စားသောက်ဆိုင်အလုပ်ဆိုတာ ကိစ္စဝိစ္စ ဗာရီဗာဒ များပါတယ်။ စီမံတတ်ရင် ငှက်ပျောသီး အခွံနွာ ဖြစ်ပါတယ်။ ဒါပေမယ့် မစီမံတတ်ရင်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကြောင်ပျောက်နေနိုင်ပါတယ်။ အက်မင်တို့ အခုပို့စ်မှာ ဆိုင်စီမံခန့်ခွဲမှု နှင့် ဆိုင်အလုပ်ဖြစ်ဖို့အတွက် လုပ်ငန်းဦးစားပေး industry oriented နည်းလမ်းဖြင့်ပဲ လိုတိုရှင်း ဒဲ့ ပြောပြပေးပါမယ်။
❶စားသောက်ဆိုင်လုပ်ငန်းကြီး တစ်ခုလုံးကို flatten ကြီး ရှုမြင်မယ်ဆိုရင် ဘာလုပ်လို့၊ ဘာကိုင်ရမှန်း သိမှာ မဟုတ်ပါဘူး။ ပြီးတော့ လုပ်နေတယ် ဆိုရင်လည်း အဲ့ဒီလို လုပ်နေတာ သင့်လား? မသင့်လား? စစ်ဆေးလို့ ဆန်းစစ်လို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒီလို လုပ်ငန်းကို လေ့လာကြည့်လို့မှ မရရင် သင့်ဆိုင် ဘာဆက်လုပ်ရမယ်၊ ဘာဆက်လုပ်သင့်တယ် ဆုံးဖြတ်လို့လည်း ရမှာ မဟုတ်ပါဘူး။ စီမံဖို့ဆိုတာကတော့ ဝေးစွ ဖြစ်ပါလိမ့်မည်။
❷ဒါကြောင့် အက်မင်တို့အနေနဲ့ အဲ့ဒီ ဆိုင်အသစ်ကြီးကို စီမံလို့ရအောင် အရင်ဦးဆုံးလုပ်ကိုင်ရမှာကတော့.. အစိတ်အပိုင်းများခွဲခြားပစ်ခြင်းပဲ ဖြစ်ပါတယ်။
❸ဥပမာအားဖြင့် ငွေကိုင်၊ စတို၊ မီးဖိုဆောင်၊ ဝိတ်တာ၊ ဈေးဝယ်၊ မန်နေဂျာ၊ ဆိုင်ရှင်၊ ရှယ်ယာရှင် စသဖြင့် တူညီရာ၊ ပိုင်းလို့ရတာ၊ ပိုင်းသင့်တာများကို ပိုင်းခြား ခွဲခြားပစ်ရမှာ ဖြစ်ပါတယ်။
❹အဲ့ဒီမှာ မေးခွန်းက ဘယ်လိုပိုင်းရမှာလဲ? ဘယ်နှစ်ပိုင်းလဲ? အက်မင်တို့ တခါတည်းဖြေပါတယ်။ အဲ့ဒါက သင့်ဆိုင်အရွယ်အစား၊ သင့်ဆိုင်ဝန်ဆောင်မှု၊ သင့်ဆိုင်ဝန်ထမ်းအင်အားအပေါ် မူတည်ပြီး ပိုင်းခြားရမှာ ဖြစ်ပါတယ်။ အပိုင်းအရေအတွက်လည်း ထို့အတူပါပဲ။
❺ဒီမှာ မှတ်ထားစရာရှိတာက ဝန်ထမ်းနည်းနည်း အစိတ်အပိုင်းများလွန်းရင်လည်း အလုပ်မတွင်လှ ဖြစ်နိုင်ပါတယ်။ ဝန်ထမ်းများများ အစိတ်အပိုင်းနည်းလွန်းရင်လည်း စီမံခန့်ခွဲမှု ထိရောက်မှု ရှိလှမှာ မဟုတ်ပါဘူး။
