📦 မြန်မီနူးစနစ်ရွေးချယ်စရာပလန်များ

ပလန်အမည် ရှင်းလင်းဖော်ပြချက်
Plan (A) ကျစ်ကျစ်လစ်လစ်၊
(Essential Plan)

ဆိုင်တစ်ဆိုင်လုံးကို အချိန်၊ ငွေ၊ လူအင်အား၊ စက်ပစ္စည်း၊ ဆိုင်နေရာ စတာတွေ ရင်းနှီးပြီးတော့မှ အသုံးဝင်လှတဲ့ ဒီနေ့ အိုင်တီစနစ်တစ်ခု မသုံးထားဘူးဆိုရင် အဲ့ဒါက သင့်ဆိုင်အောင်မြင်မှုအတွက် အလွန်မှ နစ်နာစရာ ဖြစ်ပါတယ်။ 

ဒါကြောင့် မြန်မီနူးက Entry မိတ်ဆက် ပလန်အနေနဲ့ အခုပလန်ကို ဈေးနှုန်း အသက်သာဆုံး ဝန်ဆောင်မှုပေးလိုက်တာပါ။ အကယ်လို့ သင့်အနေဖြင့် ဆိုင်အတွက် ဘာရွေးချယ်ရမှန်း မသိဘူးဆိုရင် (လုံးဝမမှားနိုင်တဲ့) အခုပလန်ကို မျက်စီမှိတ် ရွေးချယ်လို့ ရပါတယ်။

ဝန်ဆောင်ခ (၃လ) = XX,XXX ကျပ်

  • ပလန်သည် ဝန်ဆောင်မှုကောင်းကို သိစေလို၍ မိတ်ဆက်စီစဉ်ပေးထားသော မိတ်ဆက်ပလန် ဖြစ်ပါသည်။
  • ကွန်ပျူတာ (၁) လုံး၊ ပရင်တာ (၁) လုံး၊ ပြီးရင် အခုပလန်ဆိုရင် ရပါပြီ။
  • အကျိုးကျေးဇူးကတော့ သင့်ဆိုင် အရောင်းအပိုင်းကို စနစ်တကျ စီမံနိုင်သွားမှာ ဖြစ်ပါသည်။

အသေးစိတ် စုစည်းဗီဒီယို ကိုတေးရှင်း

သင့်ရှေ့တွင် အော်ဒါများစွာ ရှိနေနိုင်သောကြောင့် အချိန်တစ်ခု ကြိုတင် အော်ဒါတင်ပါ။

Plan (B) အရောင်းတိုး၊ (Professional Plan)

သင့်ဆိုင်မှာ အလွန်ကောင်းတဲ့ စားဖွယ်မီနူးတွေ ရှိတယ်။ ဆိုင်ဝန်ထမ်းတွေကလည်း ဝန်ဆောင်မှု အလွန်ကောင်းတယ်။ ဆိုင်အပြင်အဆင်ကလည်း ဘာမျှ လိုလေသေးမရှိအောင် ပြည့်စုံလွန်းလှတယ်။ ဒါပေမယ့် သင်က အဲ့ဒီကောင်းမွန်လှတဲ့ အကြောင်းအရာတွေကို မဖော်ထုတ်နိုင်ဘူးဆိုရင် ဥပမာ ပရိုမိုးရှင်း မလုပ်ဘူးဆိုရင် အဲ့ဒါက ဒီနေ့ခေတ်မှာ နစ်နာစရာ ဖြစ်နေပါပြီ။

စိတ်မပူပါနဲ့.. အခုပလန်က သင့်ဆိုင် ဧည့်သည်တွေအောင် ချပြနိုင်ဖို့ အထူးအိုင်တီလုပ်ဆောင်ချက်တွေ ပါဝင်နေပါတယ်။

ဝန်ဆောင်ခ (၆လ) = XXX,XXX ကျပ် (ဂရပ်ဖစ်ဒီဇိုင်းလက်ဆောင်)

