🤑 ဆင်းရဲတဲ့ဖေဖေ နှင့် ချမ်းသာတဲ့ဖေဖေ (သင်ခန်းစာ ဘာရမလဲ)

😞ဆင်းရဲတဲ့ဖေဖေ ဘာလုပ်လဲ?

ဆင်းရဲတဲ့ဖေဖေ ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ Liability တွေ ဝယ်ပါတယ်။
ဥပမာ ကိုယ်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ အိမ်ကြီး Mention ကြီးတွေ ဝယ်ယူ နေထိုင်ပါတယ်။
ဥပမာ ကိုယ့်အတွက် မတန်တဆလွန်းတဲ့ ကားအကောင်းစားကြီးတွေ ဝယ်စီးပါတယ်။
ပြီးတော့ စီးဆင်းနေတဲ့ ငွေကြေးကို အိပ်နေစေတဲ့ စိန်ရွှေရတနာ (အချဉ်တွေ) ဝယ်ယူ ဝတ်ဆင်ပါတယ်။

💩ဘာကြောင့်ဆင်းရဲလဲ?

အိမ်အကြီးဆိုတော့ ဝန်ထမ်းအများကြီး ခန့်ထားရပါတယ်။
ပြီးတော့ ရေဖိုး၊ မီးဖိုးတွေကလည်း အများကြီး အသုံးပြုရမှာပါ။
ပြုပြင်ထိန်းသိမ်းစရိတ်တွေကလည်း အများကြီး ဖြစ်ပါလိမ့်မည်။
ကားအကောင်းစားကြီးလည်း ထို့အတူပါပဲ။
ပြီးတော့ အိပ်နေတဲ့ စိန်ရွှေရတနာတွေကလည်း ငွေကြေးအရင်းအနှီးကို ငွေခေါင်းကွဲ နေစေမှာပါ။

VS.

🤑ချမ်းသာတဲ့ဖေဖေ ဘာလုပ်လဲ?

သူကလည်း ဝယ်ယူပါတယ်။ ဒါပေမယ့် သူက ငွေဖြစ်လွယ်တဲ့ အကျိုးရှိစေတဲ့ Asset မျိုးတွေ ဝယ်ယူပါတယ်။
ဥပမာ ထားကောင်း၊ ရောင်းကောင်း၊ ငှားကောင်းတဲ့ အိမ်တွေကို ဝယ်ပါတယ်။ 
ပြီးတော့ အဲ့ဒီ အိမ်တွေကို ဝန်ထုတ်ဝန်ပိုးအစား ရင်းနှီးကောင်း၊ ရောင်းကောင်း၊ ငှားကောင်း ပြုလုပ်ပါတယ်။
ကားဆိုရင်လည်း ထို့အတူပါပဲ။ ကားကို အသုံးချပြီး ငွေပြန်ရှာခိုင်းပါတယ်။
ပြီးတော့ ငွေကြေးကို အိပ်ပျော်နေစေတဲ့ စိန်ရွှေရတနာ (အချဉ်တွေ) မဝယ်ယူပါဘူး။
ငွေကြေးကို ရင်းနှီးမြှုပ်နှံလို့ကောင်းအောင် ငွေခေါင်းမကွဲအောင် အရှင်သဘော (currency အဖြစ်) သိမ်းဆည်းထားပါတယ်။

🥂ဘာကြောင့်ချမ်းသာလဲ?

အိမ်တွေကို ဒီအတိုင်း မထားပါဘူး။ ရင်းနှီ:ကောင်း၊ ရောင်းစွန်၊ ငှားကောင်းတွေကို ငွေပြန်ရှာခိုင်းပါတယ်။
အသုံးဝင်ကားကိုလည်း ဒီအတိုင်း မထားပါဘူး။ ငွေပြန်ရှာခိုင်းပါတယ်။
ငွေကြေးကို အိပ်ပျော်နေစေတဲ့ အလုပ်တွေကိုလည်း မလုပ်ပါဘူး။
အရင်းအနှီး စုဆောင်းထားပါတယ်။ ပြီးတော့ ငွေကြေး ငွေကြေး ပြန်ရှာစေပါတယ်။
ဒါက ချမ်းသာတဲ့ ဖေဖေချမ်းသာလာရခြင်း ဖြစ်ပါတယ်။

