မီနူးထည့်သွင်းခြင်းဆိုင်ရာ အကြံပြုချက်များ

၁) မီနူးမျိုးကွဲ (Variations) ထည့်သွင်းခြင်း

ရှင်းလင်းချက်။
အိုင်တမ်တစ်ခုအတွက် မီနူးတစ်ကွက်သည် အခြေအနေအများစုတွင် အဆင်ပြေသော်လည်း၊ အိုင်တမ်အမျိုးအစားတူညီသော်လည်း မျိုးကွဲများရှိသည့် အခြေအနေမျိုးတွင် လုံလောက်မှုမရှိတော့ပါ။
ဥပမာ - ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော် (သတ်သတ်လွတ်၊ ကြက်ဥ၊ ကြက်သား၊ ပင်လယ်စာ) စသည်ဖြင့် အိုင်တမ်တစ်ခုတည်းနဲ့ မီနူးတစ်ကွက်သုံးရင် ရှုပ်ထွေးနိုင်ပါတယ်။
အထူးသဖြင့် ဧည့်သည်ကိုယ်တိုင် အော်ဒါမှာယူသည့် Table QR Code (ဆိုင်ထိုင်ဧည့်သည်အော်ဒါ) နှင့် Mobile App (အွန်လိုင်းအော်ဒါ) တို့တွင် ဧည့်သည်အား ကျစ်ကျစ်လစ်လစ် ပြသမှုသည် အလွန်အရေးကြီးပါသည်။

နမူနာကြည့်ရန်
https://sys2.myanmenu.com/hazotestg/online-order/1/1 (တိုက်ဂါးဘီယာတွင် ကြည့်ပါ)

အကြံပြုချက်
အကယ်၍ သင့်ဆိုင်တွင် မီနူးနည်းပါက၊ အထက်ပါအတိုင်း ကျစ်ကျစ်လစ်လစ် ထည့်သွင်းမည့်အစား ဖြန့်၍ထည့်ခြင်းသည်လည်း သင့်တော်ပါသည်။


၂) မီနူးထပ်တိုး (Topping/Modifier) ထည့်သွင်းခြင်း

ရှင်းလင်းချက်။
ဧည့်သည်ကို မိမိကိုယ်တိုင် ချက်ပြုတ်သုံးဆောင်ရသကဲ့သို့ Customized အတွေ့အကြုံ ပေးစွမ်းနိုင်ခြင်းသည် မီနူးကို စိတ်တိုင်းကျ ပြုလုပ်နိုင်ခြင်းကြောင့် ဖြစ်ပါသည်။
ဥပမာ - ဧည့်သည်အား ၎င်း၏ ဟမ်ဘာဂါအော်ဒါတွင် ချိစ်ပြားများ၊ ခရမ်းချဉ်သီးများ၊ အသားပြားများ စသည်ဖြင့် စိတ်ကြိုက်ထပ်ထည့်နိုင်သော ဝန်ဆောင်မှုမျိုး ဖြစ်ပါသည်။

နမူနာကြည့်ရန်
https://sys2.myanmenu.com/hazotestg/online-order/1/1 (မုန့်ဟင်းခါးတွင် ကြည့်ပါ)

အကြံပြုချက်
ဆိုကြပါစို့၊ သင့်စားဖွယ်အတွက် ချိစ်ပြား ၄ ပြားထက် ပိုမသင့်တော်ဘူး၊ ဒါပေမယ့် ၃ ပြားအထိ ထပ်ထည့်ခွင့်ပြုချင်တယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်ပါ။

ပြုလုပ်ရမည့်အဆင့်များ

  • အဆင့် (၁) - ထပ်တိုးတွင် “ချိစ်ပြား (၁)ပြား” နှင့် “ချိစ်ပြား (၂)ပြား” ဟူသော ထပ်တိုးနှစ်ခုကို ပြုလုပ်ပါ။

  • အဆင့် (၂) - သင့်စားဖွယ်တွင် အထက်ပါ ပြုလုပ်ထားသော ထပ်တိုးနှစ်ခုလုံးကို ချိတ်ဆက်ပေးပါ။

