Plan (B) အရောင်းတိုး၊ (Professional Plan)

အထက်ပါ ဗီဒီယိုသည် နမူနာမျှသာ ဖြစ်ပါသည်။ ဗီဒီယို အပြည့်အစုံကို စုစုစည်းစည်း လေ့လာချင်တယ်ဆိုရင် မြန်မီနူး တယ်လီဂရမ် ချန်နယ်မှာ သွားရောက် လေ့လာရမှာ ဖြစ်ပါတယ်။

အက်မင်တို့ SYSTEM ဘက်မှာ ပရိုမိုးရှင်းတစ်ခုခု သတ်မှတ်လိုက်တယ်ဆိုရင် သင့်ဆိုင်၏ WHOLE SYSTEM တစ်ခုလုံးမှာ UPDATE ဖြစ်သွားမှာပါ။ ဥပမာ ဒီပရိုမိုးရှင်းက ငွေကိုင်ထံကိုလည်း ရောက်သွားမယ်၊ ဝိတ်တာတက်ပလက်သုံးရင် ဝိတ်တာတက်ပလက်၊ ပြီးတော့ ဧည့်သည်စားပွဲခုံမှ အော်ဒါတင်ရတဲ့ self-order screen (အထက်ပါဓာတ်ပုံ) ထံကိုလည်း တန်းရောက်သွားမယ်၊ ဒါဆိုရင် ဧည့်သည်လည်း အဲ့ဒီ ဆိုင်ပရိုမိုးရှင်းကို တန်းသိသွားမှာပါ။ နောက်ဆုံး သင့်ဆိုင်ဝဘ်ဆိုဒ်တွင် အခု SYSTEM ကို embedded လုပ်ထားတယ်ဆိုရင် သင့်ဆိုင်ဝဘ်ဆိုဒ်ကို အသုံးပြု/ ကြည့်ရှုနေကြသော နေရာအနှံ့အပြားမှ သင့်ဧည့်သည်များလည်း စက္ကန့်မခြား တခါတည်း သင့်ဆိုင် ပရိုမိုးရှင်း တန်းသိသွားမှာ ဖြစ်ပါတယ်။

ပရိုမိုးရှင်း အသုံးပြုသင့်လား သင့်အတွက် မေးခွန်း ရှိပါတယ်။

Happy Hour (Friday 4:30 PM) ရုံးဆင်းချိန် သင့်ဆိုင်မှာ Beer ပရိုမိုးရှင်း ရှိတယ်ဆိုရင် သင့်ဧည့်သည် ဘယ်ဆိုင်သွားမယ် ထင်ပါသလဲ?

✅ ပရိုမိုးရှင်းမော်ကျူး
📢 သင့်ဆိုင်မှာ ဧည့်ခေါ်ဖို့အတွက်ဖြစ်ဖြစ်၊ ကုန်ကြမ်းဖြုန်းပစ်ဖို့ဖြစ်ဖြစ်၊ အရောင်းတိုးဖို့အတွက်ဖြစ်ဖြစ် ပရိုမိုးရှင်း ကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပါမည်။

📅 ပရိုမိုးရှင်း အမည်
📅 ပရိုမိုးရှင်း ဓာတ်ပုံ (ဖော်ပြလိုလျှင်)
📅 စတင်နေ့စွဲ − ပြီးစီးနေ့စွဲ
📅 ပေးမည့် ပရိုမိုးရှင်း

ဆိုင်ရှင် (သို့) မန်နေဂျာ တို့မှ ဆိုင်တွင် ကျင်းပပြုလုပ်လိုမယ့် ပရိုမိုးရှင်းကို စနစ်၏ back-end မှနေ၍ ဆက်တင်ချပေးရပါမည်။ ဤအတိုင်း ဆက်တင်ပြီဆိုရင် ငွေကိုင်၊ ဝိတ်တာတက်ပလက်၊ ဧည့်သည်ကိုယ်တိုင် self-order၊ ဆိုင်ဝဘ်ဆိုဒ် စသည့်နေရာများတွင် တပြိုင်နက် update ဖြစ်သွားပါမည်။

📢 Buy X Get X
📢 Buy X Get Y
📢 Buy 3 Get 5
📢 ဒစ်စကောင့် (Fix Amount)
📢 ဒစ်စကောင့် (%)

ယေဘုယျအားဖြင့် ပြုလုပ်ရ စီမံရ ခက်ခဲရှုပ်ထွေးလှသည့် ဆိုင်ပရိုမိုးရှင်းကို မိနစ်ပိုင်းအတွင်း စီမံလို့ရအောင် 🙋‍♂️ အကူအညီ ပြုပေးနိုင်ပါသည်။

