🏛️စားသောက်ဆိုင်လိုင်စင် ခွင့်ပြုခြင်းဆိုင်ရာ နှင့် လုပ်ထုံးလုပ်နည်းများ

မြို့နယ်စည်ပင်သာယာရေးကော်မတီသည်

(က) အပိုဒ်(၁)ပါအတိုင်း အထောက်အထားများပြည့်စုံမှုရှိပါက အောက်ပါအချက်များကို ကွင်းဆင်း စစ်ဆေးရန်အတွက် စစ်ဆေးမည့်ရက်/အချိန်အား အကြောင်းကြားမည်-
  (၁)ပတ်ဝန်းကျင်ကန့်ကွက်မှု ရှိ/မရှိ၊
  (၂)အခြားမြေ/ဥပစာကို ကျူးကျော်ဆောင်ရွက်ခြင်း ရှိ/မရှိ၊
  (၃)ပါဝင်ရမည့် အထောက်အထားပြည့်စုံမှု ရှိ/မရှိ။

(ခ) ကွင်းဆင်းစစ်ဆေးပြီးနောက် လိုအပ်ချက်မှာကြားခြင်းနှင့် လိုအပ်ချက်မရှိပါက စစ်ဆေး တွေ့ရှိချက်နှင့်အတူ စည်းကြပ်သင့်သည့် လိုင်စင်နှုန်းထားအား အဆိုပြုဖော်ပြ၍ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြဆောင်ရွက်မည်ဖြစ်ပါသည်။

(ဂ) ခရိုင်ရုံးက လိုင်စင်နှုန်းထားပေးသွင်းပြီးကြောင်း အထောက်အထား၊ ခွင့်ပြုလိုင်စင် ကတ်ပြားပြန်လည်ရရှိပါက “လိုင်စင်နောက်ကျောပါ စည်းကမ်းချက်များအား လိုက်နာ ရမည်ဖြစ်ကြောင်း” အသိပေး ရှင်းလင်းချက်ဖြင့် လုပ်ငန်းရှင်ထံသို့ အကြောင်းကြား၍ လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။

(ဃ) မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်ချက်သည် အခြားအကြောင်းမရှိလျှင် (၄)ရက်တာ ကာလအတွင်း လုပ်ငန်းပြီးစီးအောင် စိစစ်ဆောင်ရွက်မည်ဖြစ်ပါသည်။
 

ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသည်

(က) မြို့နယ်၏ တင်ပြချက်အပေါ် မြေပြင်ကွင်းဆင်းစစ်ဆေး၍ လိုင်စင်ခွင့်ပြုသင့်ကြောင်း စိစစ်ရရှိပါက လိုင်စင်ကြေးငွေပေးသွင်းရန် (ကျသင့်လိုင်စင်နှုန်းထားကို မြို့နယ်ရုံး၊ စည်ပင်ဘဏ်၊ AYA ဘဏ်၊ KBZ ဘဏ်တို့တွင်) မြို့နယ်မှတစ်ဆင့် လုပ်ငန်းရှင်ထံသို့ အကြောင်းကြားမည်ဖြစ်ပါသည်။      

(ခ) ငွေသွင်းချလံရရှိပါက ခွင့်ပြုသည့် လိုင်စင်ကတ်ပြားနှင့် ခွင့်ပြုမိန့်အား မြို့နယ်သို့ ပြန်လည်ပေးပို့ ဆောင်ရွက်မည်ဖြစ်ပါသည်။

(ဂ) မိမိရုံးသို့ ရောက်ရှိသည့် အချိန်မှ (၄)ရက်တာ ကာလအတွင်း စိစစ်ဆောင်ရွက်ပြီး လိုင်စင်ခွင့်ပြုမည်ဖြစ်ပါသည်။           


ကော်မတီဝင်များအစည်းအဝေး(EC)သည်
(က) အငြင်းပွားမှုဖြစ်ပေါ်သည့် မြို့နယ်/ခရိုင် အဆင့်ဆင့်မှ လိုင်စင်ခွင့်ပြုနိုင်ခြင်းမရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ဌာနသို့ တင်ပြခွင့်ပြုချက် ရယူပါသည်။ 
(ခ) လိုအပ်ပါက ဌာနက ကော်မတီဝင်များအစည်းအဝေး(EC)သို့ တင်ပြဆောင်ရွက်မည်ဖြစ်ပြီး (EC)၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည်။
(ဂ) ဌာန/EC ဆုံးဖြတ်ချက်အရ လိုင်စင်ခွင့်ပြုနိုင်ခြင်းမရှိပါက လုပ်ငန်းရှင်ထံသို့ စာဖြင့် အကြောင်းကြား မည်ဖြစ်ပါသည်။
(ဃ)ဌာနမှူးက ချမှတ်သည့်  အမိန့်နှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက  အကြောင်းကြားစာ လက်ခံ ရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ကော်မတီသို့ တင်ပြနိုင်သည်။
(င) ကော်မတီက ချမှတ်ထားသော အမိန့်သည် အတည်ဖြစ်သည်။

ကြိုတင်နားလည်ထားရန် (Disclaimer)

အထက်ပါ အကြောင်းအရာများသည် ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ မြန်မီနူးမှ အထက်ပါ အချက်အလက်များ အပ်ဒိတ်ဖြစ်သည်၊ လက်ရှိကျင့်သုံးနေသည်၊ တိကျမှန်ကန်သည်ကို အာမခံ၍ မရနိုင်သလို၊ အာမခံ၍လည်း မဖြစ်နိုင်ပါ။ အကယ်လို့ သင့်အနေဖြင့် လက်တွေ့အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ မူရင်းပြဌာန်းချက်များကို သွားရောက်လေ့လာပါ။ (သို့) တရားဝင် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပါ။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?