📢 တစ်မိနစ်ဆိုင်ပရိုမိုးရှင်း (သို့) မြန်မီနူးစနစ် (ပြည့်ပြည့်စုံစုံ)

စားသောက်ဆိုင် အရောင်းတိုးဖို့အတွက် ပရိုမိုးရှင်းတစ်ခုခု ဧည့်သည်စည်ကား၊ အရောင်းကောင်းမယ်ဆိုတာ သိပါတယ်။ ဒါပေမယ် လက်တွေ့မှာ အဲ့ဒီ ဆိုင်ပရိုမိုးရှင်း ပြုလုပ်ဖို့အတွက် အစစအရာရာ ခက်ခဲ အလုပ်များနေတော့တာပါ။ အကယ်လို့ ဆိုင်ပရိုမိုးရှင်းတစ်ခုကို Manual ပြုလုပ်မယ်ဆိုရင်_

၁) စားဖွယ် ရွေးချယ်ရမယ်၊
၂) ဈေးနှုန်းပြောင်းလဲရမယ်၊
၃) ငွေကိုင်ကို အဲ့ဒီစားဖွယ်၊ အဲ့ဒီဈေးနှုန်း၊ အဲ့ဒီအချိန်မှာ ရောင်းချစေမယ်၊ 
၄) ကြော်ငြာဖို့အတွက် ပြင်ဆင်ရမယ်၊
၅) အွန်လိုင်းပို့စ်၊ ဆိုင်ဗီနိုင်း၊ ဆိုင်းဘုတ် ဒါတွေ ပြုလုပ်ရမယ်။

အကယ်လို့ ပရိုမိုးရှင်းက မှန်မှန်ကန်ကန် ပြီးသွားတယ်ဆိုရင် အကြောင်းမဟုတ်ဘူး။ ဒါမှမဟုတ် တစ်ခုခု မှားယွင်းသွားရင် အကျိုးထက် အပြစ်ရမှာပါ။ ဒါကြောင့် ပရိုမိုးရှင်းလုပ်ရမယ်ဆိုရင် ခက်ခဲ၊ ထိတ်လန့်၊ အဆင်မပြေ ဖြစ်ကြတာကို နားလည်ပါတယ်။ ဒါကြောင့် မြန်မီနူးက သင့်ဆိုင်ပရိုမိုးရှင်းကို မိနစ်ပိုင်းဖြင့် အမှားအယွင်းမရှိ၊ စနစ်တကျ၊ လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ Solution ကို ချပြပေးလိုက်ပါတယ်။

မြန်မီနူး တစ်မိနစ် ဆိုင်ပရိုမိုးရှင်း Solution ဘာလဲ

မြန်မီနူးတွင် မားကက်တင်း + စီမံခန့်ခွဲမှု + နည်းပညာတွေ ပေါင်းစပ်ထားတဲ့ အိုင်တီ Solution ရှိပါတယ်။ ဒီအတွက် သင်လုပ်ဆောင်ရမယ့် တစ်မိနစ် လုပ်ဆောင်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

တစ်မိနစ်လုပ်ဆောင်ချက်

သင့် ဒက်ရှ်ဘုတ်ကိုဖွင့်ပါ။ ပြီးရင် သင်ပြုလုပ်လိုတဲ့ ပရိုမိုးရှင်းအမည်၊ ပြုလုပ်လိုတဲ့ စားဖွယ်၊ လက်ဆောင် (သို့) ရာခိုင်နှုန်း ရွေးချယ်လိုက်ရုံပါပဲ။ ဒါဆိုရင် သင့်ဆိုင်ပရိုမိုးရှင်း ဆက်တင်ချ သတ်မှတ်လိုက်လို့ ပြီးပါပြီ။

ငွေကိုင်စက် Update

အကယ်လို့ ငွေကိုင်က အင်တာနက်ပြုတ်နေရင် အင်တာနက် ပြန်ချိတ်ပေးပါ။ ပြီးရင် F5 Refresh ခလုတ်တစ်ချက် နှိပ်လိုက်ပါ။ ဒါဆို သင်သတ်မှတ်လိုက်တဲ့ ဆိုင်ပရိုမိုးရှင်းအားလုံး ငွေကိုင်စက်ထဲ ရောက်ရှိသွားပါပြီ။

ဒီဂျစ်တယ်မီနူး (E-Menu)

သင်ကိုယ်တိုင် သင့်ဖုန်းဖြင့် လက်တွေ့ ကြည့်ရှုနိုင်ပါတယ်။ ဒီအတွက် အောက်ပါပေးထားတဲ့ QR ကုဒ်ကို Scan ဖတ်ပါ။ (သို့) အောက်ပါလင့်ခ်ကို နှိပ်ပါ။

(သို့)

https://sys2.myanmenu.com/hazotestg/Sale/POS/2/1/21.html

နမူနာ ပရိုမိုးရှင်းများကတော့..

၁) ဒီနေ့/တပတ်အထူးစားဖွယ်
    အုန်းနို့များများ ပါဝင်လို့ အီစိမ့်နေပါမည်

၂) Happy Hour (သောကြာနေ့တိုင်း)
    Buy 3, Get 5
    တိုက်ဂါး (စည်)

၃) မိသားစုထမင်းကြော်ပွဲကြီး
    (30% Off)

၄) ပေါင်းစပ်စားဖွယ်
    ထမင်းကြော် + ဘီယာ (Combo)

အထက်ပါ မြန်မီနူးစနစ် အကူအညီဖြင့်ဆိုရင် သင့်ဆိုင်အတွက် အလုပ်ရှုပ်၊ ခက်ခဲလှတဲ့ ဆိုင်ပရိုမိုးရှင်းဆိုတာကြီးကို မိနစ်ပိုင်းမျှဖြင့်ပင် စနစ်တကျ၊ လွယ်လွယ်ကူကူ၊ ထိထိရောက်ရောက် ပြုလုပ်ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။

အကယ်လို့ မြန်မီနူးစနစ် ရယူလိုမယ်ဆိုရင်

https://crm.myanmenu.com/knowledge-base/article/emenu-order-myanmenu

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?