📚 အောင်မြင်အောင် စားသောက်ဆိုင်အမည်ပေးနည်း (အပြည့်အစုံ)

စားသောက်ဆိုင်တစ်ဆိုင် အောင်မြင်ဖို့ ဆိုင်အမည်သည်လည်း အဓိကကျသော Key Factor တစ်ခု ဖြစ်ပါသည်။ အကယ်လို့ ဆိုင်အမည်ကောင်းတယ်ဆိုရင် သင်ကိုယ်တိုင်၊ သင့်ရှယ်ယာရှင်၊ နှင့် သင့်ဆိုင်ဝန်ထမ်းများ စိတ်ကြည်နူး၊ ဂုဏ်ယူနေစေမှာ ဖြစ်ပါသည်။ ဒါတင်မကပါဘူး သင့်ဆိုင်လာမယ့် ဧည့်သည်အတွက်လည်း ဆိုင်မရောက်ခင်ကပင် First Impression ကောင်းနေတော့မှာပါ။

ပိုပြီးအရေးကြီးတာကျန်ပါသေးတယ်။ အဲ့ဒါက အကယ်လို့ ဆိုင်အမည်ကောင်းရင် အဆိုပါ ဆိုင်အမည်အောက်တွင် ဆိုင်ခွဲများစွာ၊ ဆက်စပ်လုပ်ငန်းများစွာ၊ တွဲဖက်လုပ်ငန်းများစွာ ဆက်လက်တိုးချဲ့လုပ်ကိုင်နိုင်ဖို့အတွက် Well Known/ Branding Impression ရနေဦးမှာပါ။

✅ အမည်ကို စိတ်ထဲတဒင်္ဂ၊ ပြီးစလွယ်၊ ဖြစ်သလို မရွေးပါနဲ့။ နောင်တရဖို့ များပါတယ်။
✅ ဒါကြောင့် အက်မင်တို့ အခု ပြောပြတဲ့ အဆင့် (၃) ဆင့်ဖြင့် တိတိကျကျ ရွေးချယ်ပါ။
 
အဆင့် (၁) အရင်ဆုံး အမည်များ ထုတ်ယူပါမယ်
အရင်ဦးဆုံး သင့် စိတ်ကူးထဲမှာ သင့်ဆိုင်လုပ်ငန်းအကြောင်းကို သင့်ထက်သိသူ မရှိတော့ပါဘူး။ ဒါကြောင့် ဗေဒင်မေးခြင်းထက် သင့်ဆိုင်အမည်ကို သင်ကိုယ်တိုင် ထုတ်ယူရပါမယ်။ ဒီအတွက် အက်မင်တို့ အောက်ပါ ထုတ်ယူနည်းလမ်း (၅)ခု ပြောပြပေးပါမယ်။
လုပ်ငန်းစဉ်ထုတ်ယူခြင်း၊
ဆိုင်အမည်ကို ဆိုင်လုပ်ငန်းစဉ်အပေါ်လိုက်ပြီးတော့လည်း အမည်ပေးနိုင်သည်။ သင်ဘယ်သူဖြစ်တယ်၊ သင်ဘာကျွမ်းကျင်တယ် ဒီလိုမျိုးအပေါ်မှာ အမည်ပေးခြင်းမျိုး ဖြစ်ပါသည်။ အကယ်လို့ သင့်ဆီမှာ အဲ့ဒီအချက်တွေ ရှာမတွေ့ဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ သင့်ဆိုင်အမည်များကို တခြားနည်းလမ်းများ အခြေခံပြီးတော့လည်း generate ထုတ်ယူနိုင်ပါတယ်။
ပတ်ဝန်းကျင်ထုတ်ယူခြင်း
ဆိုင်တည်ရှိရာ လိပ်စာ အစိတ်အပိုင်းကို အမည်အဖြစ်အသုံးပြုခြင်းပဲ ဖြစ်ပါသည်။ သင့်ဆိုင် တည်ရှိရာ လမ်းအမည်၊ အိမ်နံပါတ်၊ ဆိုင်အနီးပတ်ဝန်းကျင်၊ အထင်ကရ လမ်းအမှတ်အသား Landmark၊ သမိုင်းဝင် အဆောက်အအုံ Historical Building၊ စသည့် အမည်များ၏ စကားစုများ (သို့) အစိတ်အပိုင်းများကို အသုံးပြုပြီးတော့လည်း  သင့်ဆိုင်အမည်များ ထုတ်ယူနိုင်ပါတယ်။ အားသာချက်က ဒီလိုအမည်မျိုးကတွေက ဧည့်သည်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်တာကြောင့်ကို သင့်ဆိုင်ကို တခါတည်းမှတ်မိနေစေနိုင်ပါတယ်။ ပြီးတော့ သင့်ဆိုင်အမည် နှင့် ဆိုင်လိပ်စာလည်း တခါတည်း တွဲဖက်မှတ်မိနေစေ နိုင်ပါသေးတယ်။
