မြန်မီနူးစနစ်အကြောင်း ဗဟုသုတ၊ သိကောင်းစရာ၊ နှင့် အသုံးပြုလမ်းညွှန် ဗီဒီယိုများကို စုစုစည်းစည်း နှင့် လွယ်လွယ်ကူကူ ရှာဖွေလေ့လာနိုင်စေရန်အတွက် telegram တွင် တင်ပေးထားပါသည်။ အဆိုပါ ဂရုသည် Private ဂရု ဖြစ်ပါသည်။ ဒါကြောင့် ဂရု Join လိုသူအနေဖြင့် အောက်ပါအဆင့်အတိုင်း လုပ်ဆောင်ပေးရပါမည်။
- အဆင့် ၁) @myanmenuadmin တွင် သင့်အကြောင်းမိတ်ဆက်ပြီး hi ပေးပါ။
- အဆင့် ၂) မြန်မီနူးမှ ချပေးလိုက်သော လင့်ခ်ကို သတ်မှတ်အချိန်အတွင်း နှိပ်ပေးပါ။
- အဆင့် ၃) မြန်မီနူးမှ Accept လုပ်လိုက်တယ်ဆိုရင် သင့်အနေဖြင့် မန်ဘာ ဖြစ်သွားပါပြီနော်။
ဂရုတွင်လေ့လာနည်းလမ်း
ဂရုတွင် အသုံးပြုလမ်းညွှန်များစွာကို စနစ်တကျ ထည့်သွင်းပေးထားပါသည်။ ဒါကြောင့် သင်နှစ်သက်ရာ၊ သိလိုရာ၊ ရှာဖွေလိုရာ အကြောင်းအရာကို အောက်ပါအတိုင်း ရှာဖွေကြည့်ရှုလေ့လာနိုင်ပါသည်။
- အဆင့် ၁) Telegram App ၏ အပေါ်နေရာတွင် တွေ့မြင်ရမည့် "Pinned Message" ဆိုသည့် စာသားကို နှိပ်၍ နှိပ်၍ pin ထောက်ထားသော မာတိကာပို့စ်များကို ပြောင်းလဲ ကြည့်ရှုပါ။
- အဆင့် ၂) သင်ရှာဖွေလိုသော ခေါင်းစဉ်များရှိသည့် မာတိကာပို့စ်များကို ရှာဖွေပါ။
- အဆင့် ၃) အကယ်လို့ သင့်ခေါင်းစဉ်တွေ့တယ်ဆိုရင် အဲ့ဒီ ခေါင်းစဉ်ကို ကလစ်နှိပ်ပါ။ ဒါဆိုရင် လင့်ခ်ချိတ်ထားသော အဆိုပါခေါင်းစဉ်နှင့် သက်ဆိုင်သော ပို့စ်ကို ပြသပေးပါလိမ့်မည်။
အကယ်လို့ အခက်အခဲရှိတယ်ဆိုရင် 09422438822 ကို ဆက်သွယ်၍ အကူအညီ ရယူပါ။ Good Luck ပါ။