📚 အသုံးပြုလမ်းညွှန် (မားကက်တင်းရာထူး)

ဆိုကြပါစို့.. (ဆိုင်A) မှာ ဘီယာ ၃ခွက် ဝယ်၊ ၂ခွက် လက်ဆောင်ပေးတယ်။ (ဆိုင်B) မှာ ဘာပရိုမိုးရှင်းမှ မပေးဘူး။ အကယ်လို့ သင့်က ဧည့်သည်ဆိုရင် ဆိုင်A နှင့် ဆိုင်B ဘယ်ဆိုင်ကို ရွေးချယ်ပါမလဲ?

အကယ်လို့ အထက်ပါမေးခွန်းကို မှန်မှန်ကန်ကန် ဖြေတတ်မယ်ဆိုရင် သင့်ဆိုင်ဘာကြောင့် ပရိုမိုးရှင်းလုပ်သင့်လဲ အဖြေရမှာ ဖြစ်ပါတယ်။

ဆိုင်ပရိုမိုးရှင်း ရှုပ်ထွေးလှတယ်

စားသောက်ဆိုင်လုပ်ငန်းက ထုံးစံအားဖြင့် အလုပ်ရှုပ်ပြီးသား၊ အလုပ်များပြီးသား ဖြစ်ပါတယ်။ အကယ်လို့ အလုပ်မရှုပ်ဘူး၊ အလုပ်မများဘူးဆိုရင်လည်း ဆိုင်ပရိုမိုးရှင်းတစ်ခုကို အောင်မြင်စွာ စီမံပြုလုပ်နိုင်ဖို့က စိန်ခေါ်မှုတစ်ခုပဲ ဖြစ်နေသေးတာပါ။

ဆိုကြပါစို့.. လာမယ့် သောကြာနေ့ သင့်ဆိုင်မှာ ပရိုမိုးရှင်းတစ်ခု ပြုလုပ်ရမယ် စီစဉ်ကြည့်ပါ။ သင့်အနေဖြင့် ဈေးဘယ်လောက် သတ်မှတ်ရမလဲ? ဘယ်သူတွေ ပါဝင်မလဲ? မမှားယွင်းအောင် ဘယ်လိုစီစဉ်ရမလဲ? အမှားပါရင် ဘာဆက်လုပ်မလဲ? နောက်ဆုံး ထိရောက်အောင် ဘယ်လိုကြော်ငြာမလဲ စီမံလုပ်ဆောင်ရ အင်မတန် ရှုပ်ထွေး များပြား ခက်ခဲလှတာပါ။

ဒါပေမယ့် စိတ်မပူပါနဲ့။ အခု လမ်းညွှန်မှာ သင့်ဆိုင် ပရိုမိုးရှင်းကို မိနစ်ပိုင်းမျှဖြင့် အမှားအယွင်းအကင်းရှင်းဆုံး နှင့် စနစ်အကျနဆုံး ဘယ်လိုစီမံလုပ်ကိုင်မလဲ စီမံနည်းလမ်းများကို ဆိုင်စီမံစနစ် အသုံးပြု၍ ရှင်းပြပေးသွားမှာ ဖြစ်ပါသည်။

ကြိုတင်နားလည်ရန်။  ။ ဗီဒီယိုတွင် ဆိုင်မားတက်တင် (သို့) ဆိုင်အရောင်းတိုးနှင့် ဆိုင်သော အရာများကို စုစည်း၍ ဖော်ပြပေးထားပါသည်။ ဒါကြောင့် အကြောင်းအရာများကို သင်၏ Constructive Mindset ဖြင့် ဆက်စပ်၍ Extend လုပ် စဉ်းစားတွေးခေါ်ပါ။ ပို၍ များပြားသော Knowledge ကို ရရှိစေပါလိမ့်မည်။

+ + + + + + + + + +

✅ ဆိုင်ပရိုမိုးရှင်းပြုလုပ်ခြင်း၊

နှိပ်ရန် >> မန်ဘာကဒ် အသုံးပြုပုံ လမ်းညွှန် (အပြည့်အစုံ)

နှိပ်ရန် >> ချိတ်ဆက်အရောင်း (Combo) ပြုလုပ်ခြင်း

နှိပ်ရန် >> Buy X Get Y (အိုင်ဒီယာအမျိုးမျိုး)

