⛆ မြန်မီနူး၏ ဒီဂျစ်တယ်မီနူး ရှင်းပြခြင်း (Explain Interface)၊


ဒီနေ့ခေတ်မှာ မိုဘိုင်းနည်းပညာ၊ အင်တာနက်ကွန်ယက်၊ အိုင်တီနည်းပညာ စသည်တို့ဟာ လူတိုင်းလက်ထဲမှာ ရောက်ရှိနေနိုင်အောင် အစစအရာရာ ပြောင်းလဲတိုးတက်နေတာပါ။ အဆိုပါ အခြေအနေအပေါ်မူတည်ပြီး အက်မင်တို့အားလုံးလည်း အစစအရာရာ ပြောင်းလဲတိုးတက်ဖို့ လိုအပ်နေတာပါ။ အဲ့ဒီလိုလည်း အစစအရာရာ ပြောင်းလဲတိုးတက်မှုတွေကို ပြုလုပ်နေကြရတာပါ။

အဲ့ဒီအထဲမှာ အက်မင်တို့ရဲ့ စားသောက်ဆိုင်လုပ်ငန်းများလည်း ပါဝင်နေပါတယ်။ တကယ်တော့ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ စီးပွားရေးလုပ်ငန်းမှ မကပါဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်လုပ်ငန်းမဆို၊ ဘယ်သူတစ်ဦးတစ်ယောက်မဆို နောက်ကျကျန်ရစ်ခဲ့လို့ မရတော့ပါဘူး။ ဥပမာ ပေးရမယ်ဆိုရင် "ဒီနေ့ခေတ် လူတစ်ဦးအနေဖြင့် အင်တာနက်ချိတ်ဆက်လို့ ရတဲ့ မိုဘိုင်းဖုန်း မရှိနေဘူးဆိုရင် လူဖြစ်ရကျိုးပင် မနပ်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်" ဟုတ်တယ်ဟုတ်။

ဒါကြောင့် အက်မင်တို့ အနေဖြင့် အဆိုပါ ပြောင်းလဲတိုးတက်မှုများအကြား သင့်ဆိုင်ကိုလည်း ပြောင်းလဲတိုးတက်ရအောင် မိရိုးဖလာစာရွက်/ ဖိုင်တွဲမီနူးမှနေ၍ ခေတ်မှီစနစ်ကျနပြီး အိုင်တီနည်းပညာ အသုံးပြုထားသည် ဒီဂျစ်တယ်မီနူး (E-Menu) အသုံးပြုလို့ရအောင်၊ တနည်းပြောရရင် သင့်ဆိုင်ကိုလည်း ခေတ်နှင့်အညီ အသွင်းပြောင်း (transformation) ပြောင်းလဲတိုးတက်လို့ရအောင် အခု ဒီဂျစ်တယ်မီနူးဆိုတာကို စတင် ဝန်ဆောင်မှု ပေးနေပါပြီ။

စာကြွင်း။   ။ ဒီနေ့ခေတ်မှာ ဒီဂျစ်တယ်မီနူးဆိုတာ ရွေးချယ်စရာ/ စဉ်းစားစရာ မကတော့ပါဘူး။ စားသောက်ဆိုင်လုပ်ငန်းအတွက် မရှိမဖြစ် Key Feature တစ်ခု ဖြစ်နေပါပြီနော်။

