက် ချေးငွေအကူအညီ ထောက်ပံ့ပေးပါ။
အခွန်ကင်း လွတ်ခွင့်၊ ငွေချေးလုပ်ငန်း (သတ်မှတ်အတိုးနှုန်းဖြင့်သာ)၊ အလုပ်ဖန်တီးပေးသော အလုပ်အကိုင်များ ပြန်လည်ထူထောင်ပေးပါ။
(ပညာရေးအထောက်အပံ့)
အကန့်အသတ်ရှိသော ဆရာ၊ စာရေးကိရိယာ၊ အရင်းအမြစ်များဖြင့် ပညာရေးများ အဆက်ပြတ်မသွားစေရန် ကြံဆောင်ပါ။
ဒီနေ့ခေတ် မိုဘိုင်းဖုန်းမှ သင်ယူရသော E-Learning စက်ပစ္စည်များ၊ လုပ်အားပေးများ၊ ရပ်ရွာအင်အားကို အသုံးပြုပြီး ယာယီ သင်ယူရေးစင်တာများ ဖွင့်လှစ်ပါ။
ရေရှည်အစီအစဉ် (၆လ မှ ၅နှစ်အထိ)
(မြို့ပြအစီအစဉ်)
🌟 မိမိတို့ နိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ငလျှင်ဒဏ်ခံ အဆောက်အအုံ ဒီဇိုင်း၊ အိုင်ဒီယာ၊ စည်းမျဉ်း၊ ကုဒ်နံပါတ်များ သတ်မှတ်ထူထောင်ပါ။
🌟 လက်ရှိ အဆောက်အအုံများကို သုံးသတ်ပါ။ လိုအပ်တဲ့ နည်းပညာ ပံ့ပိုးမှု ထည့်သွင်းပါ။
🌟 နှောင်ဆောက်တဲ့ အဆောက်အအုံများ အထူးသဖြင့် ကျောင်း၊ ဆေးရုံ၊ ဟိုတယ်များ (အထူးသဖြင့်) များတွင် အဆိုပါလိုက်နာရန်များ လိုက်နာရန် စည်းကြပ်ပါ။
(လူမှုပတ်ဝန်းကျင်ကြိုတင်ပြင်ဆင်မှု)
🌟 အကယ်လို့ ကျောင်း၊ ဆေးရုံ၊ ဈေး စသဖြင့် လူထူထပ်ရာများတွင် ငလျှင်ဖြစ်ရင် ဘာလုပ်မလဲ ကြိုတင်ပြင်ဆင် လေ့ကျင့်ထားပါ။
🌟 ဆယ်အိမ်တစ်ခု၊ ရာအိမ်တစ်ခု၊ ရပ်ကွက်အဖွဲ့များဖွဲ့၍ ကယ်ဆယ်ခြင်း၊ သူနာပြုစုခြင်း၊ ဆက်သွယ်ခြင်း စသည်တို့ကို ပူးပေါင်းလေ့ကျင့်ထားပါ။
(စီးပွားရေးပြန်လည်နလန်ထခြင်း)
🌟 အစိုးရပံ့ပိုးမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မိမိတို့' ကျွမ်းကျင်မှုများနှင့် ပေါင်းစပ်ပြီး စက်မှု၊ လက်မှု၊ ကုန်ထုတ်လုပ်မှုများ ပြန်လည်ထူထောင်လုပ်ကိုင်ပါ။
🌟 ပြိုပျက်သွားတဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ထိန်းသိမ်းပါ။ နိုင်ငံခြား ဧည့်သည်များကို ဖိတ်ခေါ်ပါ။ တဆက်တည်း မိမိတို့ နိုင်ငံကို နိုင်ငံခြားသားများ စိတ်ဝင်စားစဉ် ခရီးသွားလုပ်ငန်းများ ချောလဲရောထိုင် ပြန်လည်ထူထောင်ပါ။
(အချက်အလက်နှင့်နည်းပညာ)
🌟 ငလျှင်နှင့်ပတ်သက်ပြီး တစ်ခုခု ဖြစ်ရင် အချိန်နှင့်တပြေးညီ ခြေရာခံနိုင်တဲ့ မြေပုံ (GIS-based hazard) စနစ်မျိုး တည်ထောင်ထားပါ။
🌟 ရာသီဥတု၊ မိုးလေဝ၊ တက္ကသိုလ်၊ သုသေတနဌာနများဖြင့် ပူးပေါင်း၍ ငလျှင်ကြိုတင်အသိပေး နည်းပညာများ ထူထောင်/ကြံဆောင် ပါ။
