သင့်ဆိုင်မှာ ဝန်ထမ်းမြဲတယ်၊ မမြဲဘူးဆိုတာကို Turnover Rate တွက်ချက်နည်းဖြင့် သိနိုင်ပါသည်။ ဘာကြောင့်လဲဆိုရင် သင့်ဆိုင်၏ ဝန်ထမ်းအရေအတွက်၊ ကာလတစ်ခုအတွင်း ထွက်ခွာဝန်ထမ်း၊ ကာလတစ်ခုအတွင်း ခန့်ထားဝန်ထမ်းများ မတူညီနိုင်လို့ ဖြစ်ပါသည်။
အရင်ဆုံး အောက်ပါ မေးခွန်းကို ဖြေကြည့်ပါ။ ဘယ်ဆိုင် ဝန်ထမ်း ပိုထွက်နေပါသလဲ?
(ဆိုင်AA) မှာ ဝန်ထမ်း ၅ဦး ရှိတယ် ၁ဦး ထွက်တယ်။
(ဆိုင်BB) မှာ ဝန်ထမ်း ၁၀ဦး ရှိတယ် ၁၀ဦး ထွက်တယ်။
အက်မင်တို့ ဒီပို့စ်မှာ ဖော်မြူလာတွက်ချက်နည်း နှင့် စီမံခန့်ခွဲနည်း နှစ်ခုစလုံး ပြောပြပေးပါမယ်။
အဆင့် ❶ တွက်ချက်မှု အရင်လုပ်ပါမယ်။
အရင်ဆုံး ဆိုင်မှာ ဝန်ထမ်း မြဲလား? မမြဲဘူးလား (Turnover Rate) တွက်ချက်ရပါမယ်။ အဲ့ဒီအတွက် အောက်ပါ တန်ဖိုး ၃ခုကို သိထားရပါမယ်။
- စတင်အချိန် ဝန်ထမ်းဦးရေ = ❓
- အဆုံးအချိန် ဝန်ထမ်းဦးရေ = ❓
- ထွက်ခွာ ဝန်ထမ်း = ❓
ဆိုင်နမူနာ (က) နှစ်အစမှာ ဝန်ထမ်း 10ဦး ရှိတယ်၊ နှစ်အဆုံးမှာ ဝန်ထမ်း 9ဦးပဲ ကျန်တယ်၊ ထွက်ခွာ 8ဦးရှိခဲ့တယ်ဆိုတာကို အရင်ဆုံး တွက်ချက်ပါမယ်။
အဆင့် ၁) နှစ်အစ 10ဦး + နှစ်အဆုံး 9ဦး ကို အရင်ပေါင်းမယ်။ ရလဒ် = 19ဦး
အဆင့် ၂) အဆိုပါ ရလဒ်ကို 2 ဖြင့် စားမယ်။ 19/2 = 9.5 ရပါမယ်။
အဆင့် ၃) ထွက်ခွာဦးရေကိုတည်ပြီး အဆင့် 2 ရလဒ်ဖြင့် စားမယ်။ 8/9.5 = 0.8421 ရပါမယ်။
အဆင့် ၄) ရာခိုင်နှုန်းဖွဲ့ဖို့ 100 ဖြင့် မြှောက်မယ်။ 84.21% ရပါမယ်။
ဆိုင်နမူနာ (ခ) သတ်မှတ်စတင်အချိန်မှာ ဝန်ထမ်း 50ဦး ရှိတယ်၊ သတ်မှတ်အဆုံးအချိန်မှာ ဝန်ထမ်း 60ဦး ဖြစ်သွားတယ်။ ထွက်ခွာ 20ဦး ရှိတယ်ဆိုတာကို ထပ်မံတွက်ချက် ပြပါမယ်။
အဆင့် ၁) သတ်မှတ်စတင်အချိန် 50ဦး + သတ်မှတ်အဆုံးအချိန် 60ဦး ကို အရင်ပေါင်းမယ်။ ရလဒ် = 110ဦး
အဆင့် ၂) အဆိုပါ ရလဒ်ကို 2ဖြင့် စားမယ်။ 110/2 = 55 ရပါမယ်။
အဆင့် ၃) ထွက်ခွာဦးရေကိုတည်ပြီး အဆင့်2 ရလဒ်ဖြင့် စားမယ်။ 20/55 = 0.3636 ရပါမယ်။
အဆင့် ၄) ရာခိုင်နှုန်းဖွဲ့ဖို့ 100 ဖြင့် မြှောက်မယ်။ 36.36% ရပါမယ်။
အဆင့် ❷ ဖော်မြူလာတန်ဖိုး (60%~75% ရှင်းပြခြင်း)
စားသောက်ဆိုင်လုပ်ငန်းမျိုး၏ ဝန်ထမ်း turnover rate ကို နိုင်ငံတကာ စံနှုန်းများအရဆိုရင် 75% လောက်က ပုံမှန် optimal လို့ ညွှန်ပြနေပါတယ်။ ဒါက သူတို့နိုင်ငံခြား တိုင်းပြည်များ၏ အဝင်အထွက် များပြားနှုန်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ rate က အက်မင်တို့ နိုင်ငံအတွက်ဆိုရင်တော့ နည်းနည်းများလိမ့်မယ်လို့ မြင်ပါတယ်။
ဘာကြောင့်လဲဆိုရင် အက်မင်တို့ နိုင်ငံအလုပ်လုပ်ပုံစံ၊ လောဘကြီးမှု၊ ယဉ်ကျေးမှုတို့ကြောင့် နည်းနည်း လျှော့သင့်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် မြန်မီနူးက စံသတ်မှတ်ချက်အဖြစ် 60% ကို Optimal လို့ မြန်မီနူးက အကြံပြုပါသည်။
အဆင့် ❸ နမူနာစီမံခန့်ခွဲခြင်း
