အကျင့်ပျက်ချစားမှု ဘာတွေလဲ ဘယ်နှစ်မျိုး ရှိသလဲ?

အကျင့်ပျက်ချစားမှု corruption ဆိုတာကြီးကို စားသောက်ဆိုင်လုပ်ငန်းမျိုးအတွက်မှ ရန်သူ မဟုတ်ပါဘူး။ ဘယ်ဆိုင်၊ ဘယ်လုပ်ငန်းမျိုးမဆို ပျက်စီးသွားနိုင်ပါတယ်။ ဒါတင်မကပါဘူး။ မေဒိကန်၊ တရုတ်လို နိုင်ငံမျိုးကိုလည်း အချိန်တိုးအတွင်းမှာပင် ချွတ်ခြုံကျ ပျက်စီးသွားနိုင်တဲ့ အရာ ဖြစ်ပါတယ်။

ဒါကြောင့် သင့်ဆိုင်လုပ်ငန်းအောင်မြင်ချင်တယ်ဆိုရင် အရင်ဦးဆုံး အကျင့်ပျက်ချစားမှု ဆိုတာကြီးကို အရင်ဦးဆုံး နားလည်နိုင်ရပါမယ်။ ဒါကြောင့် အက်မင်တို့ ဒီမှာ corruption များကို အမျိုးအစားများ၊ နမူနာများနှင့်တကွ ရှင်းလင်းစွာ ပြောပြပေးပါမယ်။ ဒါကြောင့် Relax and Sit Back ပါနော်။

နားလည်ရန်။  ။ အကျင့်ပျက် ချစားမှု လုံးဝ မကင်းပါဘူး။ ဒါပေမယ့် အနည်းဆုံး လုပ်ငန်းက အကောင်းဆုံး အခွင့်အလမ်း ရရှိမှာပါ။ ဒါကြောင့် အတတ်နိုင်ဆုံး နည်းအောင် လုပ်ရပါမယ်။

တံစိုးလက်ဆောင်ယူ၍ ခွင့်ပြုခြင်း၊
နမူနာရှင်းပြချက် − သင့်တော်သည့်ကုန်ပို့သူထက် တံစိုးလက်ဆောင်ပေးသော ကုန်ပို့သူကို ရွေးချယ်ခြင်းမျိုး ဖြစ်ပါသည်။ Bribery to pass လို့ ခေါ်နိုင်ပါသည်။

လုပ်ပိုင်ခွင့်ဖြင့် ငွေကြေးပြန်လည်ရယူခြင်း၊
နမူနာရှင်းပြချက် − ကုန်ပို့သူကို သူ၏ လုပ်ပိုင်ခွင့် အခွင့်အာဏာပြ၍ အဆိုပါ ကုန်ပို့သူထံမှ ငွေကြေး/လက်ဆောင် ပြန်လည်ရယူနိုင်အောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။ financial kickback ဖြစ်ပါသည်။

ရင်းနှီးသူကို ရာထူး/အလုပ်ခန့်ခြင်း၊
နမူနာရှင်းပြချက် −  အရည်အချင်းရှိသူ/ သင့်တော်သူထက် ရင်းနှီးသူ၊ ဆွေမျိုးသားချင်း ကို အလုပ်ခန့်ခြင်း ဖြစ်ပါသည်။ အလုပ်ခန့်ခြင်းအပြင် ရာထူးနေရာပေးချင်မျိုးအထိ အကျုံးဝင်ပါသည်။ ထိုက်တန်သူထက် သူ့လူကိုယ့်ဘက်ပါ သဘောမျိုး ဖြစ်ပါသည်။ ဆိုင်ကို ရေရှည်တွင် ညံ့သွားစေပါသည်။ ဒါကို Nepotism ကြီးစိုးတယ်လို့လည်း ခေါ်နိုင်ပါသည်။

ဆိုင်အရင်းအမြစ်များ တလွဲအသုံးပြုခြင်း၊
နမူနာရှင်းပြချက် −  ဆိုင်အကျိုးထက် ကိုယ်ကျိုးနွယ်၍ ဆိုင်လက်သီးဖြင့် နံရံထိုးခြင်းမျိုး ဖြစ်ပါသည်။ Abuse of Resources လို့လည်း ခေါ်ဆိုနိုင်ပါသည်။

အကြောင်းပြချက်မျိုးမျိုးဖြင့် ငွေကြေးထုတ်ယူခြင်း၊
နမူနာရှင်းပြချက် − မရှိသော အကြောင်းအရာ၊ (သို့) မလိုအပ်သော အကြောင်းအရာတို့အတွက် ဆိုင်ဘက်ဂျက် အသုံးပြုခြင်းမျိုး ဖြစ်ပါသည်။ Ghost workers on payroll လို့ မှတ်ယူနိုင်ပါသည်။

စီမံခန့်ခွဲမှု ကြီးစိုးချယ်လှယ်ခြင်း၊
နမူနာရှင်းပြချက် − တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံမှုကြောင့် ထိုက်တန်သော ရာထူးလစာထက်၊ ဆိုင်တွင် "ငါမရှိမဖြစ်ဘူး" အင်အားဖွဲ့ အရေးပါမှုကို တည်ဆောက်ပြီး စီမံခန့်ခွဲမှုကို ကြီးစိုးချယ်လှယ်ခြင်းမျိုး ဖြစ်ပါသည်။ Manipulation of Management လို့ ခေါ်ဆိုနိုင်ပါသည်။

