မြန်မီနူး ဆိုင်စီမံစနစ်သည် Management ဦးစားပေးစနစ် ဖြစ်သည်နှင့်အညီ ဆိုင်တစ်ဆိုင်၏ လုပ်ငန်းဆောင်တာများကို ဝန်ထမ်းများစွာ ကျရာတာဝန်ယူ၍ လုပ်ကိုင်နိုင်သော စနစ်မျိုး ဖြစ်ပါသည်။ ဆိုလိုတာ စနစ်တစ်ခုထဲက မန်နေဂျာ၊ ငွေကိုင်၊ ဧည့်ခံသူ၊ စားဖိုမှူး စသဖြင့်က အတူတူ ချိတ်ဆက် အသုံးပြုခြင်းမျိုးကို ဆိုလိုပါသည်။
စနစ်သည် အွန်လိုင်းစနစ်ဖြစ်ခြင်း၊ ပြီးတော့ မြန်မီနူးသည် ဆာဗာဘက်အခြမ်းမှ အစစအရာရာ တာဝန်ယူ ဝန်ဆောင်မှုပေးနေမှာ ဖြစ်လို့၊ အသုံးပြုသူ ဆိုင် နှင့် ဝန်ထမ်းများအတွက် သူတို့၏ မိုဘိုင်းဖုန်း၊ တက်ပလက်၊ ကွန်ပျူတာတို့မှ ဖေ့ဘုတ်ကဲ့သို့ အကောင့်၍ အသုံးပြုလိုက်ရုံး ဖြစ်ပါသည်။ ဒါကြောင့် ဆိုင်စီမံမှုကို အစစအရာရာ လွယ်လွယ်ကူကူ စီမံလုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။
💡 လေ့လာနည်းလမ်း
သင့်ဆိုင်အရွယ်အစားကို သတ်မှတ်ပါ။ ပြီးရင် အောက်တွင် အကြံပြုထားသည် ဆိုင်ငယ်၊ ဆိုင်လတ်၊ ဆိုင်ကြီး၊ ဆိုင်အင်ပါယာတို့ကို အရင် ဖတ်ရှုပေးပါ။
ဆိုင်ငယ် (ဝန်ထမ်းနည်းနည်း)
မြန်မီနူး ဆိုင်စီမံစနစ်ကို အနည်းဆုံး ဝန်ထမ်း အရေအတွက် ၁ဦးဖြင့် အသုံးပြုနိုင်ပါသည်။ ဆိုင်ရှင်ရာထူးမှ ဆိုင်နှင့် ပတ်သက်သည်များကို တကြိမ်စီမံ ပြုလုပ်မယ်၊ ပြီးတော့ အစီရင်ခံစာတွေ ကြည့်ရှုမယ်၊ လိုအပ်တာ စီမံမယ် စသဖြင့် ဖြစ်ပါသည်။ ငွေကိုင်ရာထူးမှ အချိန်အတိအကျ၊ အော်ဒါအတိအကျ၊ ငွေအတိအကျဖြင့် ရောင်းချပေးမယ် ဒီလို အလုပ်လုပ်ပုံ ဖြစ်ပါသည်။ ဒါကြောင့် အဆိုပါ လမ်းညွှန်ရာထူး နှစ်ခုကို ကြည့်ရှုရင် လုံလောက်ပါတယ်။
ဆိုင်လတ် (ဝန်ထမ်းသင့်သင့်)
ဒီဆိုင်မျိုးကိုတော့ ဆိုင်ငယ် နှင့် ဆိုင်ကြီး အကြား စဉ်းစားပေးထားပါသည်။ ဒါကြောင့် ဆိုင်ငယ်ရာထူးများအပြင် မန်နေဂျာ၊ ဝိတ်တာ၊ စားဖိုမှူးရာထူးများ စသဖြင့် ထပ်ထည့်စဉ်းစားနိုင်ပါတယ်။ ဒါကြောင့် လမ်းညွှန်တွင် အဆိုပါရာထူးများအတွက်ကိုလည်း ဆက်လက်လေ့လာကြည့်နိုင်ပါတယ်။
ဆိုင်ကြီး (ဝန်ထမ်းများစွာ)
အက်မင်တို့ ဒီအတွက်တော့ အကန့်အသတ်မထားပါဘူး။ ဒါကြောင့် အထက်ပါ ရာထူးများအပြင် စာရင်းကိုင်၊ စာရင်းစစ်၊ မားကက်တင်း စသဖြင့် ရာထူးလမ်းညွှန်များကိုလည်း ကြည့်ရှု လေ့လာစေလိုပါတယ်။
ဖုချိန်း (ဆိုင်ခွဲများစွာ)
ဆိုင်တစ်ဆိုင်ပဲ ဖြစ်ဖြစ်၊ ဆိုင်နှစ်ဆိုင်ပဲ ဖြစ်ဖြစ်၊ အလုပ်လုပ်ပုံ အတူတူပါပဲ။ ဒါကြောင့် အထက်ပါ ဆိုင်ငယ်၊ ဆိုင်လတ်၊ ဆိုင်ကြီး သင့်ဆိုင်ခွဲ အရွယ်အစားနှင့် တူညီတဲ့ ရာထူးလမ်းညွှန်များကို ကြည့်ရှုပေးရပါမယ်။ ပြီးတော့ ဆိုင်ခွဲလမ်းညွှန်များကိုလည်း ဆက်လက် ကြည့်ရှုပေးရမှာ ဖြစ်ပါသည်။
💡 နိဂုံးချုပ်
မြန်မီနူးစနစ်သည် ဆိုင်စီမံစနစ်ဖြစ်ပေမယ့် ဆိုင်ငယ်ဆိုရင် အနည်းဆုံး ဝန်ထမ်း ၁ဦးဖြင့်လည်း အသုံးပြုနိုင်ပါသည် အကယ်လို့ ဆို်ကြီးဆိုရင်လည်း ရာထူးများစွာ ဝန်ထမ်းများစွာ အပေးအယူမျှမျှ အသုံးပြုနိုင်ပါသည်။ အကယ်လို့ ဆိုင်ခွဲများစွာ ရှိတဲ့ ဆိုင်အင်ပါယာ ဖုချိန်မျိုးဆိုရင်လည်း Multi-Restaurant-Mgmt စနစ်တစ်ခုထဲအောက်တွင် ဗဟို (ရုံးချုပ်) စီမံခန့်ခွဲမှုဖြင့် ဆိုင်ခွဲများစွာ၊ ရာထူးများစွာ၊ ဝန်ထမ်းများစွာ အချိတ်အဆက်မိမိ အလုပ်လုပ်ကိုင်နိုင်ပါသည်။
ဒါကြောင့် ဆိုင်ဆိုင် အရွယ်အစားကို သုံးသတ်ပါ။ ပြီးရင် သင့်တော်တဲ့ ရာထူးများကို လွတ်လွတ်လပ်လပ် လေ့လာပါလို့ အကြံပြုပါသည်။