  • E-Menu ပါဝင်မယ်။
  • ဆိုင်ပရိုမိုးရှင်း မိနစ်ပိုင်းဖြင့် စီမံနိုင်မယ်။
  • ငွေကိုင်အသုံးပြုမှု ပါဝင်မယ်။
  • E-Menu နှင့် ငွေကိုင်စက် ဗဟိုစီမံမှု ပါဝင်မယ်။
  • တခြား Standard များ ပါဝင်မယ်။

အသေးစိတ် စုစည်းဗီဒီယို ကိုတေးရှင်း

အခုပလန်သည် ပညာရှင်မှ အချိန်တစ်ခုပေးရ၍ ကြိုတင်အော်ဒါတင်ပါ။

Plan (C) အဆင့်မြင့်၊
(Elite Plan)

စားသောက်ဆိုင်အလုပ်ကို ရေရှည်လုပ်ကိုင်မယ်.. အောင်မြင်မှုများ ရယူလိုမယ်ဆိုရင် ဘယ်လိုဆိုင်ဖွင့်လဲ? ဘယ်လိုလုပ်ကိုင်လဲ? ဘယ်လိုစီမံလဲ? လုပ်ငန်းစဉ် အရေးကြီးပါတယ်။

ဂျပန်ဆရာကြီးတစ်ဦး လမ်းညွှန်ခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ ရလဒ် ထက် လုပ်ငန်းစဉ် ကို တန်ဖိုးထားပါ ဖြစ်ပါတယ်။ သဘောက ငါးဖမ်းနည်းဆိုတဲ့ လုပ်ငန်းစဉ် မှန်ကန်ဖို့က ငါးဆိုတဲ့ ရလဒ်ထက် အရေးကြီးတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

အက်မင်တို့ ဒီပလန်မှာ သင့်ဆိုင်၏ လုပ်ငန်းစဉ်များ (ကုန်ကြမ်း၊ စတို၊ မီးဖိုဆောင် စီမံမှု) ကို နည်းပညာအသုံးပြုပြီး အလိုအလျောက်တွက်ချက် စီမံလို့ရအောင် လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။

စုံစမ်းရန် = ကိုတေးရှင်းပို့ပေးပါမည်!

  • စားဖွယ် Food Cost Auto တွက်ချက်မှု ပါဝင်ပါသည်။
  • စားဖွယ်အရောင်းအပေါ်  ကုန်ကြမ်းလက်ကျန် Auto နှုတ်ယူတွက်ချက် ပေးပါသည်။
  • စားဖွယ် အရည်အသွေး ထိန်းသိမ်းနိုင်အောင် ဖော်မြူလာတွေ သတ်မှတ်နိုင်ပါတယ်။
  • အချိန်မရွေး ကုန်လက်ကျန်ကို သင့်မိုဘိုင်းဖုန်းကနေ စစ်ဆေးနိုင်ပါမည်။
  • နောက်ဆုံး ဈေးဝယ်မယ်ဆိုရင်ပင် စတိုကိုကြည့်စရာမလိုပဲ ဈေးဝယ်နိုင်ပါမည်။

အသေးစိတ် စုစည်းဗီဒီယို ကိုတေးရှင်း

အခုပလန်သည် အချိန်အလွန်ပေးရ၍ အနည်းဆုံး ၂ပတ် ကြိုတင်အော်ဒါတင်ပါ။

Plan (D1) ရှယ်ယာရှင်ဆိုင်စီမံ၊ (Shareholder Plan)