အက်မင်တို့ အဆင့်❶ မှာ နမူနာ ဆိုင် (က) နှင့် (ခ) တို့ကို တွက်ချက်ခဲ့ပါတယ်။ အဆင့်❷ မှာ ဖော်မြူလာတန်ဖိုး 60% က optimal သင့်တော်တယ်လို့ ပြောပြခဲ့ပါတယ်။ ဒါကြောင့် အက်မင်တို့ အခု အဆင့် ❸ မှာ စီမံခန့်ခွဲမှုတွေကို ဆိုင်နှစ်ဆိုင် နှိုင်းယှဉ်ပြီး ပြုလုပ်ပြပေးပါမယ်။
၁) ဆိုင် (က) ဝန်ထမ်းထွက်ခွာ ၈ဦး အချိန်မှာ (ဆိုင် ခ) ၂၀ဦး ဖြစ်ပါတယ်။ ဒါပေမယ့် တွက်ချက်မှုအရ ဆိုင် (က) ၏ ဝန်ထမ်းထွက်ခွာနှုန်း ပိုမြင့်မားပါသည်။
၂) ဆိုင် (က) ၏ turnover rate 84.21% ဖြစ်နေပါသည်။ ဒါကြောင့် သာမန်ထက် များနေပါသည်။
၃) ဆိုင် (ခ) ၏ turnover rate 36.36%% ဖြစ်နေပါသည်။ ဒါကြောင့် ဝန်ထမ်းမြဲမြံနေတာကို တွေ့ရပါသည်။
၄) ဆိုင် (က) သည် ဝန်ထမ်းမမြဲလှ၍ ယေဘုယျထက် ဆိုင်မတည်မငြိမ် ဖြစ်နေသည်ဟု တွေ့မြင်ရနိုင်ပါသည်။
၅) ဆိုင် (ခ) သည် ဝန်ထမ်း အလွန်မြဲမြံလွန်းလှ၍ ဆိုင်အလုပ်ထက် ဝန်ထမ်းပိုနေတာကို တွေ့မြင်ရနိုင်ပါသည်။
မြန်မီနူးအကြံပြု
စားသောက်ဆိုင်လုပ်ငန်းသည် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်။ ဒါကြောင့် ဝန်ထမ်းအပိုင်း အရေးကြီးပါတယ်။ ဒါကြောင့် သင့်ဆိုင်အောင်မြင်ချင်တယ်ဆိုရင် သင့်ဝန်ထမ်းစွမ်းဆောင်ကို ထိထိမိမိ အသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်။
ဝန်ထမ်း မမြဲလွန်းဘူးဆိုရင်လည်း ဆိုင်မတည်ငြိမ်လှပါဘူး။ ဆိုင် အော်ပရေးရှင်း အစစအရာရာ ထိခိုက်ပါတယ်။ ဒါကြောင့် ဝန်ထမ်းမြဲအောင် ကြံဆောင်ရပါမယ်။ ဥပမာ ဝန်ထမ်း ဘောနပ်ပေးခြင်း၊ လစာတိုးခြင်း၊ အလုပ်တာဝန်လျှော့ပေါ့ခြင်းများ စဉ်းစားနိုင်ပါတယ်။
ဝန်ထမ်းမြဲလွန်းတယ်ဆိုရင်လည်း ထို့အတူပါပဲ။ သင့်ဆိုင်တွင် ဝန်ထမ်းများ၏ စွမ်းဆောင်မှုက အမြင့်ဆုံး မရရှိနေဖို့ များနေပါတယ်။
အကယ်လို့ သင့်ဝန်ထမ်းက နှစ်ရာဖိုး တာဝန်ယူနိုင်တယ်။ ဒါပေမယ့် သင်က တစ်ရာဖိုးလောက်ပဲ တာဝန်ပေးထားတယ် ဆိုသလိုမျိုး ဖြစ်နေနိုင်ပါတယ်။
ဒီအခြေအနေက သင့်ဝန်ထမ်းများ သူတို့၏ Performance များကို အပြည့်မထုတ်သုံးနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေနိုင်ပါတယ်။ ဥပမာ ဝန်ထမ်းက Performance မထုတ်သုံးရဘူး၊ တာဝန်နည်းပါးတယ်၊ မိသားစု ဆန်လွန်းတယ်ဆိုရင် သေချာတာက သင့်ဆိုင်မှာ အလွန်မှ ပြိုင်ဆိုင်မှုထက် အေးဆေးတည်ငြိမ်လွန်းလှမှာ ဖြစ်ပါသည်။
ထို့အတူပဲ အလွန်မှ ဝာာဝန်တွေ များပြား၊ အလုပ်တွေ များပြားပြီး Over Duty/ responsibility များ ဖြစ်နေတယ်ဆိုရင်လည်း သင့်ဆိုင်မှာ ဝန်ထမ်းတွေ တစ်ဖြုတ်ဖြုတ် ထွက်ခွာနေကြမှာပါ။
မြန်မီနူးက အသင့်မြတ်ဆုံး ဝန်ထမ်းထွက်ခွာ/ ခန့်ထား ရာခိုင်နှုန်းကတော့ 60% လို့ သတ်မှတ်ပေးလိုက်တာပါ။
ဒါကြောင့် သင့်ဆိုင်၏ ဝန်ထမ်းအတွက် အကောင်းဆုံး အခြေအနေကို တည်ဆောက်ချင်တယ်ဆိုရင် အဆိုပါ Range ကို ထိန်းသိမ်းပြီး အလုပ်လုပ်စီမံပါလို့ အကြံပြုရင် Good Luck ပါ။