❻ရာထူးအဆင့် (hierarchy) ခွဲခြားသတ်မှတ်မှုများကလည်း ထို့အတူပဲ ဖြစ်ပါတယ်။ မြင့်လွန်းရင်လည်း အထက်နှင့်အောက် အလှမ်းဝေးနေနိုင်ပြီး မလိုအပ်ပဲ delay/ bad impact တွေ ဖြစ်နေမှာပါ။ ထို့အတူပဲ flatten ကြီးဖြစ်လွန်းရင်လည်း သင့်ဆိုင်စီမံခန့်ခွဲမှုက ယိမ်းကသလို ဖြစ်နေနိုင်ပါတယ်။
❼ဒါကြောင့် သင့်အနေဖြင့် သင့်ဆိုင်အရွယ်အစား၊ သင့်ဆိုင်ဝန်ဆောင်မှု၊ သင့်ဆိုင်ဝန်ထမ်းအင်အား စသည်တို့နှင့် သင့်တော်တဲ့ ရာထူးတွေ သတ်မှတ်ပေးရပါမယ်။
မှတ်ချက်။ ။ ဒီဝန်ထမ်းရာထူး အဆင့်များစွာကိုတော့ ဝန်ထမ်းများလှတဲ့ ဆိုင်ကြီးများ/ ကုမ္ပဏီကြီးများမှ ပိုအသုံးဝင်ပါလိမ့်မယ်။ ဆိုင်ငယ်လောက်ဆိုရင်တော့ ပါးပါးပဲ ရာထူးအဆင့် သတ်မှတ်ရင် ရပါပြီ။
❽အခုဆိုရင် သင့်ဆိုင်အသစ်ကြီးကို အရောင်းအပိုင်းဆိုရင် အရောင်းအပိုင်း၊ စတိုအပိုင်းဆိုရင် စတိုအပိုင်း၊ စသဖြင့် ပိုင်းခြားပြီးပြီဆိုရင် သင့်ဆိုင်သစ်ကြီးကို ပိုမိုလွယ်ကူစွာ စတင်စီမံလို့ ရပါပြီ။
❾အခု အရောင်းအပိုင်းကို နမူနာ စီမံပြပါမယ်။ အရောင်းအပိုင်း ငွေကိုင် အချိန်မှီ ဆိုင်လာရမယ်၊ ငွေကိုင်ကောင်တာမှ ဧည့်သည်အတွက် standby ရှိရမယ်၊ ငွေသား အပျောက်အရှ မရှိရဘူး၊ ဆိုင်ပိတ်ချိန် စာရင်းဇယားဖြင့် ငွေအပ်ရမယ် စသဖြင့် စီမံလုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
❿တခြားလုပ်ငန်းအပိုင်း၊ တခြားရာထူးတွေဆိုရင်လည်း အတူတူပါပဲနော်။ ရည်ရွယ်ချက် လုပ်ကိုင်ပုံ ပြောင်းလဲမှုရှိပေမယ့် ရည်မှန်းချက် လုပ်ဆောင်မှုကတော့ ဆိုင်၏ ရည်ရွယ်ချက်ကို စုပေါင်း အကောင်အထည်ဖော်နေကြခြင်းပဲ ဖြစ်ပါတယ်။
အက်မင်တို့ အခုဆိုရင် သင့်အနေဖြင့် ဆိုင်သစ်ကြီးပဲလာလာ၊ ဆိုင်ဟောင်းကြီးပဲ ဖြစ်ဖြစ်၊ ဆိုင်ပိစီပဲဖြစ်ဖြစ် စနစ်တကျဖြင့် လွယ်လွယ်ကူကူ ငှက်ပျောသီး အခွံနွာသလို စီမံလုပ်ကိုင်တတ်ပြီလို မြင်မိပါတယ်။
ကြော်ငြာ။ ။ ဆိုင်စီမံခြင်းကို နည်းပညာ မြန်မီနူးစနစ် အသုံးပြုမယ်ဆိုရင်တော့ ကျားကို အတောင်ပံ တပ်လိုက်သလိုပါပဲ တစ်ဆိုင်မက ဆိုင်ပေါင်းများစွာကိုပင် စနစ်တကျ လွယ်လွယ်ကူကူ စီမံနိုင်စေမှာ ဖြစ်ပါတယ်။