✅ ဧည့်သည်ကိုယ်တိုင် (Self-order E-Menu)
🤖 ဧည့်သည်သည် သူ၏မိုဘိုင်းဖုန်းမှတဆင့် သင့်စားပွဲ (သို့) အခန်းတွင် ရှိထားသော ကျူအာကုဒ်ကို scan ဖတ်ပြီး အော်ဒါတင်နိုင်ပါမည်။ အဆိုပါအော်ဒါသည် 🖥️ငွေကိုင်စက်သို့ တန်းရောက်ရှိမှာ ဖြစ်ပါသည်။

📝 လုပ်ဆောင်ရန်များ
❶ သင့်ဆိုင်၏ စားပွဲ (သို့) အခန်း တစ်ခုချင်းစီအတွက် ကျူအာကုဒ် တစ်ခုချင်းစီ ထုတ်ယူပါ။
❷ ပြီးရင် ၎င်းတို့ကို သက်ဆိုင်ရာ စားပွဲ (သို့) အခန်းများတွင် ကပ်ထားပေးပါ။
❸ ဥပမာ စားပွဲ ၂ မှ ကျူအာကုဒ် Scan ဖတ်ပြီး အော်ဒါတင်ရင် စားပွဲ ၂ မှ အော်ဒါအဖြစ် ငွေကိုင်သို့ ရောက်ရှိပါမည်။ ငွေကိုင်မှ လက်ခံ သို့မဟုတ် ပယ်ချ ကို ရွေးချယ်နိုင်ပါသည်။

✅ ဝိတ်တာတက်ပလက် (ပရင်တာချိတ်ဆက်)
ဝိတ်တာတက်ပလက်များသည် ငွေကိုင်သူ၊ စားဖိုဆောင်၊ ဧည့်သည် အကြားတွင် အလုပ်လုပ်ပါသည်။ ဝိတ်တာတက်ပလက် အသုံးပြုရန်အတွက် ငွေကိုင်စက် ဖွင့်ထားရပါမည်။
👉 ဧည့်သည်၏ အော်ဒါများ လက်ခံနိုင်ပါသည်။
👉 တက်ပလက် စားဖွယ်အော်ဒါများသည် assigned လုပ်ထားသော ပရင်တာများတွင် ပရင့်ထွက်ပါမည်။
👉 ထို့အတူ ငွေကိုင်စကရင်တွင်လည်း Running Order အဖြစ် စာရင်းဝင်ပါမည်။
👉 ငွေတောင်းခံစာ၊ ငွေလက်ခံစာများကို ငွေကိုင်ထံမှသာ ရယူနိုင်ပါသည်။
👉 ဝိတ်တာသည် အဓိက ဧည့်သည်နှင့် ငွေကိုင်အကြားတွင် ရှိပါသည်။

📌 ဝိတ်တာလက်ပလက်ကို apk install ပြုလုပ်ပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။
📌 တက်ပလက်တစ်လုံးကို ဝိတ်တာများစွာ share (သို့) login/logout ဖြင့် အသုံးပြုနိုင်ပါသည်။
📌 တစ်လုံးချင်

✅ အရောင်း (ငွေကိုင်စက်)
❶ ဆိုင်ထိုင်၊ ပါဆယ်၊ ပို့ဆောင်၊ ကောင်တာငွေရှင်း စီမံနိုင်ပါမည်။
❷ စားဖွယ်ဈေးနှုန်း အမျိုးမျိုး သတ်မှတ်နိုင်သဖြင့် Food Delivery ချိတ်ဆက်မှု အဆင်ပြေပါသည်။
❸ ဒေါ်လာ၊ မြန်မာ ကျပ်၊ စသဖြင့် ငွေကြေးမျိုးစုံ လက်ခံနိုင်ပါမည်။
❹ မိုဘိုင်း၊ ကဒ် ပေးချေမှုအမျိုးမျိုးကို လက်ခံနိုင်ပါမည်။
❺ မီးဖိုဆောင် ပရင်တာမျိုးစွာ (လိုအပ်လျှင်) အသုံးပြုနိုင်ပါမည်။
❻ ငွေတောင်းစာ၊ ငွေလက်ခံစာ ထုတ်ယူနိုင်ပါမည်။
❼ စက်ပိတ်စာရွက်ထုတ်ယူနိုင်ပါမည်။
❽ ရင်းနှီးဧည့်သည်အကြွေးရောင်းခြင်း ပြုလုပ်နိုင်ပါမည်။
❾ အွန်လိုင်းရှိစဉ် အွန်လိုင်း၊ အင်တာနက်ဖြုတ်စဉ် အွတ်လိုင်း အလုပ်လုပ်ပါမည်။
❿ တခြားအရာများစွာ ပါဝင်ပါမည်။

