စားသောက်ဆိုင်လုပ်ငန်းကို ရှယ်ယာရှင်တွေစုပေါင်းပြီး လုပ်ကိုင်တယ်ဆိုတာ မကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ အမှန်မှန်တော့ စီမံတတ်တယ်၊ လုပ်ကိုင်တတ်တယ်ဆိုရင် တစ်ဦးတည်းဆိုင်ရှင် ဆိုင်လုပ်ငန်းမျိုးထက်ပင် ပိုပြီးတော့ ခွန်အားရှိပြီး ဆိုင်အောင်မြင်မှုများကို ရယူနိုင်တာပါ။
အထက်ပါ ဗီဒီယိုသည် နမူနာမျှသာ ဖြစ်ပါသည်။ ဗီဒီယို အပြည့်အစုံကို စုစုစည်းစည်း လေ့လာချင်တယ်ဆိုရင် မြန်မီနူး တယ်လီဂရမ် ချန်နယ်မှာ သွားရောက် လေ့လာရမှာ ဖြစ်ပါတယ်။
✅ အရောင်း (ငွေကိုင်စက်)
❶ ဆိုင်ထိုင်၊ ပါဆယ်၊ ပို့ဆောင်၊ ကောင်တာငွေရှင်း စီမံနိုင်ပါမည်။
❷ စားဖွယ်ဈေးနှုန်း အမျိုးမျိုး သတ်မှတ်နိုင်သဖြင့် Food Delivery ချိတ်ဆက်မှု အဆင်ပြေပါသည်။
❸ ဒေါ်လာ၊ မြန်မာ ကျပ်၊ စသဖြင့် ငွေကြေးမျိုးစုံ လက်ခံနိုင်ပါမည်။
❹ မိုဘိုင်း၊ ကဒ် ပေးချေမှုအမျိုးမျိုးကို လက်ခံနိုင်ပါမည်။
❺ မီးဖိုဆောင် ပရင်တာမျိုးစွာ (လိုအပ်လျှင်) အသုံးပြုနိုင်ပါမည်။
❻ ငွေတောင်းစာ၊ ငွေလက်ခံစာ ထုတ်ယူနိုင်ပါမည်။
❼ စက်ပိတ်စာရွက်ထုတ်ယူနိုင်ပါမည်။
❽ ရင်းနှီးဧည့်သည်အကြွေးရောင်းခြင်း ပြုလုပ်နိုင်ပါမည်။
❾ အွန်လိုင်းရှိစဉ် အွန်လိုင်း၊ အင်တာနက်ဖြုတ်စဉ် အွတ်လိုင်း အလုပ်လုပ်ပါမည်။
❿ တခြားအရာများစွာ ပါဝင်ပါမည်။
🚩 ခုရောင်းခုသိ ဖြစ်စေရန် internet လိုင်း ချိတ်ဆက်ပေးထားရပါမည်။ (သို့)
🚩 Offline Sale အဖြစ် စက်ထဲတွင် သိမ်းမှတ်ထားပေးမှာ ဖြစ်ပါသည်။
🚩 ငွေကိုင်သည် ဆိုင်၏ နေ့စဉ်အော်ပရေးရှင်းတွင် အဓိကကျပါသည်။
🚩 ဒီအတွက် ငွေကိုင်သူကို တိတိကျကျ ခန့်ထားရပါမည်။
🚩 ငွေကိုင်ကို တခြားအလုပ်များ တာဝန်မပေးရပါဘူး။
✅ မာစတာဆက်တင်
ဆိုင်ရှင် (သို့) ဆိုင်စီမံသူ ကိုယ်တိုင် သူ၏ ဆိုင်ကို ဆက်တင်ချခြင်း (တစ်ကြိမ်) အလုပ်ဖြစ်ပါသည်။
❶ မီနူးသတ်မှတ် (စားဖွယ်၊ ထပ်တိုး၊ မျိုးကွဲ)
❷ မီနူးထည့်သွင်း (အမည်၊ ရှင်းလင်းဖော်ပြချက်၊ ဈေးနှုန်းအမျိုးမျိုး)
❸ စားပွဲ၊ အခန်း (ထည့်သွင်း)