စည်းကမ်းများကို ချိုးဖောက်စေခြင်း၊
နမူနာရှင်းပြချက် − ဆိုင်တွင် ချမှတ်ထားသော၊ (သို့) လိုက်နာသင့်သော လူ့ကျင့်ဝတ်များကို ချို့ဖောက်ခြင်း၊ (သို့) တပါးသူများကို ချို့ဖောက်စေခြင်း၊ (နှင့်/သို့) အဆိုပါ regulation များကို လျှော့ရဲအောင် ပြုလုပ်ခြင်းမျိုး ဖြစ်ပါသည်။ ဒါကို Evade of Regulation ဖြစ်ပါသည်။ ဒီ အကျင့်ပျက်မှုတွင် အဆင့်နှစ်ဆင့် ပါဝင်ပါသည်။ ပထမအဆင့်တွင် ဝှက်ဖဲ၊ နိုင်ကွက်၊ သူ့လူကိုယ်ဖက်ပါ ဖြစ်စေပါသည်။ ဒုတိယအဆင့်တွင် ကြီးစိုးချယ်လှယ်မှု Manipulation ကို ရစေပါသည်။

ကြားပေါက်ရှာဖွေခြင်း၊
နမူနာရှင်းပြချက် − ဆိုင်လုပ်ငန်းအတွင်း ကြားပေါက်ရှာဖွေခြင်းကလည်း အမျိုးမျိုး ဖြစ်နိုင်ပါသည်။ အရောင်းအပိုင်း၊ ဈေးဝယ်အပိုင်းကနေ၊ ဝန်ထမ်းအပိုင်း အမျိုးမျိုး ရှိနိုင်ပါသည်။ လုပ်ငန်းခွင်အတွင်း Exploitation of self-interest ဖြစ်ပါသည်။

ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊
နမူနာရှင်းပြချက် − လုပ်ပိုင်ခွင့် အခွင့်အာဏာအားဖြင့် ဝန်ထမ်း/ ငယ်သားအပေါ် ဖိနှိပ်ခြင်းဖြင့် သူ့လူကိုယ့်ဖက်ပါ ပြုလုပ်ခြင်းမျိုး ဖြစ်ပါသည်။ Suppression or intimidation of subordinate ဖြစ်ပါသည်။ ပထမအဆင့် နှင့် ဒုတိယအဆင့် ရှိနိုင်ပါသည်။ သွယ်ဝိုက်သော အကျင့်ပျက်ချစားမှုမျိုးပင် ဖြစ်ပါသည်။

စာရင်းအင်းလိမ်ညာခြင်း၊
နမူနာရှင်းပြချက် − ငွေကြေးပိုင်းအရ စာရင်းအင်း ဖျောက်ခြင်း၊ ပြင်ခြင်း၊ မမှန်မကန် လုပ်ဆောင်ခြင်းမျိုး ဖြစ်နိုင်ပါသည်။ Accounting fraud ဖြစ်ပါသည်။

ငွေကြေးလိမ်ညာတောင်းခံခြင်း၊
နမူနာရှင်းပြချက် − ဒါကတော့ စီမံခန့်ခွဲမှုရာထူးများတွင်ထက် ဧည့်သည်ထံမှ ငွေကြေးလက်ခံသူ ငွေကိုင်၊ ဝိတ်တာဧည့်ခံသူများ (Front-line) များတွင် အဖြစ်များနိုင်ပါသည်။ Receipt Fraud လို့ ဆိုနိုင်ပါသည်။

နိဂုံးချုပ်ရသော်

အက်မင်တို့ အကျင့်ပျက်မှု လုံးဝကင်းရှင်းအောင် လက်တွေ့မှာ မစွမ်းဆောင်နိုင်ပါဘူး။ ဒါက သင့်ဆိုင်မှာ အကျင့်ပျက်မှုတွေကို ခွင့်ပြုရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အဲ့ဒီအစား အက်မင်တို့ လုပ်နိုင်တာကတော့ အဲ့ဒီ အကျင့်ပျက်ချစားမှုများကို အနည်းဆုံး ဖြစ်အောင် စွမ်းဆောင်ရမှာ ဖြစ်ပါတယ်။ စွမ်းဆောင်နိုင်ရမှာ ဖြစ်ပါတယ်။

သို့မှသာ သင့်ဆိုင်လုပ်ငန်းကြီးကို အကျင့်ပျက်မှု "သစ်တုံးစားပိုး ချ" ကို ကာကွယ်နိုင်မယ်၊ တားဆီးနိုင်မယ်၊ တမမျှတအောင် နေထိုင်နိုင်မှာ ဖြစ်ပြီး အောင်မြင်တဲ့ ဆိုင်လုပ်ငန်းတစ်ခုကို ထူထောင်စေနိုင်မှာ ဖြစ်ပါသည်။

Good Luck ပါ။

ဒီပို့စ်မှာ အသုံးဝင်တာ တွေ့ခဲ့ပါသလား?