အက်မင်တို့ စားသောက်ဆိုင်လုပ်ငန်းမှ မကပါဘူး၊ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်လုပ်ငန်းမျိုးမဆို မားကက်တင်းကို လုပ်ကိုင်နေကြရတာပါ။ တချို့က သိလို သိသလို လုပ်ကိုင်ကြပါတယ်။ တချို့က မသိပဲ မသိသလို လုပ်ကိုင်နေကြတာပါ။ လုပ်ကိုင်တာချင်း အတူတူဖြစ်ပေမယ့်၊ ပြန်လည်ရရှိတဲ့ အနှစ်သာရ နှင့် အကျိုးကျေးဇူးမှာတော့ ကွာခြားချက်တွေ ရှိနေတာပါ။ အက်မင်တို့ ဘာလဲ ဆက်လက်လေ့လာကြည့်ကြရအောင်လား?
မားကက်တင်းကို သိသိ/ မသိသိ လုပ်ကိုင်မိနေတဲ့ မားကက်တင်းလုပ်ဆောင်ချက်တွေကို အရင်ဆုံး လေ့လာကြည့်ရအောင်လား။
- ငါ့ဆိုင်မှာ ဘာစားဖွယ်ရောင်းမလဲ? Product ဖြစ်ပါတယ်။ မားကက်တင်း scope ထဲမှာ ပါဝင်ပါတယ်။
- ဈေးနှုန်း ဘယ်လောက် သတ်မှတ်မလဲ? Pricing ဖြစ်ပါတယ်။ မားကက်တင်း scope ထဲမှာ ပါဝင်ပါတယ်။
- ဘယ်နေရာမှာ ဆိုင်ဖွင့်မလဲ? Place ဖြစ်ပါသည်။ မားကက်တင်း scope ထဲမှာ ပါဝင်ပါတယ်။
- ဘယ်လို ပရိုမိုးရှင်းတွေ ပေးမလဲ? Promotion ဖြစ်ပါသည်။ မားကက်တင်း scope ထဲမှာ ပါဝင်ပါတယ်။
- ဘယ်လို tangible ကြော်ငြာမလဲ၊ လက်ကမ်းစာစောင်၊ အွန်လိုင်း၊ မီဒီယာ စသဖြင့် ဖြစ်ပါသည်။ Physical Evidence ဖြစ်ပါသည်။ မားကက်တင်း scope ထဲမှာ ပါဝင်ပါတယ်။
- ဘယ်ဝန်ထမ်းတွေ ဧည့်သည်ကို ဘယ်လိုပုံစံဧည့်ခံမလဲ? People ဖြစ်ပါသည်။ မားကက်တင်း scope ထဲမှာ ပါဝင်ပါတယ်။
- ဘယ်လိုချက်ပြုတ်မလဲ? ဘယ်လိုဧည့်ခံမလဲ?ပို့ဆောင်မလဲ? Process ဖြစ်ပါသည်။ မားကက်တင်း scope ထဲမှာ ပါဝင်ပါတယ်။
အက်မင်တို့ အထက်မှာ ဖော်ပြခဲ့တာ မားကက်တင်းဆိုရင် လွယ်လွယ်ကူကူ နှင့် အချက်အလက် ပြည့်ပြည့်စုံစုံ စဉ်းစားလုပ်ကိုင်လို့ရအောင် framework အဖြစ် ပြုလုပ်ထားတဲ့ P7 ဖြစ်ပါတယ်။ အကယ်လို့ သင့်အနေဖြင့် လုပ်ငန်းတစ်ခုခု၊ ဝန်ဆောင်မှုတစ်ခုခု၊ ကုန်ပစ္စည်းတစ်ခုခုဆိုရင် အဲ့ဒီ framework ကို ပြန်ခေါ်ပြီး သင့်မားကက်တင်း ဘာလုပ်ရမလဲ ပြည့်ပြည့်စုံစုံ စဉ်းစားနိုင်ပါတယ်။ အဲ့ဒါကိုတော့ 1960 လောက်က E. Jerome McCarthy ဆိုသူက P7 marketing mix ဆိုပြီး ဖော်မြူလာ framework ပြုလုပ်ခဲ့တာပါ။
ဒါဆိုရင် မားကက်တင်းက သေးသေးလေးလား
