Accounting & Audit တစ်ခုက စာရင်းကိုင် တစ်ခုက စာရင်းစစ် အတူတူပဲ မအောက်မေ့ပါနဲ့။ ပြီးတော့ လူပုဂ္ဂိုလ်တစ်ဦးထဲကိုလည်း အဲ့ဒီရာထူး နှစ်ခုစလုံး ပေးလို့မရပါဘူး။ တစ်ခုက ပြုလုပ်သူ ရာထူးမျိုး ဖြစ်ပါတယ်။ တစ်ခုက အဆိုပါပြုလုပ်မှုများကို စစ်ဆေးသူ ဖြစ်ပါတယ်။ တနည်းပြောရရင် သင့်ဆိုင် သမမျှတ မှန်ကန်နေဖို့ Check & Balance ရှိရပါမယ်။
ကြိုတင်နားလည်ရန်။ ။ စာရင်းစစ်ရာထူး ရှိတယ်ဆိုရင် သင့်ဆိုင် အစစအရာရာ ပိုပြီးမှန်ကန် နေမှာ ဖြစ်ပါတယ်။ အဆိုပါ ရာထူးအတွက် အထက်မှာ ရှင်းပြသလိုပါပဲ ဆိုင်မှာ လုပ်ကိုင်နေတဲ့ မန်နေဂျာကို လုပ်ခိုင်းလို့ မသင့်လှပါဘူး။ ပြင်ပမှ (သို့) ဆိုင်စီမံသူ သင်ကိုယ်တိုင် ပြုလုပ်သင့်ပါတယ်။
+ + + + + + + + + +
✅ Check & Balance၊ (ရံဖန်ရံခါ)
နှိပ်ရန် >> ငွေကိုင် စာရင်းပျောက်လား စစ်ဆေးခြင်း
အဆိုပါ စစ်ဆေးခြင်းသည် ငွေကိုင်ကို မယုံကြည့်၍ သဘောမျိုး မဟုတ်ပါဘူး။ အလုပ်သဘောအရ အလေအလွင့် ရှိနေလား စစ်ဆေးခြင်းမျိုးလို့ မှတ်ယူပါ။ Professional လုပ်ငန်းစဉ် အရ လိုအပ်ချက် ဖြစ်ပါသည်။ မေဒိကန်မှာလည်း ပြည်သူ့ကိုယ်စားလှယ်တွေက ရာထူးကြီးများကို အခါအားလျှော်စွာပင် ဝိုင်းဖွဲ့စစ်ဆေးကြတာပါ။
မှတ်ချက်။ ။ အခါအားလျှော်စွာ၊ အလျှင်းသင့်သလို၊ (သို့) လိုအပ်သလို Check & Balance လုပ်နိုင်ပါသည်။
+ + + + + + + + + +
✅ ဝိတ်တာ အော်ဒါတွေ ပိုတင်နေလား စစ်ဆေးခြင်း
အရင်ဦးဆုံး ငွေတောင်းစာ၊ ငွေလက်ခံ ကိစ္စသည် ငွေကိုင်၏ ရာထူး လုပ်ပိုင်ခွင့် ဖြစ်သည်ကို နားလည်ထားပါ။ ဒါကြောင့် ငွေကြေးအပိုင်း ဝိတ်တာတွင် လုံးဝ တာဝန်မရှိပါဘူး။ ဝိတ်တာ ဘာတာဝန်ရှိလဲဆိုရင် မီးဖိုဆောင် အော်ဒါလွှတ်ခြင်းတာဝန် ဖြစ်ပါသည်။ ဒီအတွက် Kitchen Order Ticket များကို Abusive လုပ်လား စစ်ဆေးခြင်း အယူအဆကို ပြောပြပေးပါမယ်။
သူ့အမည်ဖြင့်အော်ဒါ = စားဖွယ်အရောင်း
များနေ၊ နည်းနေ မမှန်ကန်ပါဘူး။ များနေရင် ပျောက်နေတာပါ။ နည်းနေရင် ဧည့်သည်က မရှိတဲ့ စားဖွယ်ကို ငွေရှင်းသွားတာပါ။ တူညီနေမှ အမှန် ဖြစ်ပါသည်။
+ + + + + + + + + +
✅ စတိုစစ်ဆေးခြင်း (အခါအားလျှော်စွာ)
နှိပ်ရန် >> ကြိုတင်နားလည်ခြင်း
နှိပ်ရန် >> စတိုချိန်ညှိခြင်း လုပ်ဆောင်ချက် ၃ချက်
အကယ်လို့ သင့်ဆိုင်တွင် ကုန်ကြမ်းထည့်သွင်းတယ်၊ ကုန်ကြမ်းချိတ်ဆက်တယ်၊ ကုန်ကြမ်းဝယ်တယ်၊ စသဖြင့် ဆိုင်အရောင်းတင် မကဘူး၊ ဆိုင်၏ ကုန်ကြမ်းများကိုပါ စနစ်တကျ စီမံဖို့အတွက် မြန်မီနူးစတိုစီမံကို စိတ်ဝင်စား (သို့) အသုံးပြုနေတယ်ဆိုရင် အထက်ပါ ဗီဒီယိုများကို ကြည့်ရှုပေးပါ။
+ + + + + + + + + +
💡 အကြံပြုချက်
သင့်အနေဖြင့် အထက်ပါရာထူးအပြင် တခြား သင့်ရာထူးနှင့် ချိတ်ဆက်သော လုပ်ငန်းစဉ်များကို လေ့လာမယ်ဆိုရင်လည်း လေ့လာသင့်ကြောင်း အကြံပြုပါတယ်။ အကယ်လို့ လေ့လာလိုမယ်ဆိုရင် အောက်ပါလင့်ခ်ကို နှိပ်ပါ။