အက်မင်တို့ ရှယ်ယာရှင်ဆိုင်လုပ်ငန်း ပြိုကွဲတယ်ဆိုတာ လည်ပင်းထညှစ်ကြမှ မဟုတ်ပါဘူး။ မပြောသင့်တာကို ပြောမိရင်၊ ဒါမှမဟုတ် ပြောသင့်တာကို မပြောမိရင်၊ နောက်ဆုံး ပြောသင့်တာကို နောက်ကျပြေမိတယ်ဆိုရင်ပင် သံသယဝင် အထင်မှာပြီး နောက်ဆုံး အနာဂတ်ဆိုင်အောင်မြင်မှုကြီး ပြိုပျက်သွားတော့မှာပါ။

ဒါပေမယ့် စိတ်မပူပါနဲ့တော့။ မြန်မီနူးအခုပလန်က သင့်ဆိုင် ရှယ်ယာရှင်ဆိုင်လုပ်ငန်းကို ရှယ်ယာရှင်များ နားလည်မှုရှိရှိ ပျော်ရွှင်စွာ လုပ်ကိုင်နိုင်အောင် စီစဉ်ပေးထားတဲ့ ပလန် ဖြစ်ပါသည်။

စုံစမ်းရန် = ကိုတေးရှင်းပို့ပေးပါမည်!

  • ဆိုင်အရောင်းကို Line Chart ဖြင့် 24 နာရီ View ကြည့်ရမယ်။
  • BI ဒက်ရှ်ဘုတ်ကို ရှယ်ယာရှင်များ ကြည့်ရှုနိုင်မယ်။
  • မီတာခ ဆောင်ပြီးလား သိရှိနိုင်မယ်။
  • အစီရင်ခံစာများ အတူတူ ကြည့်ရှုနိုင်မယ်။
  • ဆိုင်မှာ ဘယ်လိုလုပ်ကိုင်နေလည်း သိရှိနိုင်ပါမယ်။
  • လေဝင်လေထွက်ကောင်းမွန်သော ရှယ်ယာရှင်ဆိုင် ဖြစ်စေမယ်။

အသေးစိတ် စုစည်းဗီဒီယို ကိုတေးရှင်း

သင့်ရှေ့တွင် အော်ဒါများစွာ ရှိနေနိုင်သောကြောင့် အချိန်တစ်ခု ကြိုတင် အော်ဒါတင်ပါ။

Plan (D2) ရှယ်ယာရှင်ဆိုင်စီမံ (မေတ္တာအကူအညီ)၊

အခုပလန်သည် လက်ဆောင်အကူအညီ ပလန် ဖြစ်ပါတယ်။ အကယ်လို့ သင်တို့ ရှယ်ယာရှင်ဆိုင်မှာ ပြသာနာတစ်ခုခု ဖြစ်တယ်၊ ပြီးတော့ အဆိုပါ ပြသာနာကို သင်တို့ ရှယ်ယာရှင်များ အချင်းချင်း ဖြေရှင်းလို့ မရတော့ဘူး။ ဒီအတွက် မြန်မီနူး၏ မျှတသော ကြားဝင် ဖြေရှင်းပေးမှုကို လိုလားတယ်ဆိုရင် အခုပလန်က သင့်တို့ ရှယ်ယာရှင်ဆိုင်အတွက် အခမဲ့ လက်ဆောင်အကူအညီ ဖြစ်ပါသည်။

မြန်မီနူး၏ အကူအညီ (လက်ဆောင်) ပလန် ဖြစ်ပါသည်။

  • သင်တို့ ရှယ်ယာရှင်များ၏ တိုင်ပင်မှုများကို လက်ခံဆွေးနွေး ပေးပါမယ်။
  • သင့်တို့ ရှယ်ယာဆိုင်အကြောင်းအရာကို (အထူးသဖြင့်) နည်းပညာ၊ စားသောက်ဆိုင်လုပ်ငန်း၊ စီမံခန့်ခွဲမှု ရှုထောင့်တို့မှ အဓိက ဆွေးနွေးပေးပါမယ်။
  • ရှယ်ယာရှင် % ညှိနှိုင်းဆိုရင်လည်း ညှိနှိုင်းပေးပါမယ်။
  • ရှယ်ယာရှင် Exit ထွက်ခွာမယ်ဆိုရင်လည်း လမ်းညွှန်ပေးပါမယ်။
  • နောက်ဆုံး ရှယ်ယာရှင်များ conflict ဖြစ်တယ်ဆိုရင်လည်း မြန်မီနူးမှ မျှတစွာဖြင့် mediation, intervention, arbitration ပြုလုပ်ပေးပါမယ်။