အက်မင်တို့ မားကက်တင်း အရေးပါပုံ၊ အရွယ်အစား၊ အသုံးဝင်ပုံကို ခေါင်းရွက်ဗျတ်ထိုးဆိုင်ငယ်၊ လမ်းဘေးဆိုင်ငယ်၊ လက်တွန်းလှည်းဆိုင်လေးဖြင့် ခိုင်းနှိုင်းပြောဆိုလို့တော့ မြင်သာလှမှာ မဟုတ်ပါဘူး။ ဒါကြောင့် အက်မင်တို့ မားကက်တင်း အရေးပါမှု အရွယ်အစား၊ အသုံးဝင်မှုကို မြင်သာစေရန် လုပ်ငန်းကြီးတစ်ခုနှင့် စဉ်းစားတွေးခေါ်ပြပေးပါမယ်။
ဆိုကြပါစို့.. သင့်မှာ သန်း ၁၀၀ ဘက်ဂျက်ရှိတယ်၊ သင် ထီးစက်ရုံတည်ထောင်မှာလား? ဖိနစ် စက်ရုံတည်ထောင်မှာလား? သင့် ဆုံးဖြတ်ရွေးချယ်လုပ်ဆောင်မှု မှန်ကန်ရင် အတိုင်းထက်အလွန်အောင်မြင်မယ်၊ သင့်ဆုံးဖြတ်ရွေးချယ်လုပ်ဆောင်မှု မှားယွင်းရင်တော့ အဲ့ဒါရဲ့ ပြောင်းပြန် သင့် အရင်းအမြစ်တွေ သဲထဲရေသွန် ဖြစ်ရပါမယ်။
ကဲ.. သင်ဘာလုပ်ပါမလဲ? အဲ့ဒီမှာ မားကက်တင်း ဘယ်လောက်ကြီးမားတယ်ဆိုတာကို မြင်တွေ့လိုက်ပါသလား?
မှန်ပါတယ်.. အက်မင်တို့ အနေဖြင့် ထီးစက်ရုံကို ရွေးချယ်ဖို့ အဲ့ဒီ နိုင်ငံမှာ ရှိတဲ့ ရာသီဥတု ကြည့်ရပါမယ်။ စက်ရုံတည်နေရာ ကြည့်ရပါမယ်။ ပြိုင်ဘက်တွေကို ကြည့်ရပါမယ်။ ဖိနစ်စက်ရုံ ရွေးချယ်ဖို့ ကိုယ့်မှာ နည်းပညာ ရှိလား ကြည့်ရပါမယ်။ အဲ့ဒီလူမျိုးတွေ ရဲ့ ယဉ်ကျေးမှု ဖိနပ်ပုံစံ နားလည်ရပါမယ်။ ဖိနစ်တော့ ထုတ်လိုက်ပြီး ဘယ်လိုရောင်းချမှာလည်း ဒါတွေက မေးခွန်းတွေ ဖြစ်ပါတယ်။ မားကက်တင်း scope ထဲမှာ ပါဝင်နေတဲ့ အယူအဆတွေ ဖြစ်ပါတယ်။ ဒါဆိုရင် အထက်ပါမေးခွန်းအတွက် အဖြေရလိုက်ပြီလို့ မြင်ပါတယ်။
မားကက်တင်း အရွယ်အစား နှင့် လုပ်ငန်းအရွယ်အစား အချိုး
လမ်းဘေးဆိုင်ငယ် ပိုင်ရှင်က ငါချက်တတ်တာ၊ ငါရောင်းချင်တာ၊ ငါမီနူးထုတ် ဈေးသတ်မှတ်ပြီး ရောင်းချသလိုရောင်းဖြစ်ပါတယ်။ အဲ့ဒါတွေ အကုန်လုံးက မားကက်တင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် quality မကောင်းလှတဲ့ marketing တွေ ဖြစ်ပါတယ်။ အဲ့ဒါနဲ့အတူ ဥပမာ ဆိုင်ခွဲများစွာ ရှိတဲ့ ဆိုင်အင်ပါယာကြီးကတော့ အဲ့ဒီလို ကံစမ်းပြီး ရွေးချယ်ခြင်းထက် ပို၍ quality ကောင်းမွန်တဲ့ မားကက်တင်းကို ပြုလုပ်ရတာပါ။ ဘာကြောင့်လဲဆိုရင် ဆိုင်ငယ် တစ်ခုခု ချွတ်ချော်ရင် ထိခိုက်နစ်နာမှု နည်းပါးပေမယ့် ဆိုင်ကြီး နစ်နာရင် အတိုင်းအဆ ပိုများတာ မဟုတ်ပါလား။ အဲ့ဒီတော့ ဆိုင်ကြီး မားကက်တင်းအတွက် တိကျတဲ့ စာရင်းဇယားတွေ sale record တွေ၊ ဧည့်သည်နှစ်သက်မှု popularity၊ အမြတ်အစွန်းကျန်မှု profitability တွေ ဒါတွေကို စနစ်တကျ လေ့လာတွက်ချက်ပြီးမှ ဆုံးဖြတ်ရမယ် မဟုတ်ပါလား။
