💯 အရှုံးခံရောင်းမဟာဗျူဟာ (ထမင်းဖြူ)

အကယ်လို့ လျှပ်စစ်မီးမမှန်လို့ သင့်ဆိုင်က စားဖွယ်တွေကို အရှုံးခံရောင်း ရမယ်ဆိုရင် သင်နားလည်နိုင်ပါ့မလား။ အကယ်လို့ နားမလည်နိုင်ဘူးဆိုရင်တော့ အခုပို့စ်ကို သေချာဖတ်ဖို့ အကြံပြုပါတယ်။

ဧည့်သည်အခြေအနေ

✅ နေအိမ်။  ။ ချက်ပြုတ်ရ ကသီ။
✅ ဝန်ထမ်း။  ။ ထမင်းဗူး ကသီ။
✅ လုပ်သား။  ။ ထမင်းဗူး ကသီ။

မားကက်တင်းအိုင်ဒီယာ

💯 ထမင်းဖြူ အရှုံးခံရောင်းချခြင်း၊
💯 နှုတ်မြိန်စာ (Appetizer) အရှုံးခံရောင်းချခြင်း၊
💯 အအေး (မကျီးရည်) အရှုံးခံရောင်းချခြင်း၊
* အခု အခြေအနေအရ ထမင်းဖြူက အကောင်းဆုံး ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ပို့စ်ကို အဆုံးအထိ ဖတ်ပါဦးနော်။

မားကက်တင်းအယူအဆများ

📊 Loss Leader လူ့ စိတ်ထားက ငါ တစ်ခုရရင် တစ်ခုပြန်ပေးရမယ် ဒီလိုတွေ့ကြုံဖူးတော့ ဒီလိုပဲ မှတ်ယူထားပါတယ်။ ဒါကြောင့် ဧည့်သည်ကို ထမင်းဖြူပေးရင် သူက တစ်ခုခု ပြန်ဝယ်သွားမှာပါ။
📊 Cross-Selling ဒါက ထမင်းဖြူ၊ နှုတ်မြိန်စာ၊ အအေး တစ်ခုခု ပေးလိုက်ခြင်းက တခြားတွဲဖက် စားဖွယ်များကို သုံးဆောင်စေခြင်းမျိုး ဖြစ်ပါတယ်။
📊 Up-selling ဒါက ဧည့်သည်မှ အမြည်းသဘောကို နှစ်သက်လို့ ပမာဏများများ သုံးဆောင်ခြင်း၊ ပါဆယ်ဆွဲခြင်းကို ရည်ရွယ်ပါတယ်။
📊 Teaser ဒါက စားဖွယ်အထူးအဆန်းအတွက် ဖြစ်ပါတယ်။ ဧည့်သည်ကို မြည်းစမ်းစေ၍ နှစ်သက်သုံးဆောင်စေခြင်းမျိုး ဖြစ်ပါတယ်။
📊 Well-Known သင့်ဆိုင် ဧည့်သည်လာရောက်မှု၊ စည်ကားမှုက သင့်ဆိုင်နာမည်ကြီးမှု နှင့် ဆိုင်အောင်မြင်မှု ဖြစ်ပါတယ်။
📊 Goodwill သင့်ဆိုင်အပေါ် ဧည့်သည်၏ သဘောကျမှု နှစ်လိုမှု ရင်းနှီးမှု ဖြစ်ပါတယ်။
📊 Anchor Pricing သင့်ဆိုင် ထမင်းဖြူလျှော့စျေးတစ်ခုကို မြင်ပြီး (ယေဘုယျအားဖြင့်) ဒီဆိုင်က ဈေးသက်သာလှတယ် ထင်မြင်စေခြင်းမျိုး ဖြစ်ပါတယ်။
📊 Foot-in-the-Door ပထမတစ်ကြိမ် အရောင်းတစ်ခါ ဖြစ်သွားစေခြင်းက နှောင်အခါ အရောင်းအကြိမ်ကြိမ် ဖြစ်သွားစေဖို့ ခြေလှမ်း ဖြစ်ပါတယ်။

သင့်ဆိုင်မှာ ဆောင်ရွက်ရန် (စီမံခန့်ခွဲမှု စဉ်းစားပုံ)

⛔ အကယ်လို့ သင့်ဆိုင် ဧည့်သည်တွေက အလကားပဲ ထိုင်ယူနေတယ်ဆိုရင်လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။
⛔ သင့်ဧည့်သည်က ကြိုက်တာတမျိုး၊ သင်ကမ်းလှမ်းတာတစ်မျိုး ဆိုရင်လည်း ထိရောက်လှမှာ မဟုတ်ပါဘူး။
⛔ နောက်ပြီး သင်လျှော့ပေးလိုက်တာက များများ၊ သင့်ဧည့်သည် ပြန်ဝယ်သွားတာက နည်းနည်းဆိုရင်လည်း (-) ပြနေမှာပါ။
⛔ သင်က Offer ကို ဒီနေ့ပေးတယ်။ မနက်ဖြန် Return ပြန်လိုချင်တယ်။ ဒါပေမယ့် ဧည့်သည် Return က နောက်တပတ်ဆိုရင်လည်း လွဲချော်နေမှာပါ။
⛔ သင်က ချမ်းသာရပ်ကွက်မှာ၊ ဧည့်သည်က ထမင်းဖြူ မယူဘူးဆိုရင်လည်း သင့်အိုင်ဒီယာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

အက်မင်တို့ ဘာကိုပြောနေတာလဲဆိုရင် သင့်ဆိုင်အတွက် အိုင်ဒီယာသည် သင်၏ လိမ္မာပါးနပ်မှုအပေါ် မူတည်နေပါသည်။ ဒါကြောင့် သင်ကိုယ်တိုင် ဘယ်စားဖွယ်လဲ? ထမင်းဖြူလား? အကန့်အသတ်မဲ့လား? အချိန်နဲ့လား? ဒါမှမဟုတ် သင့်ဆိုင်က အထူးတီထွင်လိုက်တဲ့ စားဖွယ်လား? ဒါဆိုရင်လည်း ဈေးဘယ်လောက်လဲ? ဘယ်လိုရောင်းမှာလဲ? ဘယ်ဧည့်သည်အတွက်လဲ? စသဖြင့်ကို သင်ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ရမှာပါ။

နိဂုံးပြောရရင် လက်ရှိအခြေအနေကို တန်ဖိုးထားပါ။ ဧည့်သည်ကို စေတနာထားပါ။ မားကက်တင်း/ စီမံခန့်ခွဲမှုကို ယုံကြည်ပါ။ ဒါဆိုရင် သင့်ဆိုင်ရဲ့ အောင်မြင်မှုများကို ဘယ်အခြေအနေပဲဖြစ်ဖြစ် ဖန်တီးရယူနိုင်မှာ ဖြစ်ပါလိမ့်မည်ဟု အကြံပြုပေးလိုက်ပါတယ်။

😎Good Luck ပါနော်။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?