ယေဘုယျအားဖြင့် စားသောက်ဆိုင်များသည် သူတို့မီနူးကို သူတို့ကိုယ်တိုင် ထည့်သွင်းကြပေမည့် အကယ်၍ မြန်မီနူး၏ မီနူးစနစ်တကျ ထည့်သွင်းပေးမှု ဝန်ဆောင်မှုကို အသုံးပြုလိုတယ်ဆိုရင်လည်း Customer Service Team မှ သင့်တင့်သော ဝန်ဆောင်ခတစ်ခုဖြင့် တာဝန်ယူ ထည့်သွင်းပေးပါသည်။
မီနူးကိုယ်တိုင်ထည့်သွင်းခြင်း လမ်းညွှန်ဗီဒီယိုများ
မြန်မီနူးသည် အသုံးပြုဆိုင်မှ သူ၏ ဆိုင်မီနူးကို သူကိုယ်တိုင် Structure ကျနစွာ ထည့်သွင်း အသုံးပြုနိုင်စေရန် အလို့ငှာ နမူနာ စားဖွယ်များအသုံးပြု၍ ဆိုင်မီနူးကို ထည့်သွင်းပြသပေးထားပါသည်။
ဗီဒီယိုများ မီနူးထည့်သွင်းခြင်း ဗီဒီယိုများ စုစည်းမှု
သို့သော် ဆိုင်ဘက်မှ မီနူးများပြားလှ၍ ဖြစ်စေ၊ အလုပ်ရှုပ် မခံနိုင်၍ ဖြစ်စေ၊ မြန်မီနူး၏ စနစ်တကျ မီနူးထည့်သွင်းပေးမှုကို လိုအပ်၍ ဖြစ်စေ မီနူးထည့်သွင်းပေးပါရန် လိုအပ်သည်ဆိုရင် မြန်မီနူး၏ မီနူးထည့်သွင်းပေးခြင်း ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
မီနူးဖွဲ့စည်းပုံကို နမူနာကြည့်ရန်

အထက်ပါ စားသောက်ဆိုင် မိုဘိုင်းအပ် (နမူနာ) တွင် မီနူးများ ဖွဲ့စည်းပုံ နမူနာကို လေ့လာနိုင်ပါသည်။
ဖြတ်ထိုးဉာဏ် ။ ။ 💡ဆိုင်အများစုသည် မြန်မီနူးမှ သူတို့၏ ဆိုင်မီနူးများအတွက် မီနူးထည့်သွင်းမှုတွင် ပြုလုပ်ပေးသော Format/ Paper Work ကို ရရှိစေရန် ဂနဦးမီနူးများ ထည့်သွင်းမှုအတွက် အလုပ်အပ်ကြပါသည်။ နောက်ပိုင်းမှ အဆိုပါ format များအတိုင်း ကိုယ်တိုင်မီနူးများကို ထည့်သွင်းကြပါသည်။
ငွေပေးချေကြိုတင်နားလည်မှု
အလုပ်အပ်မည်ဆိုရင် မြန်မီနူးမှ ကျသင့်တွက်ချက်ပေး၍ ကျသင့်တဝက်ကို ပေးချေရပါမည်။
ထို့နောက် ဆိုင်ဘက်မှ သူတို့မီနူးများကို ဓာတ်ပုံ (သို့) ကြည့်ရှု၍ အဆင်ပြေသော format တစ်ခုခုဖြင့် ပေးပို့ရပါမည်။
မြန်မီနူးမှ စနစ်အတွင်း မထည့်သွင်းခင် စနစ်တကျ Format ချ Paper Work ပြုလုပ်ပေးပါသည်။ ထို့နောက် ဆိုင်ဘက်၏ အတည်ပြုမှုကို ရယူ၍ အတည်ဖြစ်တယ်ဆိုရင် စနစ်အတွင်း ထည့်သွင်းပေးပါသည်။
ထို့နောက် ဝန်ဆောင်ခ ကျန်တဝက်ကို ပင်မပရောဂျက်ပြီးစီးမှုနှင့်အတူ ပေးချေရမှာ ဖြစ်ပါသည်။

