အစီရင်ခံစာဆိုရင် တင်ပြရမယ်ဆိုရင် Supervisor/ Manager များလည်း ဝန်ထုတ်ဝန်ပိုး ဖြစ်ပါတယ်။ ပြီးတော့ ကြည့်ရှုရမယ့် Owner/ Shareholder များလည်း ဝန်ထုတ်ဝန်ပိုး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဆိုပါ အစီရင်ခံစာများက ကြည့်ရှုရ အဆင်မပြေလို့ ဖြစ်ပါသည်။ ဒီနေရာမှာ မြန်မီနူးရဲ့ BI + ဒက်ရှ်ဘုတ်ဆိုတာ အရေးပါလာခြင်းပဲ ဖြစ်ပါသည်။
🎓BI (Business Intelligence) ဘာလဲ?
သင့်ဆိုင် အခြေအနေများကို အလွယ်ကူဆုံး သိရှိသွားစေနိုင်သည့် စနစ် ဖြစ်ပါသည်။ သူက လက်ရှိ၊ အနာဂတ်၊ ယခင် အထိ အတိုင်းအတာ Range ကျယ်ပြန့်ပါသည်။ ဒါကြောင့် သင့်ဆိုင် ယခင်က ဘာလုပ်ခဲ့တယ်။ ယခု ဘာလုပ်နေတယ်။ ဒါတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါသည်။ ဒါတင်မကပါဘူး။ သင့်ဆိုင်အနေဖြင့် နောက်လ/ နှောင်အခါ အခြေအနေ ဘယ်လိုရှိမယ် စသဖြင့်ကိုလည်း ခန့်မှန်းနိုင်မှာ ဖြစ်ပါသည်။
🎓ဒက်ရှ်ဘုတ် ဘာလဲ?
သူကလည်း သင့်ဆိုင် အခြေအနေများကို သိရှိစေနိုင်သည့် စနစ် ဖြစ်ပါသည်။ ဒါပေမယ့် သူက လက်တလော အကြောင်းအရာများကို ဦးစားပေးပါသည်။ ဒါကြောင့် သင့်ဆိုင် မနက် ၈ နာရီ ဘယ်လောက်အရောင်းတက်တယ်၊ ဈေးဖိုး ဘယ်လောက် သုံးလိုက်တယ်၊ ဘာအသုံးစရိတ် ရှိတယ်၊ စသဖြင့်ကို အချိန်နဲ့တပြေးညီ သိရှိနေနိုင်စေ ပါသည်။ ဒါကြောင့် သင့်ဆိုင်တစ်ခုခုဆိုရင် ချက်ခြင်းဆိုသလို သိရှိနိုင်စေမှာ ဖြစ်ပါသည်။
🎓BI + ဒက်ရှ်ဘုတ် ဘာလဲ?
BI + ဒက်ရှ်ဘုတ် ဆိုတာ သင့်ဆိုင်အခြေအနေကို အလွယ်ကူဆုံး အမြန်ဆုံးသိရှိနိုင်စေဖို့အတွက် အိုင်တီနည်းပညာ၊ စီးပွားရေးသုံးဂရပ်ဓာတ်ပုံများ၊ နှင့် ဆိုင်အယူအဆများ ပေါင်းစပ်ပြုလုပ်ထားသော အိုင်တီစနစ် ဖြစ်ပါသည်။
🎬 BI ဒက်ရှ်ဘုတ်လေ့လာခြင်း (အရောင်းအပိုင်း)
🎬 BI ဒက်ရှ်ဘုတ်လေ့လာခြင်း (အသုံးစရိတ်အပိုင်း)
ဆက်သွယ်ရန်
💬 အကယ်လို့ သင့်ဆိုင်မှာ စီမံခန့်ခွဲမှုအတွက် အခက်အခဲ ရှိတယ်ဆိုရင် မြန်မီနူးရဲ့ BI Dashboard ကို သတိရလိုက်ပါနော်။