လက်ဆောင်ကဒ်၊ ဘောင်ချာလက်မှတ်၊

လွိင်ရယ်ပွိင့်၊ (loyalty & Redeem)

+ + + + + + + + + +

✅ စားပွဲတင်ကျူအာကုဒ်၊

နှိပ်ရန် >> E-Menu တပ်ဆင်အသုံးပြုပုံ

နှိပ်ရန် >> E-Menu အော်ဒါမှာယူပုံ (အပြည့်အစုံ)

+ + + + + + + + + +

✅ စားပွဲ၊ အခန်းနေရာ ဘိုကင်လက်ခံခြင်း၊

ဆိုင်၏ စားပွဲနေရာ ဘိုကင်တင်ခြင်း (Table/ Room Reservation)

တာဝန်ရှိမှာ ဘိုကင်လက်ခံခြင်း (Acceptance of Reservation)

+ + + + + + + + + +

✅ ဆိုင်ဝဘ်ဆိုဒ်မှအော်ဒါလက်ခံခြင်း၊

တာဝန်ရှိမှာ အွန်လိုင်းအော်ဒါလက်ခံခြင်း (Acceptance of Online Order)

+ + + + + + + + + +

✅ မီနူးအင်ဂျင်နီးယားရင်း (Menu Engineering)

နှိပ်ရန် >> အယူအဆ နှင့် တွက်ချက်ခြင်း

နှိပ်ရန် >> ဖော်မြူလာ နှင့် အသုံးပြုခြင်း

+ + + + + + + + + +

မြန်မီနူးအကြံပြုချက်

အရင်တုန်းက ဆိုင်တွေလည်း မများလှပါဘူး။ ပြီးတော့ ပရိုမိုးရှင်းတွေကိုလည်း အထူးတလည် စိတ်မဝင်စားကြပါဘူး။ ဒါပေမယ့် ဒီနေ့အခါမှာတော့ ဆိုင်တွေက မျက်စိပွင့် နားပွင့်နဲ့ ဆိုင်ပရိုမိုးရှင်းတွေ အပြိုင်အဆိုင် အလျှိုလျှို လုပ်လာကြတာကို တွေ့မြင်ကြရမှာပါ။

သင့်ဆိုင် ပြိုင်ဘက်မလုပ်သေးရင် လက်ဦးမှု ယူပါ။ သင့်ဆိုင် ပြိုင်ဘက်လုပ်နေတယ်ဆိုရင်လည်း နောက်မကျပဲ လုပ်ဆောင်ပါလို့ စီမံခန့်ခွဲမှု ရှုထောင့်မှ ဒီနေ့ စားသောက်ဆိုင် မားကက်တင်း အရေးကြီးပုံကို ထောက်ပြခြင်း အကြံပြုပေးလိုက်ပါတယ်။

ဒါကြောင့် အထက်ပါ တစ်ခုကို သုံးရင် တစ်ခု အကျိုးရှိမှာပါ။ နှစ်ခု (သို့) များစွာ ပေါင်းသုံးရင် Synergy စုပေါင်း အကျိုးပင် ရရှိဦးမှာပါ။ ဥပမာ E-Menu နှင့် ဆိုင်ပရိုမိုးရှင်းလုပ်ဆောင်ချက် ပေါင်းသုံးရင် သင့်ဆိုင် ပရိုမိုးရှင်းကို မိနစ်ပိုင်းဖြင့် စီမံလုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။ Loyalty Point System နှင့် သုံးရင် Return Customer ရစေမှာပါ။

+ + + + + + + + + +

💡 အကြံပြုချက်

သင့်အနေဖြင့် အထက်ပါရာထူးအပြင် တခြား သင့်ရာထူးနှင့် ချိတ်ဆက်သော လုပ်ငန်းစဉ်များကို လေ့လာမယ်ဆိုရင်လည်း လေ့လာသင့်ကြောင်း အကြံပြုပါတယ်။ အကယ်လို့ လေ့လာလိုမယ်ဆိုရင် အောက်ပါလင့်ခ်ကို နှိပ်ပါ။

Restaurant Roles and User Guide

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?