အသေးစိတ် စုစည်းဗီဒီယို ကိုတေးရှင်း

သင့်ရှေ့တွင် အော်ဒါများစွာ ရှိနေနိုင်သောကြောင့် အချိန်တစ်ခု ကြိုတင် အော်ဒါတင်ပါ။

Plan (E) ဆိုင်ခွဲဗဟိုစီမံ၊
(Multi-Restaurant Plan)

ဆိုင်အမည်တူညီမယ်၊ ဆိုင်လိုဂိုတူညီမယ်၊ စားဖွယ်မီနူးများလည်း (ယေဘုယျ) တူညီမယ်၊ ပြီးတော့ အဆိုပါဆိုင်မျိုးကို ၂ဆိုင်နှင့်အထက် ဖွင့်ထားတယ်ဆိုရင် သင်ရွေးချယ်သင့်တဲ့ IT Solution ကတော့ Multi-Restaurant အခုပလန်ပဲ ဖြစ်ပါတယ်။

စုံစမ်းရန် = ကိုတေးရှင်းပို့ပေးပါမည်!

  • ဈေးဝယ်ခြင်း − ပင်မရုံးချုပ် (သို့) ပင်မမီးဖိုဆောင်မှ စုပေါင်းဈေးဝယ်ပါမယ်။
  • ကြိုချက်ခြင်း − စုပေါင်းချက်ပြုတ် Pre-cook ပါမယ်။ ပြီးရင် အဆိုပါများကို (ဖော်မြူလာလျှို့ဝှက်လိုရင်) ကုဒ်သတ်မှတ်ပါမယ်။
  • ကုန်လွှဲခြင်း − ဆိုင်ခွဲများသို့ စနစ်တကျ Transfer လုပ်ပါမယ်။
  • ဆိုင်ခွဲစီမံခြင်း − ဆိုင်ခွဲများကို ဗဟိုမှ စီမံပါမယ်။

အသေးစိတ် စုစည်းဗီဒီယို ကိုတေးရှင်း

သင့်ဆိုင်ခွဲ အခြေအနေကို အရင်နားထောင်လိုပါသည်။ ကိုတေးရှင်းတွင် အခြေအနေကို ပြောပြပေးပါ။

Plan (F1) အသက်ကယ် (မေတ္တာအကူအညီ)၊

ယေဘုယျအားဖြင့် စားသောက်ဆိုင် တစ်ဆိုင် 📊ရေရှည်လုပ်ကိုင်ဖို့ (သို့) အောင်မြင်ဖို့ 20% ပဲ ရှိပါတယ်။ ဒါက စားသောက်ဆိုင်လုပ်ငန်းမျိုးမှ မဟုတ်ပါဘူး။ တခြားလုပ်ငန်းမျိုးများဆိုရင် ပို၍တောင် လုပ်ငန်းအောင်မြင်မှု ရာခိုင်နှုန်း 😐နည်းပါသေးတယ်။

⏳၁နှစ်မှာ : ၅ဆိုင်မှာ ❌၁ဆိုင် ပိတ်သိမ်း

⏳၅နှစ်ဆိုရင် : ၅ဆိုင်မှာ ✔️၁ဆိုင် ကျန်ရှိ

ဒါကြောင့် စားသောက်ဆိုင်လုပ်ငန်းကို လျှော့လည်း မတွက်ပါနဲ့၊ ထိတ်လန့်ပြီးလည်း မဖြစ်ပါနဲ့။ စီမံခန့်ခွဲမှုအပိုင်း၊ နည်းပညာအပိုင်း၊ စားသောက်ဆိုင်အပိုင်းများ ပံ့ပိုးပေးနေတဲ့ မြန်မီနူးလို Provider များထံမှ အကြံပြုချက်များ ရယူပါ။