❹ ပို့ဆောင်ပါတနာ (ထည့်သွင်း)
❺ ငွေကြေးမျိုးစုံသတ်မှတ်
❻ ငွေလက်ခံမျိုးစုံသတ်မှတ်
❼ ဧည့်သည်မန်ဘာကဒ်
❽ အကောင့်များစီမံခြင်း (ပိတ်ပစ်၊ စကားဝှက်ပြောင်းလဲ)
❾ တခြားများစွာ ပါဝင်ပါမည်။
အကြံပြုချက်။ ။ သေချာတာကို ဆက်တင်ချခြင်းသည် သင့်ဆိုင်စနစ်ကို ပို၍ တည်ငြိမ်စေပါသည်။
⛔ သတ်မှတ်ချက်များ
❶ Commercial Tax G&S = 5% default
❷ Service Charges = 5% default
❸ Delivery Charges (DC) = 2000ks default
📌 ငွေကိုင်သည် ရောင်းပြီး အရောင်းကို ဖျက်ခွင့်ရှိ/ မရှိ သတ်မှတ်နိုင်သည်။
📌 ငွေကိုင်ကို ဒစ်စကောင့် ပေးခွင့်/ မပေးခွင့် သတ်မှတ်နိုင်သည်။
📌 ငွေကိုင်ကို Service/ Delivery Charges ပြင်ခွင့်ရှိ/ မရှိ သတ်မှတ်နိုင်သည်။
✅ အစီရင်ခံစာများ
ဆိုင်အတွက် လုံလောက်သော အစီရင်ခံစာအမျိုးမျိုး ပါဝင်ပါသည်။
📊 တနေ့တာ အရောင်းအကျဉ်းချုပ်
📊 တစ်နေ့တာ အရောင်းအသေးစိတ်
📊 စားဖွယ်အရောင်း
📊 စားဖွယ်အမျိုးအစားအလိုက် အရောင်း
📊 တစ်ပတ်တာ၊ တစ်လတာ၊ တစ်နှစ်တာ ဆိုင်အမြတ်အရှုံး (Profit & Loss)
အစီရင်ခံစာများကို Filter အမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုး ထုတ်ယူနိုင်ပါသည်။
🗝️ Excel Format ဖြင့် ပရင့်ထုတ်နိုင်ပါသည်။
✅ စနစ်တပ်ဆင်ပေးခြင်း
⚙️ အခြေခံလိုအပ်ချက်
❶ ကွန်ပျူတာ (သို့) တက်ပလက် (1လုံး)
❷ 80mm ငွေကိုင်ပရင်တာ (1လုံး)
⚙️ တပ်ဆင်ပေးခြင်း
❶ ဆိုင်ဘက်မှ စက်ပစ္စည်းများ ကိုယ်တိုင်ဝယ်ယူနိုင်ပါသည်။ (သို့)
❷ မြန်မီနူးကို အကူအညီ တောင်းလည်း ရပါသည်။
❸ အကယ်လို့ စက်ပစ္စည်းများ ရှိပါက ကူညီတပ်ဆင်ပေးပါမည်။
❹ ဆိုင်ဘက်မှ ၎င်းတို့ကို အဆင့်သင့် ပြင်ဆင်ပေးထားပါမည်။
❺ မြန်မီနူးမှ Remote မှ ကူညီ တပ်ဆင်ပေးပါမည်။
🚩 ဆိုင်ဘက်မှ (လိုအပ်လျှင်) အိုင်တီတစ်ဦး Standby စီစဉ်ပေးထားပါ။
✅ သင်ပြပေးခြင်း (Training)
🎬 စနစ်လမ်းညွှန် ဗီဒီယိုများ ကို Telegram တွင် စနစ်တကျ စုစုစည်းစည်း တင်ပေးထားပါသည်။