💡သင်ခန်းစာ (lesson learnt)

၁) အများအထင်ကြီးအောင် Impression ရအောင် ဥပမာ အိမ်အကြီးကြီး Mention ကြီးနဲ့ နေထိုင်ခြင်းကို နားလည်ပါတယ်။ ဒါပေမယ့် အဲ့ဒီ အထင်ကြီးမှုကနေ ငွေအဖြစ် မပြောင်းလဲနိုင်ဘူးဆိုရင် အဲ့ဒါက သင့်အတွက် ဆင်းရဲတဲ့ ဖေဖေ လမ်းစဉ်ကို လျှောက်လှမ်းနေခြင်း ဖြစ်ပါတယ်။

၂) ဥပမာ မော်တော်ကားဆိုသည့်အရာသည် လွယ်ကူစွာ အသုံးဝင်စရာမျိုး ဖြစ်ပါသည်။ သို့သော်လည်း သုံးမချနိုင်ရင် အဲ့ဒါကလည်း သင့်ချမ်းသာမှုလမ်းကြောင်းကို အနှောက်အယှက် ဖြစ်စရာ ဖြစ်ပါသည်။

၃) ရွှေဆိုသည့် သတ္တူတွင် ခိုင်မာသည့် တန်ဖိုး ရှိနေပါတယ်။ ဒါပေမယ့် အသုံးချရ ခက်ပါသည်။ သို့သော် သင့်နိုင်ငံက ငွေကြေးမတည်ငြိမ်မှုရှိနေတယ်၊ ဥပမာ ဘဏ်အတိုးထက် ငွေကြေးဖောင်းပွမှုက ပိုများနေတယ်ဆိုရင် ရွှေဆိုသည့် သတ္တုသည် အရင်းအနှီးစုဆောင်းဖို့အတွက် ရွေးချယ်စရာ ကောင်းဖြစ်နိုင်ပါသည်။ ဒါပေမယ့် အသုံးမဝင်ဖို့ များပါသည်။

၄) စိန်ဆိုသော ရတနာသည် တန်ဖိုးမတည်ငြိမ်လှပါဘူး။ ပြီးတော့ Lab Growth တွေလည်း နည်းပညာ ရှိနေပါပြီ။ ပြီးတော့ အက်မင်တို့ နိုင်ငံထွက်ကုန် မဟုတ်ပါဘူး။ ဒါကြောင့် အက်မင်တို့အနေဖြင့် အဲ့ဒီ စိန်ရောင်းချနေသော ဆိုင်များကိုလည်း သင်တို့ ရောင်းရရင် အမြတ်ကြမ်းတယ်ဆိုပေမယ် မရွေ:ချယ်သင့်တဲ့ ပစ္စည်း (သို့) စီးပွားရေး ဖြစ်ပါတယ်။

အထူး။  ။ စိန်ရောင်းဖို့ ကြိုးစားသူ၊ စိန်ဝယ်ယူသူများ စိန်ရောင်း ဘယ်လောက်မြတ်မြတ်၊ စိန်ဝယ် ဘယ်လောက်လျှော့ပေးပေး အဖြေကို NO! လိုက်ပါ။

၅) ငွေကြေးကို ဒီအတိုင်းထားမယ်၊ ငွေအတိုးက ငွေကြေးဖောင်းပွမှုလောက် မများရင် (သို့) နည်းနည်းလေးပဲသာနေရင် ငွေကို ပရုတ်လုံး မဖြစ်ရအောင် အများအကျိုးရှိတဲ့ အလုပ်မျိုးလုပ်ကိုင်ပါ၊ ဒါဆိုရင် သင့်အနေဖြင့် ချမ်းသာဖေဖေ လျှောက်လှမ်းတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေခြင်း ဖြစ်ပါသည်ဟု။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?