🏛️ယစ်မျိုးလိုင်စင် သက်ဆိုင်ရာ၏ ခွင့်ပြုခြင်းဆိုင်ရာ နှင့် လုပ်ထုံးလုပ်နည်းများ

၁) မြို့နယ်အုပ်ချုပ်ရေးမှူး (မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)သည် ယစ်မျိုးလိုင်စင် လျှောက်ထားမှုများအပေါ် အမှုတွဲဖွင့်လှစ်၍ လျှောက်ထားသည့်နေရာသည် ယစ်မျိုးအက်ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးကြည့်ရှုခြင်း၊ ကန့်ကွက်လွှာခေါ်ယူခြင်း၊ မြို့နယ်ယစ်မျိုးအကြံပေးအဖွဲ့နှင့် အစည်းအဝေးပြုလုပ်၍ သဘောထားရယူခြင်းများဆောင်ရွက်၍ ရလဒ်အမှုတွဲများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ရပါသည်။

၂) အဆိုပါ ခရိုင်အုပ်ချုပ်ရေးမှူးသည် မြို့နယ်ရုံးများမှပေးပို့လာသော ယစ်မျိုးလိုင်စင်အမှုတွဲများအပေါ် ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စီစစ်မှုများပြုလုပ်ကာ သက်ဆိုင်ရာ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့တင်ပြရပါသည်။

၃) နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် လိုအပ်သောစီစစ်မှုများ ပြုလုပ်ပြီး ခွင့်ပြုသင့်သည့် ယစ်မျိုးလိုင်စင်အရေအတွက်အား သက်ဆိုင်ရာနေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးသို့တင်ပြ သဘောထားရယူကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြရပါသည်။

၄) နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နှစ်စဉ်ယစ်မျိုးအစီအစဉ်များ ရေးဆွဲတင်ပြလာမှုအပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ စီစစ်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးသို့ တင်ပြသဘောထားရယူပြီး ခွင့်ပြုချထားသင့်သည့် ယစ်မျိုးလိုင်စင်အရေအတွက်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တင်ပြရပါသည်။

၅) ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ အကြောင်းကြားကာ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများက ယစ်မျိုးလိုင်စင် ခွင့်ပြုထုတ်ပေးပါသည်။

၆) ယစ်မျိုးလိုင်စင်များ ခွင့်ပြုချက်ချထားရာတွင် ယစ်မျိုးမူဝါဒနှင့် ယစ်မျိုးအခြေခံမူတို့အရ ယစ်မျိုးလိုင်စင် အရေအတွက်ကို ကန့်သတ်ထားပြီး ယစ်မျိုးလိုင်စင်များ တစ်နှစ်ထက်တစ်နှစ် လျှော့ချခွင့်ပြုနေပါသဖြင့် ယခင်ဘဏ္ဍာရေးနှစ် ခွင့်ပြုခဲ့သည့်လိုင်စင်အရေအတွက်ထက် ကျော်လွန်ခွင့်ပြုနိုင်ခြင်း မရှိပါ။

ကြိုတင်နားလည်ထားရန် (Disclaimer)

အထက်ပါ အကြောင်းအရာများသည် ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ မြန်မီနူးမှ အထက်ပါ အချက်အလက်များ အပ်ဒိတ်ဖြစ်သည်၊ လက်ရှိကျင့်သုံးနေသည်၊ တိကျမှန်ကန်သည်ကို အာမခံ၍ မရနိုင်သလို၊ အာမခံ၍လည်း မဖြစ်နိုင်ပါ။ အကယ်လို့ သင့်အနေဖြင့် လက်တွေ့အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ မူရင်းပြဌာန်းချက်များကို သွားရောက်လေ့လာပါ။ (သို့) တရားဝင် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပါ။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?