အစိုးရမဟုတ်သော အဖွဲ့အစည်း နှင့် ပူးပေါင်းဆောင်ရွက်မှု
(အာဏာရှိဘေးအန္တရာယ်စီမံခန့်ခွဲမှု)
🌟 အကယ်လို့ နောက်တစ်ကြိမ် ငလျှင် (သို့) သဘာဝဘေးတစ်ခုခု ဖြစ်တယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ ဦးဆောင် အဖွဲ့အစည်းများ တစ်မြို့တစ်ခုလောက် တည်ထောင်ထားပါ။
🌟 UN, NGO, Red Cross စသဖြင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများဖြင့် တစ်ခုခုဆိုရင် ဘယ်လို ပူးပေါင်း လုပ်ကိုင်ကြမလဲ အစီအစဉ်ရေးဆွဲထားပါ။
(ရန်ပုံငွေကောက်ခံခြင်း၊ နှင့် စီမံခြင်း)
🌟 နိုင်ငံခြားအစိုးရ၊ နိုင်ငံခြား အလှူရှင်၊ ပြည်တွင်း အလှူရှင်များ၏ မတည်ငွေများဖြင့် ငလျှင်ဒဏ်ပြန်လည်ထူထောင်ရေး ရန်ပုံငွေကို ထူထောင်ပါ။
🌟 အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပြန်လည်ထူထောင်မှုများ အားထည့်လုပ်ဆောင်ပါ။
(ပွင့်လင်းမြင်သာမှုရှိခြင်း−အရေးကြီး)
🌟 အက်မင်တို့ သိန်း ၁၀၀ စာရင်း မရှိဘူး မလုပ်ကြပါနဲ့။ အဲ့ဒါတွေက သာမန်အလှူပြုသူ ပြည်သူတွေရဲ့ ချွေးနည်းစာ ဖြစ်ပါတယ်။ ဒါကြောင့် အက်မင်တို့ influencer ကြီးတွေ ဘယ်လောက်ချမ်းသာ လင့်ကာစ စနစ်တကျ (စာရင်းလုပ်၍သာ) ဖြစ်သင့်ပါတယ်။
🌟 အကယ်လို့ သင်က ကျော်ကြားသူ၊ တာဝန်ယူသူ၊ အာဏာရှိသူ ပြီးတော့ သင်က အဲ့ဒီ အရေးကြီးနေရာမှာ ပါဝင်မယ်ဆိုရင် သင့်အနေဖြင့် တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံရဲ ရပါမယ်။ ဒီအတွက် လုပ်ဆောင်ရမှာက ရှင်းပါတယ်။
🌟 နေ့စဉ်အဖြစ်အပျက် အကြောင်းအရာများကို အချိန်အခါမလင့်စေပဲ ဝဘ်ဆိုဒ်၊ ရေဒီယို၊ ဆိုရှယ်မီဒီယာ နှင့် အင်တာနက်များပေါ် တွင် Up-to-dated တင်ပေးပါ။ ဆိုလိုတာ ပွင့်လင်းမြင်သာပေးပါ။
🌟 ပြီးတော့ Two-way-communication ကို ဖော်ဆောင်ပါ။ သင်ပြောတာ ပြည်သူမြင်ရတယ်၊ ပြည်သူ (သို့) လူမှုအဖွဲ့အစည်းများက သူတို့ ရှုထောင့်၊ အိုင်ဒီယာ၊ အကြံပြုချက်များ သင်မြင်ရစေမှာ ဖြစ်ပါတယ်။ ဒီအတွက် Feedback box ထားပေးပါ။
အထက်ပါများကို မြန်မီနူးက အကူအညီပြုသူများ နှင့် အကူအညီလိုများ၏ ဘဝများစွာတို့၏ ရေတို၊ ရေလတ်၊ ရေရှည် အကျိုးကို မျှော်ကိုးပြီး အကြံပြုပေးလိုက်ပါတယ်။ အကယ်လို့ သင့်မှာ မေးခွန်း ထင်မြင်ချက် တစ်ခုခုဆိုရင် လွတ်လပ်စွာ ရေးသားမန့် ခဲ့နိုင်ပါတယ်။