📢Plan (F1) အသက်ကယ် (အကူအညီ)

အကယ်လို့ သင့်ဆိုင်မှာ ဘာလုပ်ရမှန်း မသိတော့ဘူး၊ ဘာဖြစ်ချင်မှန် ရည်ရွယ်ချက်လည်း မရှိတော့ဘူး၊ ဘယ်သွားရမလဲ လမ်းပျောက်နေတယ်၊ ဒါကြောင့် တစ်နေ့တစ်နေ့ စမ်းတဝါးဝါးနှင့် ဆိုင်ဆက်ဖွင့်နေတယ်ဆိုရင် အက်မင်တို့ အရင်ဦးဆုံး အကြံပြုချင်တာက သင့်ဆိုင်ကို အခုရောက်နေတဲ့ နေရာမှာပဲ ကုန်ကျစရိတ် အနည်းဆုံးနဲ့ ရပ်တန့်က ရပ်လိုက်ပါ။ ပြီးရင် ဘေးဘီကို လှမ်းကြည့်ပါ။ ဆိုလိုတာ အက်မင်တို့ကို အရင်ဦးဆုံး ဆက်သွယ်တိုင်ပင်ပါနော်။

⏳၁နှစ်မှာ : ၅ဆိုင်မှာ ❌၁ဆိုင် ပိတ်သိမ်း

⏳၅နှစ်ဆိုရင် : ၅ဆိုင်မှာ ✔️၁ဆိုင် ကျန်ရှိ

အထက်ပါ research ကို အနောက်တိုင်း စားသောက်ဆိုင်များအတွက်သာ မကပါဘူး၊ ထိုင်း၊ စင်ကာပူ စသည့် နိုင်ငံတို့မှာ စားသောက်ဆိုင်များအတွက်လည်း အသုံးပြုကြတာပါ။ ဒါကြောင့် အက်မင်တို့ နိုင်ငံက စားသောက်ဆိုင်များအတွက်လည်း ကိုးကားလို့ရတဲ့ အနေအထားမှာ ရှိနေပါတယ်။ 

အရင်ဦးဆုံး ဆိုင်အောင်မြင်မှု ရာခိုင်နှုန်းနှင့် ပတ်သက်ပြီး စိတ်ဓာတ်မကျစေလိုပါဘူး။ ဘာကြောင့်လဲဆိုရင် တခြားလုပ်ငန်းမျိုးများမှ အောင်မြင်ချေက ပိုလို့တောင် နည်းသေးလို့ပါနော်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အက်မင်တို့ လမ်းညွှန်အကြံပြုချက်များကို အားကိုးနိုင်ပါသေးတယ်။

အကယ်လို့ သင့်မှာ ဆိုင်အောင်မြင်ချင်စိတ်ပြင်းပြတယ်၊ ဒီအတွက် အတိုင်းအတာတစ်ခုအထိ လုပ်ကိုင်နိုင်စွမ်း ရှိသေးတယ်၊ အက်မင်တို့နဲ့ တိုင်ပင်ပြီးနောက် ရရှိလာတဲ့ အကြံပြုချက်အတိုင်း ကြိုးစားလုပ်ဆောင်မယ်ဆိုရင် အက်မင်တို့ကို Hi လိုက်ပါနော်။

ဆက်သွယ်ရန်

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?