🚩 ခုရောင်းခုသိ ဖြစ်စေရန် internet လိုင်း ချိတ်ဆက်ပေးထားရပါမည်။ (သို့)
🚩 Offline Sale အဖြစ် စက်ထဲတွင် သိမ်းမှတ်ထားပေးမှာ ဖြစ်ပါသည်။
🚩 ငွေကိုင်သည် ဆိုင်၏ နေ့စဉ်အော်ပရေးရှင်းတွင် အဓိကကျပါသည်။
🚩 ဒီအတွက် ငွေကိုင်သူကို တိတိကျကျ ခန့်ထားရပါမည်။
🚩 ငွေကိုင်ကို တခြားအလုပ်များ တာဝန်မပေးရပါဘူး။

✅ မာစတာဆက်တင်
ဆိုင်ရှင် (သို့) ဆိုင်စီမံသူ ကိုယ်တိုင် သူ၏ ဆိုင်ကို ဆက်တင်ချခြင်း (တစ်ကြိမ်) အလုပ်ဖြစ်ပါသည်။
❶ မီနူးသတ်မှတ် (စားဖွယ်၊ ထပ်တိုး၊ မျိုးကွဲ)
❷ မီနူးထည့်သွင်း (အမည်၊ ရှင်းလင်းဖော်ပြချက်၊ ဈေးနှုန်းအမျိုးမျိုး)
❸ စားပွဲ၊ အခန်း (ထည့်သွင်း)
❹ ပို့ဆောင်ပါတနာ (ထည့်သွင်း)
❺ ငွေကြေးမျိုးစုံသတ်မှတ်
❻ ငွေလက်ခံမျိုးစုံသတ်မှတ်
❼ ဧည့်သည်မန်ဘာကဒ်
❽ အကောင့်များစီမံခြင်း (ပိတ်ပစ်၊ စကားဝှက်ပြောင်းလဲ)
❾ တခြားများစွာ ပါဝင်ပါမည်။

အကြံပြုချက်။ ။ သေချာတာကို ဆက်တင်ချခြင်းသည် သင့်ဆိုင်စနစ်ကို ပို၍ တည်ငြိမ်စေပါသည်။

⛔ သတ်မှတ်ချက်များ
❶ Commercial Tax G&S = 5% default
❷ Service Charges = 5% default
❸ Delivery Charges (DC) = 2000ks default

📌 ငွေကိုင်သည် ရောင်းပြီး အရောင်းကို ဖျက်ခွင့်ရှိ/ မရှိ သတ်မှတ်နိုင်သည်။
📌 ငွေကိုင်ကို ဒစ်စကောင့် ပေးခွင့်/ မပေးခွင့် သတ်မှတ်နိုင်သည်။
📌 ငွေကိုင်ကို Service/ Delivery Charges ပြင်ခွင့်ရှိ/ မရှိ သတ်မှတ်နိုင်သည်။

✅ အစီရင်ခံစာများ
ဆိုင်အတွက် လုံလောက်သော အစီရင်ခံစာအမျိုးမျိုး ပါဝင်ပါသည်။

📊 တနေ့တာ အရောင်းအကျဉ်းချုပ်
📊 တစ်နေ့တာ အရောင်းအသေးစိတ်
📊 စားဖွယ်အရောင်း
📊 စားဖွယ်အမျိုးအစားအလိုက် အရောင်း
📊 တစ်ပတ်တာ၊ တစ်လတာ၊ တစ်နှစ်တာ ဆိုင်အမြတ်အရှုံး (Profit & Loss)
အစီရင်ခံစာများကို Filter အမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုး ထုတ်ယူနိုင်ပါသည်။

🗝️ Excel Format ဖြင့် ပရင့်ထုတ်နိုင်ပါသည်။

✅ စနစ်တပ်ဆင်ပေးခြင်း
⚙️ အခြေခံလိုအပ်ချက်
❶ ကွန်ပျူတာ (သို့) တက်ပလက် (1လုံး)
❷ 80mm ငွေကိုင်ပရင်တာ (1လုံး)

⚙️ တပ်ဆင်ပေးခြင်း
❶ ဆိုင်ဘက်မှ စက်ပစ္စည်းများ ကိုယ်တိုင်ဝယ်ယူနိုင်ပါသည်။ (သို့)
❷ မြန်မီနူးကို အကူအညီ တောင်းလည်း ရပါသည်။
❸ အကယ်လို့ စက်ပစ္စည်းများ ရှိပါက ကူညီတပ်ဆင်ပေးပါမည်။
❹ ဆိုင်ဘက်မှ ၎င်းတို့ကို အဆင့်သင့် ပြင်ဆင်ပေးထားပါမည်။
❺ မြန်မီနူးမှ Remote မှ ကူညီ တပ်ဆင်ပေးပါမည်။

