မြန်မီနူးသည် ဆိုင်ဘက်မှ သူ၏ ဆိုင်လိုဂို ရေးဆွဲပေးပါ အလုပ်အပ်တယ်ဆိုရင် မြန်မီနူး ဒီဇိုင်းအဖွဲ့မှ ဆိုင်အတွက် အသုံးပြုရန် ကောင်းမွန်လှသာ လိုဂိုများကို ရေးဆွဲပေးပါသည်။
မိမိတို့၏ အတွေ့အကြုံအရ ဒီနေ့ စားသောက်ဆိုင်များသည် (ယေဘုယျအားဖြင့်) အလုပ်အပ်ပြီဲဆိုရင် စနစ်အတွင်း အသုံးပြုရန် သင့်တော်သည့် ဆိုင်လိုဂိုများ ကျကျနန ရှိမနေတတ်ကြပါ။ အကယ်လို့ ရှိနေပြန်ရင်လည်း ဆိုင်းဘုတ်ဓာတ်ပုံ ဖြစ်နေခြင်း၊ Quality မှုန်ဝါးဝါး ဖြစ်နေခြင်း စသဖြင့် စနစ်အတွင်း (သို့) ဆိုင်လိုဂိုအဖြစ် တိုက်ရိုက် အသုံးပြုရန် မသင့်တော်လှသော အခြေအနေမျိုးတွင် ရှိနေကြပါသည်။
မြန်မီနူးမှ စနစ်အသုံးပြုမည့်ဆိုင်များ အဆင်ပြေလွယ်ကူစေရန် အလို့ငှာ အကယ်၍ ဆိုင်ဘက်မှ လိုဂိုရေးဆွဲပါ အလုပ်အပ်တယ်ဆိုရင် စနစ်အတွင်း အသုံးပြုနိုင်စေရန် တာဝန်ယူ ရေးဆွဲပေးပါသည်။
မှတ်ချက်။ ။ မြန်မီနူးမှ လိုဂိုကို တာဝန်ယူ ရေးဆွဲပေးသည် မှန်သော်လည်း၊ ဆိုင်ဘက်မှ သူ၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ရေးဆွဲသော လိုဂိုကိုလည်း အသုံးပြုနိုင်ပါသည်။ အကယ်၍ ဆိုင်ဘက်မှ သူ၏ ဒီဇိုင်းပညာရှင်နှင့် ရေးဆွဲထားသော လိုဂို (သို့) လိုဂို ရှိပြီဆိုရင် အဆိုပါလိုဂိုများကို အောက်ပါ အရွယ်အစားများအတိုင်း တည်းဖြတ်ပါ။ ပြီးရင် အရည်အသွေး မကျဆင်းစေရန် .zip ဖိုင်ဖြင့် စုပေါင်းထည့်၍ မြန်မီနူး Viber +959422438822 သို့ ပေးပို့ပေးပါ။
ဆိုင်လိုဂိုနှင့် အတိအကျ အရွယ်အစားများ
1) Logo 250 x 250 px (ပြေစာစာရွက်တွင်သုံးရန် အဖြူအမည်း လိုဂို)
2) Logo 250 * 130 px (အရံလိုဂို)
3) Logo 250 x 50 px (စနစ်တွင် အသုံးပြုမည့် လိုဂို)
4) Logo 512 x 512 px (မိုဘိုင်းအပ်တွင် အသုံးပြုမည့် လိုဂို)
5) Logo 192 x 192 px (App Splash Screen တွင် ပြသမည့် လိုဂို)

ငွေပေးချေကြိုတင်နားလည်မှု
အလုပ်အပ်မည်ဆိုရင် မြန်မီနူးမှ ကျသင့်တွက်ချက်ပေး၍ ကျသင့်တဝက်ကို ပေးချေရပါမည်။ စနစ်အတွင်း အသုံးပြုရန် သင့်တော်လှသည့် (နှစ်ခု) ကို ပြသပေးပါမည်။
အကယ်၍ နှစ်သက်တယ်ဆိုရင် ရွေးချယ်လိုက်သော လိုဂိုကို စနစ်အတွင်း လိုအပ်သည့်နေရာများတွင် ထည့်သွင်းတပ်ဆင် ပေးပါမည်။
လိုဂို ဝန်ဆောင်ခ၏ ကျန်တဝက်ကို ပင်မပရောဂျက် ပြီးစီးမှုနှင့်အတူ ငွေပေးချေရမှာ ဖြစ်ပါသည်။

