🏆 ကျရှုံးမှုကို အောင်နိုင်မှုအဖြစ် ဘယ်လိုအသွင်ပြောင်းလဲမလဲ (မြန်မီနူးဖြစ်ရပ်မှန်)

အကယ်လို့ သင့်ဆိုင်က ပိတ်နှင့်ပြီး ဖြစ်တယ်ဆိုရင်လည်း မြန်မီနူး အကြံပြုလိုတာက အဲ့ဒါက စားသောက်ဆိုင်လောကရဲ့ (Restaurant Industry) ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုလို့ ပြောလိုပါတယ်။ ဘာကြောင့်လဲဆိုရင် အဲ့ဒီလို ဆိုင်ပိတ်လိုက်ရတာက သင့်ဆိုင်တစ်ဆိုင်ထဲ မဟုတ်ပါဘူး။ သင့်ရှေ့မှာ သင့်နေရာမှာပင် (နေရာငှားဖွင့်လျှင်) ဆိုင်များစွာ/လုပ်ငန်းများစွာ ပိတ်နှင့်ပြီး ဖြစ်နေနိုင်ပါတယ်။ အရေးကြီးတာက How to Recovery and Get Back to Success ဖြစ်ပါတယ်။

စားသောက်ဆိုင် ဆိုင်ဖွင့် အောင်မြင်မှု ရာခိုင်နှုန်းကို သူတို့ ဘလော့များ၊ သုတေသနစာတမ်းများမှာ လေ့လာကြည့်မယ်ဆိုရင် စင်ကာပူ၊ ထိုင်း၊ အနောက်တိုင်း မကွာခြားလှတာကို တွေ့မြင်ရပါတယ်။ အဲ့ဒါကတော့ ဆိုင်ဖွင့်အောင်မြင်မှု ရာခိုင်နှုန်းက 20% မျှသာ ဖြစ်ပါသည်။

20% ဆိုင်ဖွင့်အောင်မြင်မှုဘာလဲ?

⛔ ၁နှစ်ကို ၁ဆိုင် ဆိုင်ပိတ်ရတယ်၊
⛔ ၃နှစ်ဆိုရင် ၃ဆိုင်ပိတ်လိုက်ရတယ်၊
⛔ ၅နှစ်ဆိုရင်တော့ ဆိုင်ဖွင့်နေတဲ့ဆိုင်က ၁ဆိုင်ပဲ ကျန်တော့တာပါ၊

သူတို့ ဆောင်းပါးများမှာတော့ အဲ့ဒီ ၅နှစ်အထိ တောင့်ခံနိုင် ဆိုင်မျိုးကို ရေရှည် ဆိုင်လည်ပတ်နိုင်တဲ့ ဆိုင်အဖြစ် မှတ်ယူတာပါ။ ဒါက အောင်မြင်နေတဲ့ စားသောက်ဆိုင်အဖြစ်တော့ မသတ်မှတ်သေးပါဘူးနော်။

ဟာ.. ဒီလောက် ၅နှစ်ဆိုင်ဖွင့်တာတောင်.. စားသောက်ဆိုင်လုပ်ငန်း တော်တော်ဆိုးတာပဲ ဆိုပြီးတော့လည်း အထင်မမှားစေလိုပါဘူး။ ဘာကြောင့်လဲဆိုရင် တခြားလုပ်ငန်း (Business Industry) များက ပိုပြီးတော့တောင် အောင်မြင်မှုရာခိုင်နှုန်း နည်းပါးသေးတာပါ။ အဲ့ဒီအတွက်တော့ ရှေရှေဝေးဝေး ကြည့်စရာမလိုပါဘူး။ အရင်ဦးဆုံး မြန်မီနူး (IT Industry) ကို ကြည့်နိုင်ပါတယ်။

မြန်မီနူးလုပ်ငန်းကောကျရှုံးဖူးလား?

အကယ်၍ မြန်မီနူးကိုသာ စားသောက်ဆိုင်တစ်ခုအဖြစ် ရှုမြင်ကြည့်မယ်ဆိုရင် အခုမြန်မီနူးက ယခင်ဆိုင်များစွာဖွင့်ခဲ့ပြီးလို အကြိမ်ကြိမ် အရှုံးပြ ဆိုင်ပိတ်ခဲ့ရလို့ အခုမှ ပြန်လည်စတင်လုပ်ကိုင်နေတဲ့ သက်တမ်း ၆နှစ်မျှရှိနေပြီဖြစ်တဲ့ စားသောက်ဆိုင်အသစ်လို့ ရှုမြင်ရမှာပါ။ အခု မြန်မီနူးမတိုင်ခင် ယခင်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းအမျိုးအစားများကို ပြောပြပါဆိုရင်_

⛔ လုပ်ငန်း/ ဝန်ဆောင်မှု ဒိုင်ယာထရီ၊
⛔ အလုပ်ရှာ (freelancer) အွန်လိုင်းပလက်ဖောင်း၊
⛔ ပရိုဖက်ရှင်နယ်ပညာရေးအွန်လိုင်းပလက်ဖောင်း၊
⛔ ဆောက်လုပ်ရေး/ ပရောဂျက်စီမံ မိုဘိုင်းအပ်၊
⛔ ဟိုတယ်/ ခရီးသွား/ ရှောပင်း ဝဘ်ဆိုဒ်စတူဒီယို၊