🚩 ဆိုင်ဘက်မှ (လိုအပ်လျှင်) အိုင်တီတစ်ဦး Standby စီစဉ်ပေးထားပါ။

✅ သင်ပြပေးခြင်း (Training)
🎬 စနစ်လမ်းညွှန် ဗီဒီယိုများ ကို Telegram တွင် စနစ်တကျ စုစုစည်းစည်း တင်ပေးထားပါသည်။
🎬 တယ်လီဂရမ်တွင် @myanmenuadmin ကို ရိုက်ထည့်၍ Hi ပေးပါ။
🎬 ဒါဆိုရင် မြန်မီနူး၏ Private Channel ဝင်ခွင့်လင့်ခ်ကို ပို့ပေးနိုင်ပါလိမ့်မည်။

📝 လေ့လာနည်းလမ်း
❶ Pinned ထောက်ထားသော မာတိကာပို့စ်ကို အရင်သွားပါ။
❷ ပြီးရင် လေ့လာလိုသော လင့်ခ်ကို နှိပ်ပါ။
❸ ဒါဆိုရင် သက်ဆိုင်ရာ ဗီဒီယို (သို့) အကြောင်းအရာ ကျလာပါမည်။

📌 ဗီဒီယိုများသည် အချိန်မရွေး လေ့လာနိုင်ပါသည်။ မရှင်းလင်းသောအရာများကို မေးမြန်းနိုင်ပါသည်။
📌 Remote မှ သင်ပြပေးရမယ်ဆိုရင် အချိန် ၂ရက် (သို့) ၄နာရီ အထိသာ လက်ဆောင် ဖြစ်ပါသည်။
📌 ထက်ပိုသော သင်ပြပေးမှုအတွက် ဝန်ဆောင်ခ ရှိနိုင်သည်ကို နားလည်ရပါမည်။

✅ ပြုပြင်ထိန်းသိမ်းခြင်း
💯 အသုံးပြုနေစဉ် စနစ်ကောင်းမွန်စွာ အလုပ်လုပ်နေရန် တာဝန်ယူပါသည်။
💯 စနစ်အသုံးပြုမှုနှင့်ပတ်သက်သော အခက်အခဲများကို ဖြေဆိုပေးပါမည်။
💯 ထို့အတူ ဆိုင်နှင့်ပတ်သက်သော အခက်အခဲများကိုလည်း တိုင်ပင်နိုင်ပါသည်။

✅ အာမခံ
မြန်မီနူး၏ ယခု ဝန်ဆောင်မှုအတွက် 🛡️ အချိန်မရွေး ငွေပြန်အမ်း အာမခံ ထည့်ပေးလိုက်ပါသည်။

ယခု အာမခံနှင့်အတူ 🤝အာမခံကြိုတင်နားလည်မှု Document လည်း ပူးတွဲထည့်ပေးလိုက်ပါတယ်။

✅ ငွေပေးချေမှု (Payment Terms)
💼 သင့်ဆိုင်အတွက် စနစ်ကို စတင်ပြုလုပ်ပေးရန်အတွက် 💵 စုစုပေါင်းကျသင့်၏ 50% (သို့) 💵 ကြိုတင်သတ်မှတ်ပမာဏ တစ်ခုကို အရင်ဦးဆုံး ပေးချေရပါမည်။

ထို့အတူ ဆိုင်ဘက်မှ စနစ်စတင်ကို စတင်အသုံးပြုနိုင်ပြီ (သို့) ပရောဂျက်ပြီးစီးပြီ ဆိုရင်လည်း 🤝ကျန်ပေးချေမှုများကို ပြုလုပ်ပေးရပါမည်။

✅ ကြိုတင်နားလည်ထားရန်

မြန်မီနူးစနစ်၏ ဝန်ဆောင်မှုသည်  နည်းပညာအပြောင်းအလဲ၊ အခြေအနေအပြောင်းအလဲ၊ ဝန်ဆောင်မှုအပြောင်းအလဲ တစ်ခုခုအပေါ်တွင် အထက်ပါ ဖော်ပြချက်များ မတူညီပဲ ပြောင်းလဲမှုများ ရှိနေနိုင်သည်ကို ကြိုတင်နားလည်ပေးထားပါ။ အကယ်လို့ သင့်ဆိုင်အတွက် ရရှိနိုင်မယ့် ဝန်ဆောင်မှုကို အနီးစပ်ဆုံး တူညီချင်တယ်ဆိုရင် သင့်ဆိုင်အတွက် ကိုတေးရှင်းတောင်းဆိုဖို့ အကြံပြုပါတယ်။

မြန်မီနူးဝဘ်ဆိုဒ် စုစည်းဗီဒီယို ကိုတေးရှင်း

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?