🏛️ယစ်မျိုးလိုင်စင် ကိုင်ဆောင်ထားသူ လိုက်နာရန်ရမည့် အချက်များ နှင့် ယစ်မျိုးအက်ဥပဒေများ

ယစ်မျိုးလိုင်စင် ကိုင်ဆောင်ထားသူများအနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရပါမည်။

❶ယစ်မျိုးလိုင်စင်ရရှိသူသည် လိုင်စင်အမျိုးအစားအရ ရောင်းချရန်ခွင့်ပြုသည့် အရက်ကို ခွင့်ပြုသည့်နေရာ၌သာ ရောင်းချရန်၊
❷လိုင်စင်ချထားပေးသည့် ဥပစာတွင် လိုင်စင်ခွင့်ပြုအရက်မှတစ်ပါး အခြားအရက်များ ရောင်းချခြင်း မပြုရန်၊
❸သတ်မှတ်ဆိုင်ဖွင့်ချိန်/ ပိတ်ချိန် အတွင်း၌သာ ရောင်းချရန်၊
❹ခွင့်ပြုလိုင်စင်ကို ဆိုင်အတွင်း အများမြင်သာအောင် ဘောင်သွင်းချိတ်ဆွဲထားရန်၊
❺အသက်(၁၆)နှစ်အောက်ရှိသူ ကူးစက်ရောဂါရှိသူတို့အား အရက်ရောင်းချသူအဖြစ်လည်းကောင်း၊ အကူအဖြစ်လည်းကောင်း ခိုင်းစေခြင်းမပြုရန်၊
❻ယူနီဖောင်းဝတ်ထားသော တပ်မတော်သား၊ ရဲအရာရှိ၊ အကောက်ခွန်အရာရှိ၊ တာဝန်ကျမီးရထားဝန်ထမ်း၊ စိတ်မနှံ့သူများ၊ ❼အရက်အလွန်အကျွံမူးနေသူများ၊ အသက်(၁၈)နှစ်အောက် ငယ်ရွယ်သူများကို အရက်ရောင်းချခြင်းမပြုရန်၊
❽အရက်ကိုအဝတ်အစား၊ ပစ္စည်းများနှင့် လဲလှယ်ရောင်းချခြင်း မပြုရန်၊
❾ရယူထားသောလိုင်စင်ကို ခွင့်ပြုမိန့်မရရှိဘဲ အခြားသူတစ်ဦးသို့ လွှဲပြောင်းခြင်းမပြုရန်၊
❿သက်ဆိုင်ရာ တာဝန်ရှိသူက လုပ်ငန်းတာဝန်အရ စစ်ဆေးလျှင် ယစ်မျိုးလိုင်စင်ကိုပြသရန်၊

ယစ်မျိုးအက်ဥပဒေပါ ပြဌာန်းချက်များ

ယစ်မျိုးလိုင်စင်ကိုင်ဆောင်ထားသူသည် အောက်ပါအရက်များအနက် (၂)မျိုးကိုဖြစ်စေ၊ (၂)မျိုးထက်ပို၍ဖြစ်စေ အမိုးတစ်မိုးတည်းအောက်တွင် ရောင်းချခြင်းမပြုရပါ။

❶နိုင်ငံခြားအရက်
❷ပြည်တွင်းဖြစ်ဖိုထွက်အရက်(အရက်ဖြူ)
❸တည်အရက်(ထန်းရည်မှတစ်ပါးအခြားလှော်ဇာရည်၊ခေါင်ရည်)
❹ထန်းရည်/ဓနိရည်

ခြွင်းချက်။ အထက်မြန်မာနိုင်ငံရှိ ခရိုင်များတွင် တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ထန်းရည်ဆိုင်နှင့် ပြည်တွင်းဖြစ်ဖိုထွက် ချက်အရက်ကို ဆိုင်ဥပစာတစ်ခုအတွင်း ရောင်းချခွင့်ပြုနိုင်ပါသည်။

❻အရက်ဆိုင်သည် အရက်သောက်သုံးသူများဝင်/ ထွက်သွားလာနိုင်ခြင်း မပြုနိုင်သောနေရာ၊ အများပြည်သူရှုမြင်ရန် မသင့်လျော်သောနေရာ၊ သောက်သုံးသူတို့က အနီးဖြတ်သန်းသွားလာသူတို့အား အနှောက်အယှက်ဖြစ်စေမည့်နေရာ၊ ဈေး၊ စက်ရုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရား၊ ဝတ်ပြုပူဇော်ရာ အနီးအနားနေရာ စသည့်နေရာများတွင် မဖြစ်စေရပါ။

❼ထန်းရည်ဆိုင်မှအပ တည်အရက်ဆိုင်နှင့် နိုင်ငံခြားအရက်ဆိုင်များသည် တစ်ဆိုင်နှင့်တစ်ဆိုင် ကိုက်(၁၀၀) အတွင်း ခွင့်မပြုရ။

❽လိုင်စင်ရရှိထားသူသည် လိုင်စင်အမျိုးအစားအလိုက် အောက်ဖော်ပြပါအချိန်အတိုင်း ဆိုင်ဖွင့် လှစ်ရပါမည်။

စဉ် လိုင်စင်အမျိုးအစား ဖွင့်ချိန် ပိတ်ချိန်
CFL-1 နေထွက်ချိန် ည(၉)နာရီ
CFL-2 နေထွက်ချိန် ည(၉)နာရီ
CS-1 နေထွက်ချိန် ည(၉)နာရီ
CS-2 နေထွက်ချိန် ည(၉)နာရီ
CS-3 နေထွက်ချိန် ည(၉)နာရီ

ကြိုတင်နားလည်ထားရန် (Disclaimer)

အထက်ပါ အကြောင်းအရာများသည် ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ မြန်မီနူးမှ အထက်ပါ အချက်အလက်များ အပ်ဒိတ်ဖြစ်သည်၊ လက်ရှိကျင့်သုံးနေသည်၊ တိကျမှန်ကန်သည်ကို အာမခံ၍ မရနိုင်သလို၊ အာမခံ၍လည်း မဖြစ်နိုင်ပါ။ အကယ်လို့ သင့်အနေဖြင့် လက်တွေ့အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ မူရင်းပြဌာန်းချက်များကို သွားရောက်လေ့လာပါ။ (သို့) တရားဝင် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပါ။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?