မြန်မီနူး၏ အကူအညီ (လက်ဆောင်) ပလန် ဖြစ်ပါသည်။

  • အရင်ဆုံး သင့်ဆိုင်အကြောင်းကို ရိုးသားစွာ ရှုမြင်ပါ။
  • ပြီးရင် မြန်မီနူးကို ရှင်းလင်းစွာ ပြောပြပါ။
  • ဒါဆိုရင် မြန်မီနူးမှ (မေတ္တာဖြင့်) အကြံပြု/ အကူအညီ ပေးပါမည်။

အသေးစိတ် စုစည်းဗီဒီယို ကိုတေးရှင်း

သင့်ရှေ့တွင် အော်ဒါများစွာ ရှိနေနိုင်ပါသည်။ ဒါကြောင့် စိတ်ရှည်၍ အချိန်ဇယား Appointment ရယူပေးပါ။

Plan (F2) စိတ်တိုင်းကျ၊
(Customized Plan)

မြန်မီနူးသည် မြန်မာ့နံပါတ်(၁) အာမခံ စားသောက်ဆိုင်စီမံနှင့်နည်းပညာ ဝန်ဆောင်မှု ဖြစ်ပါသည်။ ဆိုင်အရောင်း၊ ဆိုင်ဧည့်ခံ၊ ဆိုင်စတို၊ ဆိုင်မီးဖိုဆောင်၊ ဆိုင်အော်ပရေးရှင်း၊ ဆိုင်မားကက်တင်း၊ ဆိုင်စီမံ များအထိ Feature များစွာ ကျယ်ပြန့်ပါသည်။ အင်တာနက် အွန်လိုင်း/ အင်တာနက်မရှိ အွတ်လိုင်း စနစ်မျိုး ပံ့ပိုးပေးနိုင်ပါသည်။ တစ်ဦးပိုင် (individual owned restaurant) မှနေ၍၊ ရှယ်ယာရှင်ဆိုင်လုပ်ငန်း (shareholder-owned restaurant) အထိ ဝန်ဆောင်မှု ကျယ်ပြန့်ပါသည်။

အကယ်လို့ သင့်ဆိုင်ကြီးမှာ အနည်းဆုံး ဝန်ထမ်း ၁၀၀ ရှိတယ်၊ (သို့) ဆိုင်ခွဲ ၁၀ ဆိုင်နှင့် အထက်စီမံနေတယ်ဆိုရင် အခုပလန်က သင့်ဆိုင်ကြီး/ ဆိုင်အင်ပါယာအတွက် ရွေးချယ်စရာကောင်း ဖြစ်ပါတယ်။

စုံစမ်းရန် = ပညာရှင်မှ ဆွေးနွေးပေးပါမည်။ ကျသင့်ကို အလုပ်မစခင် ကိုတေးရှင်းတွက်ပေးပါမည်!

  • မြန်မီနူးမှ သင့်ဆိုင်အင်ပါယာအတွက် on-site ပညာရှင် လွှတ်ပေးပါမယ်။
  • သင့်ဆိုင်၏ အခြေအနေကို ဆွေးနွေးပေးပါမယ်။
  • သင့်ဆိုင်အတွက် အကောင်းဆုံး ဝန်ဆောင်မှုကို အကြံပြုပေးပါမယ်။

အသေးစိတ် စုစည်းဗီဒီယို ကိုတေးရှင်း

အခုပလန်ကို မြန်မီနူးပညာရှင်ကြီးများမှ အချိန်ဇယားနှင့်တကွ တိုက်ရိုက်ဝန်ဆောင်မှု ပေးပါမည်။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?