မြန်မီနူး၏ ဒီဂျစ်တယ်မီနူး၏ interface ကို ရှင်းပြခြင်း

၁) Logo (သင့်ဆိုင်လိုဂိုကို ပြသပေးမှာ ဖြစ်ပါသည်)
၂) Bev (အဖျော်ယမကာများကို စုစည်းပြသပေးမှာ ဖြစ်ပါသည်၊ အကယ်လို့ သင့်အနေဖြင့် သီးသန့် ဘားနေရာ (သို့) အဖျော်နေရာ ရှိတယ်ဆိုရင် အဆိုပါနေရာတွင် ဖော်ပြနိုင်ပါသည်။ ဥပမာ Captain Bar)
၃) Veg (သတ်သတ်လွတ်များကို စုစည်းပြသပေးမှာ ဖြစ်ပါသည်၊ အကယ်လို့ သင့်အနေဖြင့် သီးသန့် ဘားနေရာ (သို့) အဖျော်နေရာ ရှိတယ်ဆိုရင် အဆိုပါနေရာတွင် ဖော်ပြနိုင်ပါသည်။ ဥပမာ Roof Top Bar)
၄) Combo (ထမင်းကြော် + ကိုလာ စသဖြင့် သင့်ဆိုင်၏ ပေါင်းစပ်မီနူးများကို ပြသပေးမှာ ဖြစ်ပါသည်)
၅) % (ဆိုင်ရှင်၊ မန်နေဂျာတို့မှ အရောင်းမြှင့်ဖို့အတွက် ပြုလုပ်လိုက်သော ဆိုင်ပရိုမိုးရှင်းများကို ပြသပေးမှာ ဖြစ်ပါသည်)
၆) List (မီနူးများကို အမျိုးအစားအားဖြင့် ပြသပေးမှာ ဖြစ်ပါသည်)
၇) Menu (မီနူးများကို ပြသပေးမှာ ဖြစ်ပါသည်)
၈) Send (ဧည့်သည်၏ စားဖွယ်အော်ဒါများကို ခလုတ်နှိပ်၍ ဆိုင်ငွေကိုင်စက်သို့ အော်ဒါလှမ်းတင်နိုင်မှာ ဖြစ်ပါသည်)
၉) Slip (ဧည့်သည်၏ အော်ဒါတင်မှု အခြေအနေ နှင့် အော်ဒါစာရင်းများကို ပြသပေးမှာ ဖြစ်ပါသည်)
၁၀) Table-10 (သက်ဆိုင်ရာ ကျူအာကုဒ်၏ အခန်းနံပါတ် (သို့) စားပွဲနံပါတ်ကို ပြသပေးမှာ ဖြစ်ပါသည်)
၁၁) Search Box (စားဖွယ်အမည်၊ ကုဒ်နံပါတ်၊ အမျိုးအစား အားဖြင့် ရှာဖွေနိုင်မှာ ဖြစ်ပါသည်)
၁၂) Book Shape (စားဖွယ်အကြောင်းအရာ ရှင်းလင်းဖော်ပြချက် (ရှိလျှင်)များကို ပြသပေးမှာ ဖြစ်ပါသည်)
၁၃) Photo (စားဖွယ်ဓာတ်ပုံများကို ပြသပေးမှာ ဖြစ်ပါသည်)
၁၄) Name & Price (စားဖွယ်ကုဒ်၊ အမည်၊ နှင့် ဈေးနှုန်းများကို ပြသပေးမှာ ဖြစ်ပါသည်)


အခုအခါမှာတော့ မြန်မီနူး၏ ဒီဂျစ်တယ်မီနူးကို ပုံမှန်စားသောက်ဆိုင်ကြီးများသာမက၊ ဟိုတယ်စားသောက်ဆိုင်ကြီးများတွင်ပါ အခန်းမှ အော်ဒါမှာယူလို့ရအောင် အထူးတပ်ဆင် ဝန်ဆောင်မှုပေးနေပါပြီနော်။ ဒါကြောင့် သင့်ဆိုင်အတွက်လည်း သင့်ပြိုင်ဘက်ဆိုင်ထက် ခေါင်းတစ်လုံးအသာစီးဖြင့် (Leverage) ယှဉ်ပြိုင်လို့ရအောင်ဆိုရင် မြန်မာ့နံပါတ် (၁) စားသောက်ဆိုင် ဒီဂျစ်တယ်မီနူး (မြန်မီနူး) ပါလို့ အကြံပြုပေးလိုက်ရပါတယ်။

နမူနာ စားပွဲ/အခန်း QR ကုဒ်များ လေ့လာရန် https://crm.myanmenu.com/knowledge-base/article/sample-myanmenu-qrcode

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?