🎬 တယ်လီဂရမ်တွင် @myanmenuadmin ကို ရိုက်ထည့်၍ Hi ပေးပါ။
🎬 ဒါဆိုရင် မြန်မီနူး၏ Private Channel ဝင်ခွင့်လင့်ခ်ကို ပို့ပေးနိုင်ပါလိမ့်မည်။
📝 လေ့လာနည်းလမ်း
❶ Pinned ထောက်ထားသော မာတိကာပို့စ်ကို အရင်သွားပါ။
❷ ပြီးရင် လေ့လာလိုသော လင့်ခ်ကို နှိပ်ပါ။
❸ ဒါဆိုရင် သက်ဆိုင်ရာ ဗီဒီယို (သို့) အကြောင်းအရာ ကျလာပါမည်။
📌 ဗီဒီယိုများသည် အချိန်မရွေး လေ့လာနိုင်ပါသည်။ မရှင်းလင်းသောအရာများကို မေးမြန်းနိုင်ပါသည်။
📌 Remote မှ သင်ပြပေးရမယ်ဆိုရင် အချိန် ၂ရက် (သို့) ၄နာရီ အထိသာ လက်ဆောင် ဖြစ်ပါသည်။
📌 ထက်ပိုသော သင်ပြပေးမှုအတွက် ဝန်ဆောင်ခ ရှိနိုင်သည်ကို နားလည်ရပါမည်။
✅ ပြုပြင်ထိန်းသိမ်းခြင်း
💯 အသုံးပြုနေစဉ် စနစ်ကောင်းမွန်စွာ အလုပ်လုပ်နေရန် တာဝန်ယူပါသည်။
💯 စနစ်အသုံးပြုမှုနှင့်ပတ်သက်သော အခက်အခဲများကို ဖြေဆိုပေးပါမည်။
💯 ထို့အတူ ဆိုင်နှင့်ပတ်သက်သော အခက်အခဲများကိုလည်း တိုင်ပင်နိုင်ပါသည်။
✅ အာမခံ
မြန်မီနူး၏ ယခု ဝန်ဆောင်မှုအတွက် 🛡️ အချိန်မရွေး ငွေပြန်အမ်း အာမခံ ထည့်ပေးလိုက်ပါသည်။
ယခု အာမခံနှင့်အတူ 🤝အာမခံကြိုတင်နားလည်မှု Document လည်း ပူးတွဲထည့်ပေးလိုက်ပါတယ်။
✅ ငွေပေးချေမှု (Payment Terms)
💼 သင့်ဆိုင်အတွက် စနစ်ကို စတင်ပြုလုပ်ပေးရန်အတွက် 💵 စုစုပေါင်းကျသင့်၏ 50% (သို့) 💵 ကြိုတင်သတ်မှတ်ပမာဏ တစ်ခုကို အရင်ဦးဆုံး ပေးချေရပါမည်။
ထို့အတူ ဆိုင်ဘက်မှ စနစ်စတင်ကို စတင်အသုံးပြုနိုင်ပြီ (သို့) ပရောဂျက်ပြီးစီးပြီ ဆိုရင်လည်း 🤝ကျန်ပေးချေမှုများကို ပြုလုပ်ပေးရပါမည်။
✅ ကြိုတင်နားလည်ထားရန်
မြန်မီနူးစနစ်၏ ဝန်ဆောင်မှုသည် နည်းပညာအပြောင်းအလဲ၊ အခြေအနေအပြောင်းအလဲ၊ ဝန်ဆောင်မှုအပြောင်းအလဲ တစ်ခုခုအပေါ်တွင် အထက်ပါ ဖော်ပြချက်များ မတူညီပဲ ပြောင်းလဲမှုများ ရှိနေနိုင်သည်ကို ကြိုတင်နားလည်ပေးထားပါ။ အကယ်လို့ သင့်ဆိုင်အတွက် ရရှိနိုင်မယ့် ဝန်ဆောင်မှုကို အနီးစပ်ဆုံး တူညီချင်တယ်ဆိုရင် သင့်ဆိုင်အတွက် ကိုတေးရှင်းတောင်းဆိုဖို့ အကြံပြုပါတယ်။