ထိုသို့ပြုလုပ်ပါက ဧည့်သည်က ချိစ်ပြား ၁ ပြား၊ ၂ ပြား၊ သို့မဟုတ် ၃ ပြားအထိ စိတ်တိုင်းကျ အော်ဒါတင်သုံးဆောင်နိုင်မည် ဖြစ်ပါသည်။


၃) မီနူးရှင်းလင်းဖော်ပြချက် ထည့်သွင်းခြင်း

ရှင်းလင်းချက်။
"Fact tells" - အမှန်တရားသည် စကားပြောသလောက်သာ သက်ရောက်မှုရှိသည်။
"Story sells" - သို့သော် သမိုင်းကြောင်း သို့မဟုတ် ဇာတ်လမ်းသည် သင့်စားဖွယ်ကို ဝယ်ယူသုံးဆောင်စေနိုင်သည်။

နမူနာကြည့်ရန်
https://sys2.myanmenu.com/hazotestg/online-order/1/1 (မီနူးဓာတ်ပုံ၏ ညာဘက်အပေါ်ထောင့်ရှိ မျက်လုံးပုံကို နှိပ်ပါ)

အကြံပြုချက်
မီနူးထည့်သွင်းရာတွင် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ပါ။

  • အဆင့် (၁) - မီနူးဓာတ်ပုံအတွက် (အမြင့် 110 × အကျယ် 250)၊ 150 Resolution ဖြင့် JPEG format ကို သုံးပါ။ လိုအပ်ပါက Designer ငှားရမ်းပါ သို့မဟုတ် မြန်မီနူး၏ ဒီဇိုင်းအကူအညီကို ရယူပါ။

  • အဆင့် (၂) - ရှင်းလင်းချက်နေရာတွင် သင့်စားဖွယ်အကြောင်းကို ဖော်ပြပါ။ ဘာသာစကားနှစ်မျိုးသုံးပါက အထက်အောက် ဖော်ပြပါ။ ထို့နောက် မျက်လုံးအိုင်ကွန်ပေါ်လာပြီး ဧည့်သည်နှိပ်၍ ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။


၄) မီနူးစားဖွယ်ကုဒ် သတ်မှတ်ခြင်း

ရှင်းလင်းချက်။
အကယ်၍ သင့်စားဖွယ်များ များပြားပါက၊ စားဖွယ်ကုဒ်ကို စနစ်တကျ ထည့်သွင်းခြင်းသည် စားဖွယ်အမည်များ ရှုပ်ထွေးမှုမဖြစ်စေရန် အထောက်အကူဖြစ်စေပါသည်။

အကြံပြုချက်
မီနူးကို စနစ်အတွင်း မထည့်သွင်းမီ Paper Work (စာရင်းဇယား) ကို ဦးစွာပြုလုပ်ပါ။ လိုအပ်ပါက မြန်မီနူး၏ ဒီဇိုင်းအကူအညီကို ရယူပါ။

နမူနာကြည့်ရန်
https://sys2.myanmenu.com/hazotestg/online-order/1/1 (စားဖွယ်များ၏ ရှေ့နံပါတ်ကုဒ်များကို ကြည့်ပါ)


၅) ဆိုင်အချက်အလက်များ ထည့်သွင်းခြင်း

ရှင်းလင်းချက်။
ဤအပိုင်းသည် သင့်ဆိုင်၏ အများမြင်အချက်အလက်များကို (စားသောက်ဆိုင်ဝဘ်ဆိုဒ်ကြီးတစ်ခုကဲ့သို့) ဖော်ပြရန် နေရာဖြစ်ပါသည်။

နမူနာကြည့်ရန်
https://sys2.myanmenu.com/hazotestg/online-order/1/1 (စခရင်ပေါ်ရှိ Home Icon ကို နှိပ်ပါ)

အကြံပြုချက်
သင့်ဆိုင်အချက်အလက်များကို သင်ကိုယ်တိုင် ထည့်သွင်းနိုင်ပါသည်။ သို့သော် ဂူဂယ်၊ ဒီဇိုင်း၊ အကြံပြုရန်ဖောင်၊ တိုင်ကြားရန်ဖောင်များအတွက် အကူအညီလိုအပ်ပါက မြန်မီနူး၏ အကူအညီကို ရယူပါ။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?