အက်မင်တို့ အဲ့ဒီ အိုင်တီလုပ်ငန်းများ လုပ်ကိုင်နေတုန်း ကျရှုံးခဲ့ကြတဲ့ adjacent လုပ်ငန်းများကို ပြောပါဆိုရင် ကုန်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင်ဒီနေ့ တွေ့မြင်နေရတဲ့ အိုင်တီလုပ်ငန်းတစ်ခုချင်းတိုင်း၏ နောက်မှာ ကျရှုံးခဲ့တဲ့ အိုင်တီလုပ်ငန်းပေါင်း ရာ/ထောင်/သောင်း ရှိနေတယ်ဟူ၍ပင် မှတ်ယူနိုင်ပါတယ်။

နာမည်ကြီးအဆိုအမိန့်

✅ “Many of life’s failures are people who did not realize how close they were to success when they gave up.” —Thomas Edison
ဘဝကို အရှုံးပေးခဲ့ကြသူတွေ သူတို့လက်မြှောက်လိုက်တဲ့အချိန်က ပန်းတိုင်နဲ့ ဘယ်လောက်တောင်နီးစပ်ခဲ့လည်း မသိခဲ့ကြပါဘူး။

✅ “A person who never made a mistake never tried anything new.” —Albert Einstein
အမှား မကျူးလွန်ဖူးသူသည် သူဘယ်တုန်းကမှ အလုပ်မလုပ်ဖူးသူ ဖြစ်ပါသည်။

✅ “Success consists of going from failure to failure without loss of enthusiasm.” —Winston Churchill
အောင်မြင်မှုလမ်းကြောင်းတစ်ခုတွင် အကြိမ်ကြိမ်ကျရှုံးမှုများ နှင့် အဆိုပါကျရှုံးမှုများကို စိတ်ဝင်စား၊ မငြီးငွေ့ခဲ့ကြမှုများ ပါဝင်နေပါသည်။

အထက်ပါတို့က လျှပ်စစ်တီထွင်သူ အက်ဒီဆင်၊ သိပ္ပံပညာရှင် အိုင်စတိုင်း၊ ဗြိတိန် ဘဏ္ဍာရေးဝန်ကြီး ချာချီ တို့ပဲ ဖြစ်ပါတယ်။ အလွန်ထက်မြက်၊ ထင်ပေါ်ကျော်ကြားသူများဖြစ်ကြပေမယ့် သူတို့လည်းကျရှုံးမှုနှင့်တော့ များစွာမစိမ်းလှတဲ့ သူများဖြစ်တာကို သင့်အခြေအနေနှင့်တူညီစွာ လေ့လာခဲ့ရမှာပါ။

နိဂုံးချုပ်ပြောရရင် 

ဆိုင်ပိတ်လိုက်ရတဲ့အတွက် ဆုံးရှုံးမှုတွေ ရှိခဲ့တယ်၊ အဲ့ဒီအတွက် စိတ်မကောင်းဖြစ်တယ်၊ စိတ်ဓာတ်ကျတယ်၊ ဒါက လူတိုင်း မလွဲမသွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ ကျရှုံးမှုကို အလုပ်ရှုထောင့်၊ အောင်မြင်သူရှုထောင့်၊ စီမံခန့်ခွဲမှုရှုထောင့်က ကြည့်မယ်ဆိုရင်တော့ အဲ့ဒါက မထူးဆန်းလှပါဘူး။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ ဖြစ်ပါတယ်။

ဒါကြောင့် အဲ့ဒီ အခုသင့် ဆိုင်ပိတ်လိုက်ရမှုကို အက်မင်တို့လိုပဲ သင်ခန်းစာယူပါ။ ပြီးရင် သင့်စိတ်ဓာတ်ကျမှုကို အမြန်ဆုံး ဖျောက်ဖျက်ပါ။ ပြီးရင် သင့်နီးစပ်ရာ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနှင့် ပျော်ရွှင်စွာ နေထိုင်ပါ။ သူတို့ကို သင့်အတွေ့အကြုံများနှင့် အကူအညီပြုပေးပါ။

ဒါဆိုရင် သေချာတာက ကူညီသူ ကြိုးစားသူ ပျော်ရွှင်သူ သင့်အတွက် အခွင့်အလမ်းဆိုတာ အချိန်တစ်ခုမှာ ပြန်လည်ရောက်ရှိလာမှာပါ။ အဲ့ဒီအခါကျရင် သင့်ယခင် အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး သင်ဖြစ်ချင်တဲ့ အောင်မြင်တဲ့ လုပ်ငန်းကြီးကို ပြန်လည်ထူထောင်လုပ်ကိုင်ပါလို့ အားပေးအကြံပြုလိုက်ရပါတယ်။

Good Luck ပါ။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?