- ဆိုင်ကြီးရင် မားကက်တင်း အရည်အသွေး ပိုကောင်းမယ်၊ မားကက်တင်း အရည်အသွေးပိုကောင်းရင် ဆိုင်ပိုကြီးမယ်။
- ဆိုင်ငယ်ရင် မားကက်တင်း အရည်အသွေး သေးငယ်မယ်၊ မားကက်တင်း အရည်အသွေးသေးငယ်ရင် ဆိုင်ငယ်မယ်။
အထက်ပါကတော့ ဘာကြောင့် ဆိုင်ငယ် နှင့် ဘာကြောင့် ဆိုင်ကြီး ဖြစ်ရလဲကို မားကက်တင်း quality အပေါ် အချိုးချ စဉ်းစားပြခဲ့ခြင်း ဖြစ်ပါသည်။
မားကက်တင်း မသိဘူး VS. မားကက်တင်း သိရင်
အက်မင်တို့ မားကက်တင်း မသိဘူး၊ ဒါပေမယ့် အလုပ်ကြိုးစားတယ်၊ ဒါကြောင့် ကံကောင်း အကြောင်းတည့်လို့ အောင်မြင်တဲ့ ဆိုင်တွေလည်း အများကြီး တွေ့မြင်ဖူးကြမှာပါ။ ဒါက ကံကောင်း အကြောင်းတည့်တယ်ဆိုပြီး ပြောခဲ့တဲ့အတိုင်းပါပဲ။ အကယ်လို့ ကံမကောင်းတော့ဘူး၊ အကြောင်းမတည့်တော့ဘူးဆိုရင်.. အကယ်လို့ မားကက်တင်း အယူအဆ (စီမံခန့်ခွဲမှု) ကို နားမလည်ဘူးဆိုရင် လမ်းကြောင်းမှန်အပေါ် ပြန်ရောက်ဖို့ ခက်ခဲနေစေနိုင်ပါတယ်။
အဲ့ဒီမှာ မားကက်တင်း (စီမံခန့်ခွဲမှု) သိသူ နှင့် မသိသူ ကွာခြားသွားတာပါ။ မားကက်တင်း မသိသူ အောင်မြင်နိုင်တယ်၊ ဒါက ကံကောင်း အကြောင်းတည့်တုန်း ကာလတိုး ဖြစ်နိုင်ပါတယ်။ မားကက်တင်း (စီမံခန့်ခွဲမှု) သိသောသူ မအောင်မြင်ဖူးဆိုရင်တောင် အချိန်တစ်ခုမှာ လမ်းကြောင်းပေါ် တည်မတ်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီသူမျိုး အောင်မြင်ပြီဆိုရင်လည်း ပိုကြီးမားတဲ့ အောင်မြင်တွေ၊ ပိုကြာရှည်တဲ့ အောင်မြင်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
မြန်မီနူးအကြံပြု
အခုဆိုရင် မားကက်တင်း အရေးပါပုံကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်မယ်လို့ မြင်ပါတယ်။
၁) အကယ်လို့ သင့်ဆိုင်သေးတယ်ဆိုရင်လည်း အဲ့ဒါက မားကက်တင်း အရေးမပါတာ မဟုတ်ပါဘူး။ သက်ရောက်မှုနည်းပါးလို့ သင်သတိမထားမိတာမျိုးသာ ဖြစ်ပါတယ်။ သင့်ဆိုင် ထိုက်တန်တဲ့ အောင်မြင်မှု ရယူနိုင်အောင် အတိုင်းအတာတစ်ခုအထိ quality မားကက်တင်း ပြုလုပ်ပေးပါ။
၂) ထို့အတူ သင့်ဆိုင်က အကြီးကြီးဆိုရင်လည်း မားကက်တင်းကို ပေါ့ပေါ့တန်တန် တုတ်ထိုး အိုးပစ် မလုပ်ပါနဲ့။ ပိုကြီးများတဲ့ ရေရှည်အောင်မြင်မှုများ ရယူနိုင်အောင် quality မားကက်တင်း ပြုလုပ်ပါ။