ထူးခြားဆန်းပြားထုတ်ယူခြင်း
သင့်ဆိုင်ကို ရီစရာအမည်မျိုးလည်း ကြိုးစားကြည့်နိုင်ပါသည်။ အဲ့ဒီလို ဆိုင်အမည်မျိုးက အောင်မြင်ရင် အရမ်းအောင်မြင်သွားနိုင်သလို.. မရီရဘူး၊ (သို့) တခုခု offensive စော်ကားသလို ဖြစ်သွားတယ်ဆိုရင်တော့ ဆိုင်၏ ဂုဏ်သတင်းကို ထိခိုက်သွားစေနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ အကယ်၍ သင့်ဆိုင်ကို ဒီလိုအမည်မျိုးထဲက စဉ်းစားကြည့်မယ်ဆိုရင် အဲ့ဒီအမည်မျိုးကို selected confirmed မလုပ်သေးခင် သင့်ရင်းနှီးတဲ့မိတ်ဆွေ၊ သူငယ်ချင်း၊ ပြီးတော့ သင့်ဧည့်သည်တော်များ၏ ထင်မြင်ချက်များကိုလည်း မေးမြန်း ကြည့်သင့်ပါတယ်။ အကယ်၍ သင့်အမည်က လူအများစုနှင့် အဆင်မပြေဘူး offensive ဖြစ်တယ်ဆိုရင်တော့ ပြန်လည် revise လုပ်ဖို့ စဉ်းစားရမှာပါ။
နောက်ခံသမိုင်းထုတ်ယူခြင်း
သင့်ဆိုင်အမည်များကို နောက်ခံသမိုင်းကြောင်း အပေါ်မှာလည်း အမည်များ ထုတ်ယူနိုင်ပါတယ်။ နောက်ခံသမိုင်းကြောင်းဆိုတာကတော့ သင့်မိသားစုသမိုင်းကြောင်း၊ သင့်ဆိုင်မှာ ရောင်းမယ့် စားဖွယ်သမိုင်းကြောင်း၊ သင့် ဆိုင်တည်ရှိရာ သမိုင်းကြောင်း၊ (သို့) ရှေးယခင်က ဖြစ်ရပ်တစ်ခုခု အမှတ်ရစရာ ဂုဏ်ယူစရာ နောက်ခံသမိုင်းအပေါ် အမည်များ ထုတ်ယူခြင်း ဖြစ်ပါသည်။ အကယ်လို့ သင့်အဘိုး၊ အဘွား၊ ဘီဘင်များတွင် ဂုဏ်ယူစရာ သမိုင်းကြောင်းများရှိတယ်၊ (သို့) သမိုင်းကြောင်းများကို မွေးထုတ်နိုင်တယ်ဆိုရင် အဲ့ဒီက ပေါက်ဖွားလာတဲ့ သင့်ဆိုင်အမည်များဟာလည်း ကြီးကျယ်ခမ်းနားမှု Mystery များဖြင့် ပြည့်စုံလို့ နေတော့မှာပါ။
ဆိုင်အားဖြင့်ထုတ်ယူခြင်း
သင့်ဆိုင်ကို လာရောက်သုံးဆောင်ကြသူ ဧည့်သည်များကို ဘယ်လို အတွေအကြုံမျိုး ခံစားစေလိုသလဲ၊ တနည်းအားဖြင့် သင့်ဆိုင်ဧည့်သည်ကို တွေ့ကြုံခံစားစေလိုတဲ့ အတွေ့အကြုံကို ဆိုင်အမည်မှာတင် ရရှိသွားအောင် အမည်ပေးခြင်းမျိုး ဖြစ်ပါသည်။
ဥပမာ။  ။ ရှမ်းပြည်ဆောင်းတွင်းကြီး အရက်ထိုင်သောက်ရသလို အတွေ့အကြုံမျိုးကို ဖော်ကျူးဖို့ ရှမ်းမြောက်စွန်း လုလင်ပျို၊ ရခိုင် ကမ်းရိုးတန်းမှာ ပင်လယ်စာတွေ ဖော်ဖော်သီသီ သုံးဆောင်နေရသလို အတွေ့အကြုံမျိုး ပေါ်လွင်အောင် ရခိုင်သဲသောင်ပြင် စသဖြင့် ဧည့်သည်ကို တဒင်္ဂ တောင်ပေါ်ရောက်အောင်၊ ကမ်းခြေရောက်အောင် ဒီလိုမျိုး ဆိုင်ပုံစံ နှင့် အမည်ကို ထပ်ဟပ်စေအောင် ပေးနိုင်ပါတယ်။
ဒါဆိုရင် ကမ်းခြေသွားချင်တဲ့ ဧည့်သည် ဘယ်ကို သွားမလဲနော်.. သင့်ဆီလာမှာ ဖြစ်ပါတယ်။
