👀 မီးဖိုဆောင်အတွက် ဒစ်စပလေး နှင့် ပရင်တာ ဘာရွေးချယ်ရမလဲ?

မြန်မီနူးစနစ်တွင် မီးဖိုဆောင် အော်ဒါများလက်ခံရရှိဖို့အတွက် ပရင်တာ (သို့) ဒစ်စပလေး တက်ပလက် ရွေးချယ်အသုံးပြုလို့ ရပါတယ်။ အကယ်လို့ သင့်အနေဖြင့် အဆိုပါများအကြောင်း အရင်ဦးဆုံး လေ့လာချင်တယ်ဆိုရင် အောက်ပါလင့်ခ်မှာ အရင်လေ့လာပါဦးနော်။

မီးဖိုဆောင် တက်ပလက်ဒစ်စပလေး နှင့် ပရင်တာအော်ဒါစာရွက်

အက်မင်တို့ အခု အဲ့ဒီ စက်နှစ်မျိုး မီးဖိုဆောင် အော်ပရေးရှင်းအတွက် ပရင်တာလား? ဒစ်စပလေးလား? ဘယ်တစ်မျိုး သင်ရွေးချယ်သင့်လဲ နှိုင်းယှဉ်ပြပါမယ်။

စက်ပစ္စည်းလိုအပ်ချက်

တစ်ခုက Android Tablet လိုအပ်ပါသည်။ ကျန်တစ်ခုက Slip Printer လိုအပ်ပါသည်။ တစ်ခုက ဈေးကြီးတယ်။ ဒါပေမယ့် တစ်ခုက စာရွက်ထည့်ပေးရမယ်။ ဒါကြောင့် Even ဖြစ်ပါတယ်။

စားဖွယ်လိုင်းများ ခွဲခြားနိုင်ခြင်း

နှစ်မျိုးစလုံးသည် စားဖွယ်အမျိုးအစား တစ်ခုချင်းအတွက် စက်တစ်ခုချင်း assigned ပြုလုပ်နိုင်ပါသည်။ ဆိုလိုတာ တရုတ်စားဖွယ်အမျိုးအစား၊ ရှမ်းစားဖွယ်အမျိုးအစား စသဖြင့် စားဖွယ်လိုင်းများစွာအတွက် ပရင်တာများစွာ (သို့) ဒစ်စပလေးများစွာ ခွဲခြားကြိုတင် သတ်မှတ် အသုံးပြုနိုင်ပါသည်။ ဒါကြောင့် နှစ်ဖက် သားရေ Even ပဲ ဖြစ်ပါတယ်။

အနည်းဆုံးစက်ပစ္စည်းလိုအပ်ချက်

ဒစ်စပလေးအတွက် အန်းဒရိုက် တက်ပလက် တစ်ခု ဝယ်ယူရပါမယ်။ ဒါပမေယ့် ပရင်တာအတွက်ဆိုရင် ငွေကိုင်ပရင်တာနှင့် မျှဝေအသုံးပြုနိုင်လို့ တစ်လုံးမျှပင် ဝယ်စရာ မလိုအပ်ပါဘူး။ ဒီကြောင့် ငွေကိုင်ပရင်တာ အနိုင်ရပါတယ်။

 

စစ်ဆေးခြင်း (Check & Balance)

ငွေကိုင်ပရင်တာ အသုံးပြုသူဆိုင်အနေဖြင့် အခါအားလျှော်စွာ (သို့) ရံဖန်ရံခါ Check & Balance ပြုလုပ်နိုင်ပါသည်။ ပြုလုပ်နည်းကို အောက်ပါတွင် လေ့လာပါ။

မီးဖိုဆောင်အော်ဒါခုရေ = အရောင်းခုရေ

ဒါပေမယ့် မီးဖိုဆောင် ဒစ်စပလေး အသုံးပြုတယ်ဆိုရင်တော့ Check & Balance လုပ်စရာ မလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် စားဖွယ်မှူးက ချက်မယ် ရွေးချယ်လိုက်ရင် အဆိုပါ စားဖွယ်အတွက် ငွေကိုင်သည် ငွေကို လက်ခံကို လက်ခံရမှာ ဖြစ်လို့ ဖြစ်ပါသည်။

စစ်ဆေးစရာမလိုသော ဒစ်စပလေး

ဒါကြောင့် စစ်ဆေးခြင်းတွင် Kitchen Panel က အသာစီးရပါသည်။

အနှစ်ချုပ်

နှစ်ခုစလုံး ၃မှတ် ၃မှတ် စီ သားရေ ဖြစ်ပါသည်။ သင့်အနေဖြင့် သင့်ဆိုင်အနေအထား။ သင့်ဝန်ထမ်းအနေအထားအပေါ် မူတည်ပြီး အသင့်တော်ဆုံး တစ်ခု ရွေးချယ်နိုင်ပါတယ်ဟု ပရင်တာ နှင့် တက်ပလက်ကို နှိုင်းယှဉ်အကြံပြုပေးလိုက်ပါတယ်။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?