လိုင်စင်သက်တမ်းတိုးလျှောက်ထားခြင်း
✅စားသောက်ဆိုင်လိုင်စင် (သက်တမ်းတိုး) (သို့) အစားအသောက်လိုင်စင် လျှောက်ထားလိုပါက “ကျန်းမာရေးနှင့်ညီညွတ်စွာ ထုတ်လုပ်ချက်ပြုတ်သော အစားအသောက်များကို ရောင်းချမည် ဖြစ်ပါကြောင်း ကိုယ်တိုင်ရေးခံဝန်ချက်”နှင့်အတူ www.ycdc.gov.mm ဝဘ်ဆိုဒ်ရှိ Online လျှောက်လွှာဖောင်တွင် အောက်ပါအထောက်အထားများ ပူးတွဲ၍ သက်ဆိုင်ရာမြို့နယ်စည်ပင် သာယာရေးကော်မတီသို့ လျှောက်ထားရပါမည်
❶နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ၊ နိုင်ငံခြားသားဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့်ကုမ္ပဏီ အထောက်အထား၊
❷လိုအပ်ပါက အနီးစပ်ဆုံးပတ်ဝန်းကျင်အနည်းဆုံး(၁၀)ဦး ထောက်ခံချက်(မြေပြင်အခြေအနေအရ လိုအပ်ပါက (၁၀)ဦးအထက် ပိုမိုရယူရမည်)
❸အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား။
မြို့တော်စည်ပင်သာယာရေးကော်မတီသည်
✅အထောက်အထားများ ပြည့်စုံမှုရှိပါက အောက်ပါအချက်များကို ကွင်းဆင်းစစ်ဆေးရန်အတွက် စစ်ဆေးမည့်ရက်/အချိန်အား အကြောင်းကြားမည်။
❶ပတ်ဝန်းကျင်ကန့်ကွက်မှု ရှိ/မရှိ၊
❷အခြားမြေ/ဥပစာကို ကျူးကျော်ဆောင်ရွက်ခြင်း ရှိ/မရှိ၊
❸ပါဝင်ရမည့် အထောက်အထားပြည့်စုံမှု ရှိ/မရှိ။
✅ကွင်းဆင်းစစ်ဆေးပြီးနောက် လိုအပ်ချက်မှာကြားခြင်းနှင့် လိုအပ်ချက်မရှိပါက လိုင်စင်ကြေးငွေပေးသွင်းရန် (ကျသင့်လိုင်စင်နှုန်းထားကို မြို့နယ်ရုံး၊ စည်ပင်ဘဏ်၊ AYA ဘဏ်၊ KBZ ဘဏ်တို့တွင်)လုပ်ငန်းရှင်ထံသို့ အကြောင်းကြားမည်ဖြစ်ပါသည်။
✅လိုင်စင်နှုန်းထားပေးသွင်းပြီးကြောင်း အထောက်အထားရရှိပါက “လိုင်စင်နောက်ကျောပါ စည်းကမ်းချက်များအား လိုက်နာရမည်ဖြစ်ကြောင်း” အသိပေး ရှင်းလင်းချက်ဖြင့် လုပ်ငန်းရှင်ထံသို့ အကြောင်းကြား၍ လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။
📅မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်ချက်သည် အခြားအကြောင်းမရှိလျှင် (၃)ရက်တာ ကာလအတွင်း လုပ်ငန်းပြီးစီးအောင် စိစစ်ဆောင်ရွက်မည်ဖြစ်ပါသည်။
အွန်လိုင်းလျှောက်ထားရန် လိုင်စင်သက်တမ်းတိုး လျှောက်ထားခြင်း
ကြိုတင်နားလည်ထားရန် (Disclaimer)
အထက်ပါ အကြောင်းအရာများသည် ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ မြန်မီနူးမှ အထက်ပါ အချက်အလက်များ အပ်ဒိတ်ဖြစ်သည်၊ လက်ရှိကျင့်သုံးနေသည်၊ တိကျမှန်ကန်သည်ကို အာမခံ၍ မရနိုင်သလို၊ အာမခံ၍လည်း မဖြစ်နိုင်ပါ။ အကယ်လို့ သင့်အနေဖြင့် လက်တွေ့အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ မူရင်းပြဌာန်းချက်များကို သွားရောက်လေ့လာပါ။ (သို့) တရားဝင် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပါ။