မီးဖိုဆောင် (သို့) စားဖွယ်ပြင်ဆင်နေရာတွင် ချက်ပြုတ် (သို့) အော်ဒါများပြင်ဆင်ရသော ရာထူးအတွက် လမ်းညွှန် ဖြစ်ပါသည်။ ဒါကြောင့် အခုဗီဒီယိုများသည် ပုံစံချ (format) ခြင်းထက်၊ နေ့စဉ်အော်ပရေးရှင်းနှင့် သက်ဆိုင်သော မီးဖိုဆောင်အလုပ်များကို အိုင်တီစနစ်ဖြင့် ဘယ်လိုလွယ်ကူ၊ စနစ်ကျနစွာ လုပ်ကိုင်လို့ရမလဲ လေ့လာရမှာ ဖြစ်ပါသည်။
အကြံပြု။ ။ လမ်းညွှန်တွင် ရွေးချယ်စရာ ၂မျိုးကို ပြသပေးထားပါသည်။ ဆိုင်အနေဖြင့် တစ်မျိုး အသုံးပြုတယ်ဆိုရင် လုံလောက်ပါသည်။
+ + + + + + + + + +
✅ မီးဖိုဆောင်ဒစ်စပလေး (အန်းဒရိုက်တက်ပလက်)
နှိပ်ရန် >> ကြိုတင်နားလည်ခြင်း
နှိပ်ရန် >> လက်တွေ့အသုံးပြုခြင်း
ငွေကိုင် (သို့) ဝိတ်တာတက်ပလက်တို့မှ ပေးပို့လိုက်သော အော်ဒါများ ဖြစ်ပါသည်။ ယခင် မီးဖိုဆောင်ပရင်တာ အစားထိုး စနစ် ဖြစ်ပါသည်။
+ + + + + + + + + +
✅ မီးဖိုဆောင်အော်ဒါစာရွက် (ငွေကိုင်ပရင်တာ)
ဆိုင်ထိုင်အော်ဒါစာရွက်
ပါဆယ်အော်ဒါစာရွက်
ပို့ဆောင်အော်ဒါစာရွက်
ငွေကိုင် (သို့) ဝိတ်တာတက်ပလက်တို့မှ ပေးပို့လိုက်သော အော်ဒါများ ဖြစ်ပါသည်။ အဆိုပါများကို Kitchen Order Ticket (KOT) လိုလည်း ခေါ်ဆိုနိုင် ပါသည်။ စာရွက်များကို အသေးစိတ် လေ့လာကြည့်ပါ။ ဒါဆိုရင် သင့်အနေဖြင့် ဘယ်စားဖွယ်ကို ဘယ်လိုပုံစံ ချက်ပြုတ်ပြင်ဆင်ရမည်ကို ပို၍နားလည်သွားမှာ ဖြစ်ပါသည်။
+ + + + + + + + + +
✅ အိုင်တီဆက်တက်များ
နှိပ်ရန် >> စက်တစ်လုံးသုံးမယ် ဆက်တင်
နှိပ်ရန် >> စက်များစွာသုံးမယ် ဆက်တင်
စက်တစ်လုံးပဲ သုံးတယ်ဆိုရင် ငွေကိုင် (သို့) ဝိတ်တာတို့မှာ အော်ဒါများအားလုံး အဆိုပါ စက်မှ ထွက်မှာ ဖြစ်ပါသည်။ စက်များစွာ အသုံးပြုတယ်ဆိုရင် စားဖွယ် assigned လုပ်ထားသော စက်မှ အော်ဒါထွက်မှာ ဖြစ်ပါသည်။ ဥပမာ အဖျော်ယမကာကို ဘားစက်မှ ထုတ်မယ် သတ်မှတ်ထားရင် ဘားစက်မှ ထွက်မှာ ဖြစ်ပါသည်။
အကယ်လို့ စားဖွယ်ကို စက်တစ်ခုတွင်မှ မသတ်မှတ်ထားရင် ဘယ်စက်တွင်မှ ထွက်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် သက်ဆိုင်ရာ တာဝန်ရှိကို ဆက်သွယ်ပြောဆို၍ assigned ပြုလုပ်စေပါ။
+ + + + + + + + + +
💡 အကြံပြုချက်
သင့်အနေဖြင့် အထက်ပါရာထူးအပြင် တခြား သင့်ရာထူးနှင့် ချိတ်ဆက်သော လုပ်ငန်းစဉ်များကို လေ့လာမယ်ဆိုရင်လည်း လေ့လာသင့်ကြောင်း အကြံပြုပါတယ်။ အကယ်လို့ လေ့လာလိုမယ်ဆိုရင် အောက်ပါလင့်ခ်ကို နှိပ်ပါ။