📚 အသုံးပြုလမ်းညွှန် (ငွေကိုင်ရာထူး)

ငွေကိုင်ရာထူးသည် နေ့စဉ် ဆိုင်အော်ပရေးရှင်းအတွက် မရှိမဖြစ် အရေးကြီးသော ရာထူး ဖြစ်ပါသည်။ အဆိုပါ ရာထူးသည် ဆိုင်၏ တခြားရာထူးများ၊ လုပ်ငန်းစဉ်များနှင့် အချိတ်အဆက် မိမိလုပ်ဆောင်နေသည့်အတွက် ငွေကိုင်ရာထူး စနစ်ကျ ကောင်းမွန်နေရင် သင့်ဆိုင်တစ်ဆိုင်လုံး၏ အော်ပရှေးရှင်းများ စနစ်ကျ ကောင်းမွန်နေမှာ ဖြစ်ပါသည်။

ဒါကြောင့် ငွေကိုင်ရာထူးကို တခြားရာထူးများနှင့် မရောထွေပဲ သီးသန့် ခန့်အပ်ရမှာ ဖြစ်ပါသည်။ ဒီလမ်းညွှန်များတွင် မြန်မီနူးစနစ်၏ ငွေကိုင်ရာထူးအလုပ်လုပ်ပုံကို ပြသပေးသွားပါမည်။ ဆိုင်စီမံစနစ်သီးသန့်ဖြစ်ခြင်းကြောင့် (လက်လီစနစ်မဟုတ်) သေချာလေ့လာမယ်ဆိုရင် ဆိုင်ငွေကိုင်ရာထူးကို စနစ်တကျ လုပ်ကိုင်တတ်သွားမှာ ဖြစ်ပါသည်။

လေ့လာနည်းလမ်း။  ။ ဗီဒီယိုတွင် ရှင်းပြသော ခလုတ်များ၊ စာသားများ၊ အရောင်များကို အသေမှတ်သားခြင်းမျိုး မပြုပါနှင့်။ အဆိုပါအစား ဘာကြောင့်၊ ဘယ်လို၊ ဘယ်အတွက် စသဖြင့် အလုပ်လုပ်ကိုင်ပုံ၊ သဘောတရား၊ အနှစ်သာရများကို ဦးစားပေး လေ့လာပါ။ ဒါဆိုရင်လေ့လာရပို၍ လွယ်ကူမှာ ဖြစ်သလို၊ ပို၍လည်း နားလည်မှု မြင့်မားမှာ ဖြစ်ပါသည်။

+ + + + + + + + + +

✅ ငွေကိုင်စက်အသုံးပြုခြင်း − (Window ဗားရှင်း)

နှိပ်ရန် >> ကြိုတင်နားလည်ခြင်း

နှိပ်ရန် >> လက်တွေ့အသုံးပြုခြင်း

လမ်းညွှန်တွင် ဆိုင်စီမံစနစ် စစ်စစ်ကို အသုံးပြုထားခြင်းကြောင်း အကယ်လို့ သင်ဂရုပြုလေ့လာမယ်ဆိုရင် ငွေကိုင်ရာထူး အပြင် တခြား ဆိုင်အလုပ်လုပ်ပုံများကိုလည်း တခါတည်း နားလည်သွားစေနိုင်မှာ ဖြစ်ပါသည်။

+ + + + + + + + + +

✅ ငွေကိုင်စက်အသုံးပြုခြင်း − (Android ဗားရှင်း)၏

နှိပ်ရန် >> ကြိုတင်နားလည်ခြင်း

နှိပ်ရန် >> လက်တွေ့အသုံးပြုခြင်း

တကယ်တော့ တက်ပလက် နှင့် ကွန်ပျူတာ ငွေကိုင်စက် အသုံးပြုမှု တော်တော်လေးဆင်တူပါတယ်။ ဒါကြောင့် တစ်ခုနားလည်ရင် နောက်တစ်ခုကို လွယ်လွယ်လေး သဘောပေါက်သွားမှာ ဖြစ်ပါသည်။

+ + + + + + + + + +

✅ ငွေတောင်း နှင့် ငွေလက်ခံစာရွက်များ

ငွေတောင်းစာရွက် (Bill)

ငွေလက်ခံစာရွက် (Receipt)

အထက်ပါများသည် ၃လက်မ (သို့) 80mm ငွေကိုင်စက်ပရင်တာမှ ထွက်သော ငွေတောင်းစာ နှင့် ငွေလက်ခံပြေစာ စာရွက် နမူနာများ ဖြစ်ပါသည်။

+ + + + + + + + + +

✅ သိကောင်းစရာများ

နှိပ်ရန် >> အင်တာနက်လိုင်းမရှိစဉ် ဘယ်လိုအလုပ်လုပ်မလဲ (သို့) ခုရောင်းခုသိဘာကြောင့်လဲ နားလည်ခြင်း
မြန်မီနူးစနစ်သည် အင်တာနက်လိုင်းမရှိစဉ် အရောင်းမှတ်တမ်းများကို Local Computer (သို့) အသုံးပြုစက်ထဲတွင် သိမ်းဆည်းထား၍ လိုင်းပြန်ရသည့်အခါ အဆိုပါ အရောင်းမှတ်တမ်းများကို အလိုအလျှောက် (auto) အွန်လိုင်းပြန်တင်ပေးခြင်းကို ရှင်းပြပေးထားပါသည်။

နှိပ်ရန် >> ငွေကိုင်တက်ပလက်အတွက် APK Install ပြုလုပ်ခြင်း

ငွေကိုင်စက်ကို တက်ပလက်ဖြင့် အသုံးပြုမယ်ဆိုရင် သင့်တက်ပလက်တွင် အဆိုပါ APK ကို အရင် Install ပြုလုပ်ရပါမည်။

နှိပ်ရန် >> External Keyboard ဖြင့် မြန်မာစာရိုက်ခြင်း
အကယ်လို့ တက်ပလက်တွင် ပြင်ပ Bluetooth ကီးဘုတ် တပ်ဆင် အသုံးပြုပြီး မြန်မာစာရိုက်ချင်တယ်ဆိုရင် အထက်ပါတွင် လေ့လာပါ။

+ + + + + + + + + +

💡 အကြံပြုချက်

သင့်အနေဖြင့် အထက်ပါရာထူးအပြင် တခြား သင့်ရာထူးနှင့် ချိတ်ဆက်သော လုပ်ငန်းစဉ်များကို လေ့လာမယ်ဆိုရင်လည်း လေ့လာသင့်ကြောင်း အကြံပြုပါတယ်။ အကယ်လို့ လေ့လာလိုမယ်ဆိုရင် အောက်ပါလင့်ခ်ကို နှိပ်ပါ။

Restaurant Roles and User Guide

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?