🚩 အထက်ပါ နည်းလမ်းများအားဖြင့် အမည်များစွာ ထုတ်ယူနိုင်ပါတယ်။ အနည်းဆုံးတော့ နည်းလမ်း၁ခု တွင် အမည် ၂ခုလောက် ထုတ်ယူခဲ့ပါနော်။
အဆင့် (၂) ရလာတဲ့ အမည်များကို စစ်ထုတ်ပါမယ်
အမည်များကို စစ်ထုတ်ခြင်း (ပ)
အခုဆိုရင် သင့်လက်ထဲမှာ အနည်းဆုံး အမည် ၅ခု ရှိနေမှာပါ။ အရင်ဦးဆုံး အဲ့ဒီအမည်တွေကို တခြားဆိုင်တွေ သုံးနှင့်ပြီလား စစ်ဆေးစေချင်ပါတယ်။
    ▼ဖေ့ဘုတ်တွင် အင်္ဂလိပ်၊ မြန်မာ၊ စာလုံးပေါင်းချိန်ညှိ၍ အမည်တူ ရှာဖွေပါ၊
    ▼ဂူဂယ်၊ ရာဟူး တို့တွင် ဆက်လက် ရှာဖွေပါ၊
    ▼တတ်နိုင်ရင် သက်ဆိုင်ရာမြို့နယ်/ ခရိုင်တို့တွင် ရှာဖွေပါ၊
ယေဘုယျအားဖြင့် စားသောက်ဆိုင် လိုင်စင်ကို ခရိုင်အဆင့်မှ စီမံပါသည်။ ဒါကြောင့် မတူညီတဲ့ ခရိုင်များအောက်တွင် တူညီတဲ့ ဆိုင်အမည်များ လိုင်စင်ယူနိုင်ပါသည်။ ဒါကတော့ Loophole ဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင်တော့ unique အမည်မျိုးကို ဦးစားပေး ရွေးပေါ့နော်။ 
အမည်များကို စစ်ထုတ်ခြင်း (ဒု)
အကယ်လို့ သင့်မှာ ဆိုင်အမည်တွေများနေသေးတယ်ဆိုရင် နောက်ထပ် filter ဆက်လုပ်ရပါမယ်။
    ▼မှတ်မိလွယ်ခြင်းကို ဦးစားပေးပါ၊
    ▼စိတ်ဝင်စားစေခြင်းကို ဦးစားပေးပါ၊
    ▼ကွဲပြားခြားနားခြင်းကို ဦးစားပေးပါ၊
အနည်းဆုံး အမည်နှစ်ခုတော့ ကျန်အောင် filter လုပ်ပါနော်။
အဆင့် (၃) ကျန်အမည်များထဲမှ အမည်တစ်ခုကို ရွေးချယ်ပါမယ်
ဒီအဆင့် အတွက် သင့်လက်ထဲမှာ အနည်းဆုံး အမည်၂ခု ကျန်ရပါမည်။ (သို့) အထက်ပါ အဆင့်များကို ပြန်စပါ။
အဆိုပါ သင့်အမည်များကို သင့်အကျိုးလိုလားသူ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ ဝန်ထမ်းများနှင့် တိုင်ပင်ပါ။ ပြီးရင် သူတို့ပြောတဲ့ ရှုထောင့်များကို နားထောင်ပါ။
🏁နောက်ဆုံး သင့်အနေဖြင့် အကောင်းဆုံး အမည်တစ်ခု ရွေးထုတ်ဖို့အတွက် အကြောင်းပြချက်များ ပြည့်စုံလာမှာပါ။ ဒါဆိုရင် အဲ့ဒီအထဲက တစ်ခုကို သင်ကိုယ်တိုင် ဆုံးဖြတ်ရွေးချယ် လိုက်ပါ။ ဒါဆိုရင် သင့်ဆိုင်အတွက် အကောင်းဆုံး အမည်တစ်ခု ရလိုက်တော့မှာပါ။ အရေးကြီးတာ ကျန်ပါတယ်။ အမည်ရွေးပြီးမှ ဇဝေဇဝါ မလုပ်ပါနဲ့။ ပြီးတော့ တကယ်မလုပ်ပဲလည်း မနေပါနဲ့။ ရှင်းလင်းပြတ်သားစွာ မဆုတ်မနစ် တကယ်လုပ်ကိုင်မှသာ အောင်မြင်တဲ့ ဆိုင်လုပ်ငန်းတစ်ခုကို အဆိုပါ ကောင်းမွန်လှတဲ့ အမည် (Brand) အောက်တွင် ထူထောင်အောင်မြင်နိုင်တော့မှာ ဖြစ်ပါသည်။
Good Luck ပါနော်။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?